MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

ခြားနားချက်များ

E-mail Print PDF
၁။ ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ ။ ။ ကလေးကိုဘယ်နှစ်ယောက်ယူလိုက်မလဲလို့စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။ စိတ်ကူးတဲ့အတိုင်းကလေးမယူဖြစ်ခဲ့ရင် အကောင်းသားလို့ တွေး၏။

၎။ ချစ်သူဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ချစ်သူအားပေးလို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏။

၅။ ချစ်သူဘ၀ ။ ။ မွန်နေသော်လည်း ကိစမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွန်၏။

၆။ ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။

၇။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀။ ။ ကဗျာရေးသူ ငစနူ။

၈။ ချစ်သူဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀။ ။ သူငိုလျှင် tv အစီအစဉ်တွေ ကောင်းပြီ။

၉။ ချစ်သူဘ၀ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။

၁၀။ ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်းချိတ်ပြီး၊ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းခြင်းချိတ်ပြီး၊ သွားလေ့ရှိ၏။

၁၁။ ချစ်သူဘ၀ ။ ။ အစားစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀။ ။ အစားစားလျှင် ဇွန်းကိုင်လိုက်မှာကြောက်၏။

၁၂။ ချစ်သူဘ၀ ။ ။ အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀။ ။ ကက်ဆက်အကြောင်းသာ ပြော၏။

၁၃။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွှတ်မြောက်ရာအကြောင်းသာတွေး၏။

၁၄။ ချစ်သူဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည် အတွက် ရင်ထုမနာဖြစ်၏။
 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 68
Content : 436
Web Links : 28
Content View Hits : 223224

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ အချိန်အတွင်း မန္တလေးမြို့တွင် အခြေစိုက်ထုတ်ဝေလျက်ရှိသော ဂျာနယ်များအား အင်တာနက်တွင် ဖတ်ရှုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးအခြေစိုက်ဂျာနယ်များအား မန္တလေးနေ့စဉ်သတင်းစာ နည်းတူ အင်တာနက်တွင် ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။



Create Your Badge