Weclome to Our Mandalay.
စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းကြပါစို့
- Details
- Category: ဆောင်းပါး
- Published on Sunday, 11 March 2012 07:15
- Written by မန္တလာသား
- Hits: 157
International LOOK Magazine မှာ ပါရှိသွားတဲ့ ဆောင်းပါးလေးပါ။ အခု နွေဝင်တော့မယ်။ သစ်ပင်လေးတွေအတွက် ဘာတွေ လုပ်နေကြလဲဗျာ . . . စိတ်ပူနေမိပါတယ်။
စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းကြပါစို့
ကိုထိပ်(မန္တလေး)
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်မှာ မိုးတွေရွာနေတုံး ထုံးတောင်-အရှင်ဓမ္မပီယ(မြောင်)ရဲ့သစ်ပင်တောတန်းဘုရား ချီးမွမ်း၏ ဆိုတဲ့ဓမ္မစာစဉ်လေးကို တတိယ အကြိမ်မြောက် ဖတ်ရှုရင်း အတွေးစတွေက စဉ်ဆက်မပြတ် တွေးတောနေမိပါတော့တယ်။
ဆရာတော်က ဘုရားရှင် ပြဋ္ဌာန်းထားတဲ့ ဘူတဂါမ ပါတဗျ သိက္ခာပုဒ် အကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။ ကြီးပွားဆဲ၊ ကြီးပွားပြီးသော သစ်ပင် အ ပေါင်းကို ဖျက်ဆီးခြင်းကြောင့် သင့်ရောက်တဲ့ ပါစိတ်အာပတ်ဖြစ်ကြောင်းကို ရှင်းလင်းပြသထားပါတယ်။
ရဟန်းတော်များအနေနဲ့ ရှင်သန်ကြီးထွားနေတဲ့သစ်ပင်သာမက သစ်ပင်ရဲ့ အမြစ်၊ အဆစ်၊ အညွန့်၊ မျိုးစေ့စတဲ့ ဗီဇဂါမ်ကို ဖျက်ဆီးရင်တောင်မှ အာပတ်သင့် စေမှာဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ကြိုတင်တားဆီးခဲ့တဲ့ အတုမဲ့ ဥာဏ်တော်ကို တွေးတောကြည်ညိုရင်း အတွေးတစ်စက ထွက်ပေါ်လာပါ တယ်။
Gitameti Music Center (Mandalay)
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Sunday, 11 March 2012 07:45
- Written by မြနှင်းပွင့်
- Hits: 108
မြန်မာနိုင်ငံအနေဖြင့် အနုပညာယဉ်ကျေးမှုတိုးတက်ထွန်းကားခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးတက်ထွန်းကားခြင်းဖြစ်ပါသည်။ သို့သော် အနုပညာရှင်များသည်ကား မိမိတို့ ပျော်ရွှင်ရာဒေသတွင် နေထိုင်ကြလျက်ရှိရာ ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ပိုမိုတွေ့ရှိရမည်ဖြစ်သည်။
ရန်ကုန်မြို့သည် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ခဲ့ပြီး အနုပညာဆိုင်ရာ ထုတ်ဝေ၊ဖြန့်ချိမှုများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေသဖြင့် အချို့ အနုပညာရှင်များက ရန်ကုန်မြို့ကို အခြေပြုကာ နေထိုင်ကြသည်။ သို့သော် အနုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည်ဆိုပါက မြန်မာ တို့၏ နောက်ဆုံးနန်းမြို့တော်ဖြစ်သော မန္တလေးမြို့သည် အနုပညာယဉ်ကျေးမှုမြို့တော်အဖြစ် ရပ်တည် လျက်ရှိသည်။
ဒီဇိုင်နာမျိုးမင်းစိုး
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Sunday, 11 March 2012 07:38
