ပြည်သူချစ်သော သတင်းစာနှင့်စာရေးဆရာမကြီး အမေလူထုဒေါ်အမာ၏ ၉၄နှစ်ပြည့်မွေးနေ့ အလှူအဖြစ် နိုဝင်ဘာ ၂၉ရက် နံနက် ၉နာရီက စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မွေးနေ့အလှူပွဲကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တို့က စာရေးဆရာများ၊ ကဗျာဆရာများ၊ စာပေမိတ်ဆွေများနှင့် အမေလူထုဒေါ်အမာရဲ့ ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။
ဟံသာဂီရိကျောင်းတိုက်ဆရာတော် ဘန္ဒန္တနန္ဒ၀ံသထံသို့ ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် ၀တ္ထူငွေ သုံးသိန်းကို လူထု မိသားစုဝင်များက ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ကျောင်းတိုက်အတွင်းရှိ သံဃာတော် ၁၂၅ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့တယ်လို့ သိရပါတယ်။
တက်ရောက်လာတဲ့ စာပေမိတ်ဆွေများကိုလည်း နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါတယ်။
အမေကွယ်လွန်ခဲ့ပေမယ့် အမေ့မိသားစုများ၊ အမေ့ချစ်သူများက မွေးနေ့ပွဲကို ဆက်လက် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အမေ့မွေးနေ့ပွဲ တက်ပြီးနောက် ကွယ်သွားတဲ့ ဆရာဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်အဖြစ် ကျင်းပခြင်း ရှိ၊ မရှိမသိရပေမယ့် ဆရာ့ မိသားစုဝင်များကရဲ့ လွမ်းဆွတ်သတိရမှုကိုတော့ သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။
ပြုသမျှ ကုသိုလ်အဖို့ အား ရရှိကြပါစေ . . အမျှ . . အမျှ . . အမျှ . .
သာဓု . . သာဓု . . သာဓု










