MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home မန္တလေးသတင်းများ ပြာသိုလပြည့်အမေနေ့ (မန္တလေး) ကျင်းပမည်

ပြာသိုလပြည့်အမေနေ့ (မန္တလေး) ကျင်းပမည်

E-mail Print PDF

(၁၄)ကြိမ်မြောက် အမေနေ့ အခမ်းအနားကို ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၃၀ရက် (ပြာသိုလပြည့်နေ့)တွင် မန္တလေးမြို့ ၃၁လမ်း၊ ၈၅လမ်းနှင့်၈၆လမ်းကြားရှိ မဟာစကျသီဟဘုရား၊ ဝေဇယန္တာမဟာဗန္ဓုလဓမ္မာရုံကြီးတွင် ကျင်းပသွားမည်ဖြစ်သည်။

အမေနေ့အခမ်းအနားနှင့်အတူ ဆရာကြီး ဦးသုခ ရာပြည့်အထိမ်းအမှတ်ပွဲကိုပါကျင်းပသွားမည်ဖြစ်သည်။

 

အမေနေ့အကြို မိဘခြေရာခံယူပွဲကို ဒီဇင်ဘာ ၁၅ရက်နေ့မှ ၂၉ရက်နေ့အထိ နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ဝေဇယန္တာမဟာဗန္ဓုလ ဓမ္မာရုံကြီးတွင် အမေနေ့ကျင်းပရေးအဖွဲ့ဝင်များက ကုသိုလ်ဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

မိဘခြေရာခံယူလိုသူများသည် မိဘများနှင့်အတူ လာရောက်ခံယူနိုင်ကြပြီဖြစ်သည်။

ပြာသိုလပြည့်အမေနေ့တွင် နံနက် ၉နာရီ၌ ရွှေကျင်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်၊သံဃာတော် ၁၁ ပါးတို့အား ဆွမ်းကပ်လှူကာ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ ခေါ်ဆိုကာ အမျှပေးဝေကြမည်ဖြစ်သည်။

မွန်းလွဲ ၁နာရီတွင် မဟာစကျသီဟ ဝေဇယန္တာမဟာဗန္ဓုလ ဓမ္မာရုံကြီးတွင် အမေနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆရာကြီး ဦးသုခ ရာပြည့်အထိမ်းအမှတ် ဓာတ်ပုံပြခန်းကို ပြသထားမည်ဖြစ်သည်။

ဂီတစာဆို ဒါရိုက်တာ ဘိုကလေးတင့်အောင်၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ချစ်သန်းမြင့်၊ ဒါရိုက်တာ စာရေးဆရာ မောင်နေမျိုး၊ စွယ်စုံအနုပညာရှင် ဦးသုမောင်၊ အကယ်ဒမီ ဒေါ်ချိုပြုံးတို့ အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်နှင့် ဆရာကြီးဦးသုခပုံရိပ်လွှာများကို ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။

 

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305845

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge