MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ဟာသလေးများ
ဟာသလေးများ
တွေ့သမျှ ဖတ်ဖူးသမျှ ဟာသများကို စုစည်းဖော်ပြပေးပါ့မယ်

ဟာသလေးများ

E-mail Print PDF
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ  အမှန်အတိုင်းဤသို့ရေးလိုက်သည်။
 "ယနေ့ကက်ပတိန် အရက်မမူးပါ။"

+ + + + +

  လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။    ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။   ။ အအိပ်လျှော့ ငါ့တပည့်။
Last Updated on Sunday, 30 November 2008 21:39 Read more...
 

၉ လ စောင့်ရမယ်

E-mail Print PDF


အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော. မိသားစု
အတွက် နေ.စဉ်နေ.တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌
ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ
ဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။

မိန်းမအား မနာလိုမူတို. အားကြီးလာ သောအခါ တစ်ည ညအိပ်ရာဝင်ချိန်တွင်
ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။

"အဖ ဘုရားသခင်….. ကျွန်တော်သည် နေ.စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင်
ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘ၀မှာ မမျှတပါ… သို.
ဖြစ်ပါ၍ မိန်းမတို.၏ အေးဆေးသက်သာရှိသောဘ၀ ကို မြင်စွမ်းနိုင်ခွင်.ငှာ
မနက်ဖြန် မနက်မှစ၍ ကျွန်တော်နှင်. ကျွန်တော်.မိန်းမတို.ဘဝ
တခဏဖြစ်ခွင်.ရပါစေသား အရှင်ဘုရား…." ဟုဘုရားသခင်ထံ
တိုင်တည်ဆုတောင်းလိုက်သည်။
Last Updated on Monday, 24 November 2008 17:27 Read more...
 

ဒီဆရာ ဒီတပည့်

E-mail Print PDF
ဆရာ - မောင်ပု မင်း ရဲ. "ကျွန်တော်.ရဲ. ခွေး" ဆိုတဲ. essay က
မင်းအစ်ကိုရေးတာ နဲ. တထပ်ထဲပါလားကွ။ မင်းကူးချ တာလား။မှန်မှန်ပြောစမ်း။
မောင်ပု - ကူးမချပါဘူး ဆရာ၊ ဒါပေ.မယ်. ခွေးက အဲ.ခွေးပဲလေ။


ဆရာ - မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု - ၁၀ ပါ ဆရာ။
ဆရာ - မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု - ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။

Read more...
 

ပေါက်တတ်ကရ မှတ်သားဖွယ်

E-mail Print PDF


မိန်းမတွေသာ မရှိရင် ကမ္ဘာပေါ်မှာ ငွေဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ 
 
အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။ 
 
အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊ 
အဲဒါ...ပလပ်စတစ်ပဲ..။ 
 
လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ...၊ 
လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။ 
 

Read more...
 


Page 8 of 8

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 504
Web Links : 28
Content View Hits : 325630

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge