MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို
ကုသိုလ်ဒါန ပြုမယ်ဆို

၁၀ ကြိမ်မြောက် စိတ္တသုခ တို့ အောင်မြင်စွာ လှူဒါန်း

E-mail Print PDF

ခြောက်လတစ်ကြိမ် ပုံမှန် လှူဒါန်းလျက်ရှိသည့် စိတ္တသုခ ပရဟိတ လူငယ်များအနေဖြင့် ၂၁-၆-၂၀၁၀ ရက်က မန္တလေး ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာအုပ်စု ရေတော်ကျေးရွာ မူလတန်းကျောင်းနှင့် ရေကြည်ကျေးရွာအုပ်စု ရွှေကျင်ရေ မူလတန်းကျောင်းများသို့ တောင်ပေါ် ခရီးနှင်ကာ သွားရောက်ကာ ငွေကျပ် ၃၅သိန်းကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပြီဖြစ်သည်။

 

Last Updated on Tuesday, 22 June 2010 17:06 Read more...
 

၁၀ကြိမ်မြောက် စိတ္တသုခ တို့ လှူမည်

E-mail Print PDF
စိတ္တသုခ ပရဟိတ လူငယ်များအနေနဲ့ ၁၀-ကြိမ် မြောက် ခြောက်လတစ်ကြိမ် ပုံမှန်အလှူ အဖြစ် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု ရေတော်ရွာက မူလတန်းကျောင်းနဲ့ ပုသိမ်ကြီးမြို့နယ် ရေကြည်အုပ်စု ရွှေကျင်ရေ မူလတန်းကျောင်းတို့က ကျောင်းသူကျောင်းသားများကို စာရေး ကိရိယာနဲ့ ပုံနှိပ်စာအုပ်များလှူဒါန်းကြမှာ ဖြစ်ပါတယ်။

ရေတော်ကျေးရွာမူလတန်းကျောင်းမှာ ကျောင်းသူကျောင်းသား ၉၀ နီးပါး၊ ရွှေကျင်ရေမူလတန်းကျောင်းမှာ ကျောင်းသူကျောင်းသား ၆၀ နီးပါး ပညာသင်ကြားနေကြပါတယ်။
Last Updated on Monday, 24 May 2010 19:10 Read more...
 

စိတ္တသုခ ပရဟိတလူငယ် များရဲ့အလှူအစီအစဉ်အကြမ်း

E-mail Print PDF

ဒသမ အကြိမ်မြောက် ပုံမှန်အလှူအဖြစ် ပညာရေးအလှူတစ်ခု လှူဒါန်းဖို့၉-၅-၂၀၁၀ က စိတ္တသုခလူငယ်များစည်းဝေးခဲ့ကြပါတယ်။

အလှူကို ပုသိမ်ကြီးမြို့နယ် မြခနောက်တောင်ပေါ်ရှိ ကျေးရွာ စာသင်ကျောင်းမှာ ပြုလုပ်မှာပါ။

စာသင်ကျောင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ခန့်ကို ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

၈-၅-၂၀၁၀ ရက်က စိတ္တသုခ လူငယ်များအချို့ တောင်ပေါ်တက်ပြီး ကျောင်းအခြေအနေကြည့်ရာမှာ ကျောင်းကိုရောက်ဖို့ တောင်ခြေကနေ ၂နာရီလောက် လမ်းလျှောက်ရတယ်လို့ သိရပါတယ်။

 ကျောင်းကိုရောက်တော့ ကျောင်းဆောင် ဆောက်ဖို့ ပြင်ထားတာ တွေ့လို့ ကျောင်းဆောက်ဖို့ပါ လှူဒါန်းဖို့ ပြင်ဆင်နေကြပါတယ်။

အတိအကျ သတင်းအချက်အလက်များကတော့ ဆက်လက် တင် ပြသွားပါမယ်။

ပါဝင်လှူဒါန်းလိုသူများ ပြင်ဆင်လို့ရအောင် အကြိုတင်ပြခြင်းဖြစ်ပါတယ်။

ယခု ပညာသင်နှစ်အမီ ကျောင်းဆောင် ဆောက်နိုင်အောင် စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Read more...
 

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ကျန်းမာရေး အလှူ အောင်မြင်

E-mail Print PDF

စိတ္တသုခ ပရဟိတ လူငယ်များ၏ခြောက်လတစ်ကြိမ် ပုံမှန်လှူဒါန်းမှုအစီအစဉ်အရ (၉)ကြိမ်မြောက် ပုံမှန်လှူဒါန်းမှုအဖြစ် ကျန်းမာရေးဆိုင်ရာလှူဒါန်းမှုများကို ဇန်န၀ါရီ ၄ရက် (လွတ်လပ်ရေးနေ့)က သွားရောက်လှူဒါန်းကြသည်။

Last Updated on Wednesday, 06 January 2010 15:09 Read more...
 

စိတ္တသုခပရဟိတလူငယ် န၀မအကြိမ် ပုံမှန်အလှူ လှူဒါန်းမည်

E-mail Print PDF
၂၀၁၀ ဇန်န၀ါရီ ၄ ရက်နေ့မှာ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ န၀မအကြိမ်မြောက် ပုံမှန်အလှူအဖြစ်
AIDS ဝေဒနာရှင်များအား မနက်စာထမင်းကျွေးကာ လက်ဆောင်ပစ္စည်းများပေးသွားမည်ဖြစ်ပါတယ်။
 
မွန်းလွဲပိုင်းတွင် မန္တလေးမြို့ပေါ်ရှိ အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းများကို အလှူငွေ လိုက်လံပေးအပ်လှူဒါန်းဖို့ စီစဉ်လျက်ရှိပါတယ်။
ဗြဟ္မစိုရ် ၊ နိဗ္ဗာန်သုခ ၊ ချမ်းမြသုခ ၊ ကံတက်ကုန်း အစရှိသော ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ငါးခန်းအား အလှူငွေ ကျပ်တစ်သိန်းစီ လှူဒါန်းနိုင်ရန် မျှော်မှန်းထားပါတယ်။
 
လှူဒါန်းမှုအတွက် လစဉ်ကြေးထည့်ဝင်ကြသူများထံမှ လစဉ်ကြေးများ၊ သီးသန့်ထပ်မံလှူဒါန်းသူများရဲ့ အလှူငွေများ စုပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
 
ရရှိလာတဲ့ အလှူငွေပမာဏပေါ်မူတည်ပြီး အလှူကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  Next 
  •  End 
  • »


Page 1 of 5

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305865

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge