First Ever Mandalay 2009 MoterBike Show ကို Mandalay Hill Resort Hotel တွင် ဒီဇင်ဘာ ၂၉ရက် ညနေ ၃နာရီမှ ည ၉နာရီအထိ ပြသသွားမည်ဟု သိရသည်။
ဆိုင်ကယ်ပြပွဲတွင် သိန်း၂၀၀မှ သိန်း ၆၀၀အထိ တန်ဖိုးရှိ Harley Davison (Made in USA) ကဏ္ဍ၊ BSA (Made in England) ကဏ္ဍ၊ အင်ဂျင်ပါဝါ ၄၀၀စီစီ အထက် ဂျပန်ဆိုင်ကယ်များကဏ္ဍ၊ ၁၂၅ စီစီမှ ၂၅၀စီစီအတွင်း ဆိုင်ကယ်များကဏ္ဍနှင့် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ခေတ်စားလာသော အော်တိုဂီယာ၊ အော်တိုဝှီးကဏ္ဍ ဟူ၍ ကဏ္ဍ ၅ခုခွဲကာ ပြကွက်များဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ခေတ်အလိုက်အသုံးပြုခဲ့သည့် ဆိုက်တွဲဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များကိုပါ Harley Davison နှင့် BSA ဆိုင်ကယ်ပြကွက်များတွင် ထည့်သွင်းပြသသွားမည်ဖြစ်သည်။
ပြပွဲနှင့်အတူ ကဏ္ဍအလိုက် ပြိုင်ပွဲကိုပါထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ကဏ္ဍတိုင်းအတွက် ပထမ၊ ဒုတိယနှင့်တတိယဆုများချီးမြှင့်သွားမည်ဖြစ်သည်။ ဆုတံဆိပ်များနှင့်ဆုများချီးမြှင့်ရေးနှင့် အဓိက ကူညီပံ့ပိုးမှုအား Nivea က ကူညီပံ့ပိုးပေးထားသည်။
ထူးခြားချက်မှာ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များအား ပြပွဲတွင် မပြသခြင်းနှင့်ပြပွဲအား ကြည့်ရှုလိုသူများအနေဖြင့် ကြိုတင်စာရင်းပေး ဖိတ်စာထုတ်ယူရခြင်းတို့ဖြစ်သည်။ လာရောက်ကြည့်ရှုလိုသူဆိုင်ကယ်ချစ်သူများအနေဖြင့် အမည်၊ မှတ်ပုံတင်အမှတ်တို့နှင့် ၇၈လမ်းနှင့်၃၃လမ်းထောင့်ရှိ O Store တွင် ဖိတ်စာများ ကြိုတင်ထုတ်ယူရမည်ဖြစ်သည်။ ဖိတ်စာထုတ်ယူခြင်းနှင့် ပြပွဲ၊ပြိုင်ပွဲအကြောင်း အသေးစိတ်သိလိုပါက ကိုအောင်အောင်(၀၉-၅၁၆၁၃၂၃)၊ ကိုဖက်တီး(၀၉-၂၀၀၀၂၂၂)၊ ဒီဂျေရန်နိုင်(၀၉-၂၀၁၄၇၇၄)တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။










