လယ်သမားနဲ့ ဂြိုလ်သား
တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..
လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို “ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။
သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်”
ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး ” ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့ သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး လစ်တော့တာပဲ”
သူဌေးနဲ့နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
“ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
“အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။
လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများက လှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက် စိုးရိမ်လာသည်။
လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ် မောနေနိုင်သည့်အ ပြင် အခြားသူများကိုလည်း မစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။
“မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´
သူကပြောသည်။
“ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာ ကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´
တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့် ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။
အရာရှိကြီးကခြေမြန်တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်
အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။
သို့သော်.. အထောက်တော်ကမူ
အရေးကြီးကိစ္စဖြင့်အလျင်အမြန်သွားရမည့်ခရီးလမ်း တွင် မြင်းကိုမစီးဘဲ
လမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။
“ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´
မြင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက်ကသူ့ကိုမေးသည်။
“ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´
အထောက်တော်က သူ့အတွေးဖြင့် သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။
စစ်အရာရှိကြီးသည် စစ်သားမှားနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။
စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။
မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။
စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။ မည့်သူကိုမှမမြင်ရချေ။
သို့နှင့်ကြားအောင်အော်ပြောသည်။
“ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
“ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင် ခေါင်းတစ်လုံး ပြူထွက်လာသည်။
ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက `လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်း ချီးကျူးကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။
စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက် ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
“ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ
စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။
မီးကိုပြန်ဖွင့်လိုက်သည်….
ငွေဖလားကြီးမရှိတော့။










