မနက်ဖြန် ကဆုန်လဆန်း ၁၄ ရက် အဖိတ်နေ့ ညနေမှာ ရွှေကြက်ယက်ဘုရားမှာ ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်ပြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။
ရွှေကြက်ယက်မှာရှိတဲ့ ရွာတွေက အခမ်းအနားနဲ့ လှည့်လည်ပြီး ညောင်ရေသွန်းပွဲတော်ကို ကျင်းပကြတာပါ။
နှစ်စဉ်မပျက်ကျင်းပခဲ့ကြတာဖြစ်ပြီး အင်မတန်စည်ကားလှပါတယ်။
ဓာတ်ပုံရိုက်လိုသူများ၊ လေ့လာလိုသူများအတွက် သွားရောက်လေ့လာ မှတ်တမ်းတင်ဖို့ သင့်ပါကြောင်း ..
နှစ်စဉ် ညနေ ၂နာရီ ၃နာရီခန့်မှာ စတင်တတ်ပါကြောင်း သတင်းပေးလိုက်ရပါတယ်။










