သူ့အသက်ကို တွက်မယ်ဆိုရင် ဒီလိုလေး တွက်ရအောင် . . .
Amazing Maths Calculation
(1) ပထမဦးဆုံး (0-9) ကြိုက်ရာ ဂဏန်း ၁လုံးရွေးပါ။
(ဥပမာ - တပတ်ကို ဘယ်နှစ်ခါ အပြင်ထွက်လည်ချင်တာတို့ပေါ့)
(2) ဂဏန်း ၁လုံး ရလာပြီဆိုရင် ၄င်း ဂဏန်းကို 2 နဲ့မြှောက်ပါ။
(3) ပြီးရင် 5 ပေါင်း။
(4) ပြီးရင် 50 နဲ့ထပ်မြှောက်လိုက်ပါ။
(5) တကယ်လို့ ဒီနှစ်မှာ သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် ခုနက ရထားတဲ့ ဂဏန်းကို 1759 နဲ့ပေါင်းပါ။ သင့်ရဲ့မွေးနေ့က ဒီနှစ်မှာ မကျော်သေးဘူးဆိုရင်တော့ 1758 နဲ့ပေါင်းပါ။
(6) နောက်ဆုံး တချက်အနေနဲ့ ကိုယ့်ရဲ့ မွေးသက္ကရာဇ်ခုနှစ် (ဥပမာ - 1982 ,1987 စသဖြင့်ပေါ့) ကို ရလာတဲ့ ဂဏန်းထဲကနေ နှုတ်လိုက်ပါ။
(7) အခု သင့်မှာ ဂဏန်း ၃လုံး ကျန်ခဲ့နေပါတယ်။
(8) ရှေ့ဆုံး ဂဏန်း ၁လုံးကတော့ သင် အစမှာ ကြိုက်ရာရွေးခဲ့တဲ့ ဂဏန်းပါပဲ။ နောက်ဆုံး ကိန်းဂဏန်း ၂လုံးကတော့ သင့်ရဲ့ အသက်ပါပဲ။
မှန်တယ်ဟုတ်..........ဒါလေးကတော
နောက်နှစ်တွေကျရင် အဆင့် (5) မှာ ဖော်ပြထားတာကို ပြောင်းပေးဖို့လိုမယ်နော်။
For Year 2010
သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် (1760) နဲ့ပေါင်းပါ။ မကျော်သေးဘူးဆိုရင်တော့ (1759) နဲ့ပေါင်းပါ။
For Year 2011
သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် (1761) နဲ့ပေါင်းပါ။ မကျော်သေးဘူးဆိုရင်တော့ (1760) နဲ့ပေါင်းပါ။
တစ်နှစ်တိုးလာတိုင်း ( ) နေရာလေးမှာ တစ် ဂဏန်း တိုးတိုးပြီး ပေါင်းသွားလိုက်ရုံပါပဲ။
သူများ အသက်ကို သိချင်တယ်ဆိုရင်တော့ အထက်ပါ အဆင့်တွေကို သူများကို လုပ်ခိုင်းပေါ့ ။ အဆင့် (၇) မှာ ကျန်တဲ့ ဂဏန်း ၃ လုံးကို မေးလိုက်ပေါ့။










