MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ဟာသလေးများ
ဟာသလေးများ
တွေ့သမျှ ဖတ်ဖူးသမျှ ဟာသများကို စုစည်းဖော်ပြပေးပါ့မယ်

သက်သေနဲ့တကွ

E-mail Print PDF

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

Read more...
 

ဟာသလေးများ

E-mail Print PDF

လယ်သမားနဲ့ ဂြိုလ်သား

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို “ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။

Read more...
 

အမောပြေ ဟာသလေးများ

E-mail Print PDF
ပြေးစရာလိုလို.လား

အားကစားကွင်းထဲမှာ သူငယ်ချင်း ၂ယောက် ဆုံတုန်းလေး စကား ပြောနေကြတယ် ။
ဘဲဥ ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
သူငယ်ချင်း ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
ဘဲဥ ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့ကောင်တွေက ဘာလို. လိုက်ပြေးနေသေးလဲလို.ပါ ။
Read more...
 

ဘ၀ အမောပြေ ၃

E-mail Print PDF


ရှေ.နေကြီး
အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။်  ကိုယ်စားလှယ် တစ်ဦးကို
ရှေ.နေကြီး ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
" လူကြီးမင်းဟာ ...ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။"

ရှေ.နေကြီးက ပြန်ပြောသည်။
"ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး
မနက်ဖြန် တဘက်ခါ သေတော့မယ်ဆိုတာ ခင်ဗျားသိသလား"
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။

" ကျနော် တောင်းပန်ပါတယ်။ ကျနော် ...ဒါတွေကို ဘာမှ မသိပါဘူး"
ရှေ.နေကြီး ဆက်ပြောသည်။
"စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက
မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။"

" ကျနော် အထူးတောင်း...တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး"
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။

" ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ
ကြွေးတွေ ပတ်လည် ၀ိုင်းပြီး ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် "

" ဘုရား...ဘုရား သနားစရာပါလား ခင်ဗျာ "

ရှေ.နေကြီး စကားကို အဆုံးသတ်သည်။

Read more...
 

ဘ၀ အမောပြေ ၂

E-mail Print PDF

ယူနီဖောင်းချုပ်ကောင်းတဲ့ အပ်ချုပ်ဆရာ

အမေရိကန် တပ်မတော်မှ ဗိုလ်လောင်းတစ်ဦးဖြစ်သူ ဘိလ်ဘလပ်စ်သည် အချုပ်အလုပ်ဝါသနာပါသော
စစ်ဗိုလ်တစ်ယောက်ဖြစ်၍ တပ်မတော်ယူနီဖောင်းများကို စမတ်ကျကျ ပုံစံကျကျ ချုပ်လုပ်တတ်သူဖြစ်သည်။
သူသည် တပ်မတော်ထဲသို့ မ၀င်မီကပင် ယူနီဖောင်းများချုပ်ရာ၌ နာမည်ကြီး၍ ဗိုလ်လောင်းများ၊
ယူနီဖောင်းများ ချုပ်ရာ၌ သူ့ဆိုင်တွင် အပ်လေ့ရှိကြသည်။

သူသည် တပ်မတော်နှင့်လည်း နိးစပ်သူတစ်ဦးဖြစ်ရာ စစ်မှုထမ်းလိုသဖြင့် လျှောက်လွှာတင်လိုက်ရာ
ချက်ချင်းဆိုသလိုပင် ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။

သို့ဖြင့် သူ့အတွကပ် ဗိုလ်လောင်းယနီဖောင်း ကို သူကိုယ်တိုင် စမတ်ကျကျ
အကောင်းဆုံးဖြစ်အောင် ချုပ်လုပ်၍ ၀တ်ဆင်၍ ရုံးတက်ခဲ့သည်။

သို့သော် တစ်ပတ်ခန့်ကြာသောအခါ သူကိုယ်တိုင် ချုပ်လုပ်သည့် ယူနီဖောင်းမှာ
ပုံစံမကျဟုဆိုကာ မြို့ထဲမှ နာမည်ကြီး BROOK BROTHERS အပ်ချုပ်ဆိုင်သို့
အပြေးအလွှားသွားကာပြန်၍ အချုပ်ခိုင်းခဲ့ရသဖြင့် ဗိုလ်လောင်းများအားလုံး
တ၀ုန်းဝုန်းဖြင့် ပွဲကျမဆုံးအောင် ဖြစ်ခဲ့၇၏။

Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  Next 
  •  End 
  • »


Page 1 of 8

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305887

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်နှင့်နည်းပညာဌာနက ဘာသာစကား ၃၆မျိုး ပြောင်းလဲ အသုံးပြုလို့ရတဲ့ offical website တစ်ခုကို မကြာမီ တရားဝင် လွှင့်တင်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အင်တာနက်ဝက်ဆိုဒ်တစ်ခု ဖြစ်ဖို့ ကြိုးစားထားတယ်လို့ ကြားသိရပါတယ်။ မန္တလေးမြို့အကြောင်း သိချင်သမျှ အားလုံး သိဖို့ http://www.goldencity.asia မှာ ကြည့်ရှုလေ့လာနိုင်ပါကြောင်း . . .


Create Your Badge