Weclome to Our Mandalay.
ဒုတိယအကြိမ် ဘားကမ့်(မန္တလေး)
- Details
- Category: မန္တလေးသတင်း
- Published on Friday, 27 January 2012 05:35
- Written by မန္တလာသား
- Hits: 50
ဒုတိယအကြိမ်မြောက်အဖြစ် မန္တလေးမှာ ကျင်းပမယ့် ဘားကမ့်(မန္တလေး)ကို ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့များမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
လုပ်မယ့်နေရာကတော့ ရွှေဖြူပလာဇာ၊ ၃၂လမ်းx၃၃လမ်း၊ ၇၇လမ်းx၇၈လမ်းကြားမှာပါ။
အချိန်ကတော့ နံနက် ၈နာရီလောက်ကနေစပြီး ညနေဘက်ထိပေါ့ . . .
ကြိုဆိုပါသည်
- Details
- Category: အခြားသတင်းများ
- Published on Friday, 13 January 2012 09:01
- Written by မန္တလာသား
- Hits: 70
၁၂-၁-၂၀၁၂ ညနေပိုင်းကစပြီး အင်တာနက်ထဲမှာ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကတော့ နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြောင့်ပါပဲ။
၁၃-၁-၂၀၁၁ မှာတော့ နံနက် ၁၀နာရီဝန်းကျင်ကနေ စပြီး မြန်မာနိုင်ငံအသီးသီးမှာရှိတဲ့ အကျဉ်းထောင်များကနေပြီး လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အကျဉ်းသားများ လွတ်မြောက်လာတာ တွေ့ရပါတယ်။
အားလုံးမျှော်လင့်သူတွေလည်းပါသလို မမျှော်လင့်သူတွေလည်း ပါလာပါတယ်။
အချို့ကတော့ လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ အပြစ်ဒဏ်အကြွေးပါနေတာကို မကြိုက်ကြသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ လွတ်မြောက်လာသူများကို ကြိုဆိုပြီး ဒီလိုလွတ်မြောက်ခွင့်ပြုသူများကိုလည်း ကျေးဇူးတင်မိပါတယ်။
နှစ်သစ်ဆုတောင်း
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 31 December 2011 23:59
- Written by မန္တလာသား
- Hits: 119
၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ကာ ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ပါပြီ။
၂၀၁၁ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် အပြောင်းအလဲများစွာကို သယ်ဆောင်လာတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။
အပြောင်းအလဲတွေဖြစ်တာနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ကြဖို့ကတော့ လိုအပ်နေတာ ၂၀၁၂ နှစ်သစ်ပဲဖြစ်ပါတယ်။
အကောင်းတွေရော ၊ အဆိုးတွေပါ ကြုံတွေ့ရတဲ့ လောကရဲ့ တရားထဲမှာ အကောင်းကိုသာ လိုချင်ကြတာ သဘာဝပါ။
ဒါပေမဲ့ အကောင်းရော အဆိုးရော ဖြစ်သမျှ အပြောင်းအလဲကြားမှာ သမမျှတစွာ နေထိုင်နိုင်ဖို့ကတော့ လိုအပ်လှပါတယ်။
ထူးထူးခြားခြား မန္တလေးက နှစ်သစ်ကိတ်မုန့်ကြီး
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 31 December 2011 10:48
- Written by မန္တလာသား
- Hits: 120
မန္တလေးမှာ၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကိတ်မုန့်ကြီးနဲ့ ထူးထူးခြားခြားကြိုဆိုမယ်လို့ သိရပါတယ်။
မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၆လမ်းx ၂၇လမ်းကြားမှာ Cake World ကိတ်မုန့်ဆိုင်က ကိတ်မုန့်ကြီး ပြုလုပ်ကာ နှစ်သစ်ကို ကြိုဆိုသွားမှာပါ။ ကိတ်မုန့်ကြီးကို လာသမျှ လူကို ကျွေးဦးမှာပါ။ ကိတ်မုန့်ကြီး အနည်းဆုံး ၈ပေခန့်ရှိနိုင်မယ်လို့ ဆိုပါတယ်။
မန္တလေးဓာတ်ပုံအသင်း ငွေရတုအကြို ဓာတ်ပုံပြပွဲ
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 17 December 2011 16:03
- Written by မန္တလာသား
- Hits: 141
မန္တလေးဓာတ်ပုံအသင်း ရဲ့ ၂၅နှစ်ပြည့် ငွေရတုအကြို ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ ၁၇ရက်မှ ဒီဇင်ဘာ ၁၉ရက်နေ့အထိ ၃ရက်တိုင်တိုင် မန္တလေး ၇၈လမ်း၊ ၃၄လမ်းထောင့်ရှိ ရတနာပုံဈေး ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပလျက်ရှိပါတယ်။
၃၅လမ်း၊ ၄၂ လမ်းခုံးကျော် စည်းကမ်းသစ်ထုတ်ပြန်
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 17 December 2011 15:47
- Written by မန္တလာသား
- Hits: 122
မန္တလေးမြို့ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းအား အဓိက ဆက်သွယ်ထားသည့် ၃၅လမ်းရန်ကြီးအောင် ခုံးကျော်တံတားနှင့် ၄၂လမ်း ချမ်းမြမာလာ ခုံးကျော်တံတားတွေကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့က စတင်ပြီး ဆိုင်ကယ်နှင့် စက်ဘီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတင်းစာများမှာ ထည့်သွင်းကြော်ငြာထားပါတယ်။