- Written by မြနှင်းပွင့်
- Hits: 134
ဒီဇိုင်နာမျိုးမင်းစိုး
မြနှင်းပွင့်
ဝါလကင်းလွတ်သီတင်းကျွတ်ပါပြီ။ သီတင်းကျွတ်ပြီ၊ ၀ါကျွတ်ပြီဆိုသည်နှင့် မင်္ဂလာပွဲကျင်းပကြမည့် မင်္ဂလာမောင်မယ်များက တန်းစီလျက်ရှိသည်။ မင်္ဂလာပွဲကို မည်သည့်ပုံစံနှင့်ကျင်းပသည်ဖြစ်ဖြစ် မင်္ဂလာသတို့သမီးကတော့ မင်္ဂလာပွဲအတွင်း အလှဆုံးဖြစ်ချင်ကြသည်။ မိမိကျင်းပသည့်အခမ်းအနားကို အလှဆုံးအကောင်းဆုံးဖြစ်ချင်ကြသည်။ မင်္ဂလာပွဲတစ်ခုလုံးကို မည်သို့ပင် အလှဆင်စေကာမှု အဓိကမှာ မင်္ဂလာမောင်မယ်တို့ပင်ဖြစ်သည်။
မင်္ဂလာဧည့်ခံပွဲအတွင်း တက်ရောက်လာကြသည့် မင်္ဂလာပရိသတ်များအကြား အလှချင်းပြိုင်ကာ ပေါ်လွင်ထင်ရှား လှပနေစေဖို့ အဓိက ပံ့ပိုးမှုမှာ မင်္ဂလာဝတ်စုံပင်ဖြစ်သည်။ မင်္ဂလာဝတ်စုံများကို ၀တ်ဆင်ကြရာတွင်လည်း မြန်မာဝတ်စုံ၊ ထိုင်မသိမ်း၊ နိုင်ငံတကာ ဂါဝန်များမှအစ အမျိုးမျိုးဝတ်ဆင်လာကြသည်။ မင်္ဂလာပွဲဝတ်စုံများအား ကိုယ်ပိုင်ချုပ်လုပ်ဝယ်ယူနိုင်သကဲ့သို့ ငှားရမ်းကာလည်း အလှဆင်နိုင်သည်။
သစ္စာနွယ် မင်္ဂလာခန်းမ
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Sunday, 11 March 2012 07:36
- Written by မြနှင်းပွင့်
- Hits: 109
သစ္စာနွယ် မင်္ဂလာခန်းမ
မြနှင်းပွင့်
မန္တလေးမြို့တော်စည်ပင်ဖွံ့ဖြိုးလာသည်နှင့်အမျှ မြို့ကွက်ကို တိုးချဲ့တည်ဆောက်လာရာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ခန့်မှကာ မန္တလေးမြို့သစ်ကို တည်ထောင်လာခဲ့ကြသည်။ ၁၉၈၃ခုနှစ်ခန့်မှ စတင်ကာ မြို့သစ် အဖြစ် မန္တလေးမြို့ တောင်ဘက်တွင် တိုးချဲ့တည်ဆောင်လာရာ ယခုအခါ တိုးတက်စည်ပင်ဖွံ့ဖြိုးလျက်ရှိပြီ ဖြစ်သည်။ လူနေမှုစည်ကားလာသည်နှင့်အမျှ လိုအပ်သည့်အဆောက်အအုံများသည်လည်း တိုးတက်ဖွံ့ဖြိုး လာလျက်ရှိသည်။
မန္တလေးမြို့သစ်တွင် မြို့သစ်စတင်ကတည်းက ပြောင်းရွှေ့နေထိုင်လာကြသော ဦးသန်းမြင့်+ဒေါ်သင်းသင်းနွယ်တို့က မြို့သစ်ရဲ့ လိုအပ်ချက်တစ်ခုကို စတင်ဖြည့်ဆည်းလိုက်ပြီဖြစ်သည်။ မန္တလေးမြို့သစ်တွင် ပထမဆုံးသော အအေးခန်းမင်္ဂလာခန်းမကို ဇွန်လ ၂၂ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ၀ါဝင်ခါနီး မင်္ဂလာဆောင်ကြသော မင်္ဂလာမောင်မယ်များနှင့် ၀ါကျွတ်ကာလတွင် ဆင်နွှဲမည့် မင်္ဂလာမောင်မယ်များအတွက် ကြိုတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
သြဂုတ်လဖွားများအတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်း
- Details
- Category: ရတနာ ဆောင်းပါးများ
- Published on Sunday, 11 March 2012 07:20
- Written by မန္တလာသား
- Hits: 111
သြဂုတ်လဖွားများအတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်း
ထိပ်တင်အောင်
