မန္တလေးတက္ကသိုလ်နောက်ခံရေးဖွဲ့ထားတဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် လုံးချင်းဝတ္တု စာအုပ် ထွက်ရှိပါပြီ။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့ ၇၈ လမ်း ၃၇ နှင့် ၃၈ လမ်းကြားရှိ Hotel Mandalay မှာ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပါတယ်။
မန္တလေးတက္ကသိုလ် နှစ်ကာလများ ကိုလွမ်းမောရင်း ဖန်တီးထားတာဖြစ်ပြီး မတူညီတဲ့ဘ၀နှစ်ခု၊ မတူညီတဲ့ဘ၀နှစ်နေရာမှာ ရပ်တည်နေကြ တဲ့ချစ်သူ (သို့မဟုတ်) သူငယ်ချင်းနှစ်ဦးရဲ့ပုံရိပ်တွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။
အာစရိယပူဇော်ပွဲ အတွက် သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ရာက ဝေဒနာဟောင်းများ ပြန်လည် နိုးကြားလာရသလို သူငယ်ချင်းဖြစ်သူ ကိုအောင်နိုင်သူက သူ့ဘ၀ သူ့ဇာတ်လမ်းတွေရဲ့ ရင်ဖွင့်သံက ၀တ္တုဖန်တီးဖို့ ဖြစ်လာရတယ်လို့ စာရေးသူကပြောပါတယ်။
မန္တလေးတက္ကသိုလ်နယ်မြေမှာရှိတဲ့ အဆောက်အအုံတွေ၊ စာသင်ဆောင်တွေ၊ သစ်ပင်တွေ၊ လမ်းတွေကို ကြည့်ရှုခံစားသလို သူငယ်ချင်းတွေရဲ့ ပြန်ပြောင်းအောက် မေ့ဖွယ်သတင်းစကားတွေကလည်း ၀တ္တုအတွက် အကျိုးရှိစေခဲ့တယ်လို့ဆိုပါသေးတယ်။
ဝတ္တုမှာ မြန်မာ စာပေအငွေ့အသက်များပါဝင်သလို မဟာဂီတအကြောင်းအရာအချို့ကိုလည်း လေ့လာနိုင်မှာဖြစ်ပါ တယ်။










