၇၇လမ်း၊ ၃၂လမ်းထောင့် တစ်ခန်းကျော် ရှိ Kanebo မှာ ၆-၅-၂၀၁၀ ရက် ညနေ ၂နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဝါယာရှော့ဖြစ်တယ်လို့ ပြောကြပါတယ်။ မီးစတင်လောင်တဲ့အချိန်မှာ မီးသတ်ဆေးဗူးမရှိလို့ အခြားအခန်းက ယူသုံးရတယ်လို့ သိရပါတယ်။
ငြိမ်းကပေမယ့် မရတော့ မီးသတ်ကို ဖုန်းဆက်လို့ ရောက်လာတယ်လို ပြောပြန်ပါတယ်။
မီးသတ်ရောက်လာတော့ မီးခိုးတွေပိတ်နေပြီး ၀င်ရခက်နေပါတယ်။
ရေပိုက်နဲ့လည်း ငြိမ်းမရတော့ တော်တော် ငြိမ်းလိုက်ရပါတယ်။
အပေါ်ထပ်က မီးလောင်လွယ်တဲ့ ဓာတ်ဆီ တွေကို အောက်ကိုချပြီး အပေါ်ကိုလည်း မီးသတ်တွေ တက်ငြိမ်းကြပါတယ်။
အောက်က မီးခိုးတွေကို မီးခိုးစုပ်စက်နဲ့ စုပ်ထုတ်ရပါတယ်။
ဒါမှ ငြိမ်းလို့နိုင်သွားပါတယ်။
ဆိုင်တိုင်းမှာ မီးသတ်ဆေးဗူးရှိသင့်တာ မရှိတာကတော့ တော်တော်ဆိုးသွားပါတယ်။
ဘာပဲဖြစ်ဖြစ် ပထမဆုံး ကိုယ်တိုင် ငြိမ်းသတ်နိုင်ဖို့ ဆိုင်တိုင်း(စီးပွားရေးလုပ်ငန်းတိုင်း) ဖြစ်နိုင်ရင် အိမ်တိုင်းမှာ မီးငြိမ်းသတ်ရေးပစ္စည်းများထားရှိဖို့ လိုအပ်လျက်ရှိကြောင်း . ..

မီးလောင်မှုဖြစ်ပွားတဲ့နေရာ

မီးခိုးပိတ်နေလို့ ၀င်ရခက်နေတာပါ
မီးခိုးထုတ်စက် အသုံးပြုပြီး ရှင်းရပါတယ်။