International LOOK Magazine August Issue တွင် ဖော်ပြပါရှိတဲ့ ထိပ်တင်အောင် ရေးသားသည့် လအလိုက်အဆောင်ရတနာများအကြောင်းဖြစ်တဲ့ သြဂုတ်လဖွားများအတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်း ဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။
မန္တလာသား
တစ်လပြီးတစ်လ အချိန်တွေက ရွေ့လျားပြောင်းလဲလို့ နေပါပြီ။ မိုးရာသီကို နှုတ်ဆက်မယ့် သြဂုတ်လသို့ ရောက်ရှိလာပြီလေ။ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူတွေက နက္ခတ်ရာသီစက်ဝန်းရဲ့ ၅ ခုမြောက် သိဟ်ရာသီ ဖွားတွေပါ။ မြန်မာလိုလကတော့ ၀ါခေါင်လပေါ့။
သြဂုတ်လဖွားတွေက ယောင်္ကျားဆန်တဲ့ စရိုက်ရှိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သိဟ်ရာသီရဲ့ ကောင်းကင်နက္ခတ် ကြယ်တာရာက ခြင်္သေ့ပုံဖြစ်နေလို့ပါ။ ပုံစံက ရဲရင့်ပြတ်သားကြပေမယ့် နှလုံးသားက အချစ်ကြီးကြတာကတော့ သြဂုတ်လဖွားများပါ။ အချစ်ကို အရှုံးပေးပြီး ချစ်တတ်ကြသူတွေပါ။ အချစ်ကို အရှုံးပေးချစ်တတ်ကြတာကြောင့် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်နေတတ်ကြပါတယ်။
ဇူလိုင်ဖွား ပတ္တမြားရတနာ
- Details
- Category: ရတနာ ဆောင်းပါးများ
- Published on Sunday, 11 March 2012 07:19
- Written by မန္တလာသား
- Hits: 65
ဇူလိုင်ဖွား ပတ္တမြားရတနာ
ထိပ်တင်အောင်
International LOOK Magazine July Issue တွင် ဖော်ပြပါရှိတဲ့ ထိပ်တင်အောင် ရေးသားသည့် လအလိုက်အဆောင်ရတနာများအကြောင်းဖြစ်တဲ့ ဇူလိုင်ဖွား ပတ္တမြားရတနာဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။
မန္တလာသား
မိုးရေတို့နဲ့ အေးမြတဲ့ ဇူလိုင်လထဲမှာပဲ မွေးဖွားခဲ့တာမို့ မိုးရာသီကို ချစ်မိပါတယ်။ ဇူလိုင်လဖွားဆိုတော့ ကရကဋ်ရာသီ ဖွားတွေလို့ ပြောရမှာပေါ့ ဇွန်လ ၂၂ ရက် ကနေ ဇူလိုင် ၂၂ရက်အတွင်း မွေးဖွားလာသူတွေကို ကရကဋ်ရာသီဖွားလို့ ခေါ်ကြ တယ်လေ။ မြန်မာလ ၀ါဆိုလမှာ မွေးကြတဲ့သူတွေလို့လည်း ပြောလို့ရကြတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဇူလိုင်လဖွားများကတော့ ဂီတအနုပညာကို ချစ်မြတ်နိုးသူတွေ ဖြစ်နေတတ်ကြပါတယ်။ နောက် အချစ်ကြီးသူတွေပါ။ အလွန်ချစ်တတ်သလောက် အချစ်ကံမကောင်းတတ်ကြ တာ ဇူလိုင်ဖွားများအတွက် စိတ်မကောင်းစရာပါပဲ။ ဇူလိုင်လဖွားများအတွက် ကံကောင်းစေတတ်တဲ့ ရတနာအ ဆောင်တစ်ခု ရှိပါတယ်။ ရတနာအဖြစ် ၀တ်ဆင်ထားလို့ရသလို အဆောင်အဖြစ်လည်း ဆောင်ထားလို့ အဆင်ပြေစေပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး နှစ်သက်တတ်ကြတဲ့ ရတနာပါ။ မြန်မာတို့အတွက်တော့ ဂုဏ်ယူဖွယ် ရတနာလည်းဖြစ်ပါတယ်။ ပြည်တန်ပတ္တမြားရယ်လို့ တန်ဖိုးထား သတ်မှတ်ရတဲ့ ပတ္တမြားရတနာက ဇူလိုင်လဖွားတွေရဲ့ အဆောင်ရတနာပါ။



