MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို ကုသိုလ်သတင်း မျှဝေခြင်း ဦးဇင်း ဦးကောဝိဒ ဆေးရုံက ဆင်းပြီ

ဦးဇင်း ဦးကောဝိဒ ဆေးရုံက ဆင်းပြီ

E-mail Print PDF

ကွန်ပျူတာ ပညာရပ်များကို အခမဲ့ ဖြန့်ချိနေသော စစ်ကိုင်းမှ ဦးဇင်းဦးကောဝိဒ အနေနဲ့ ရန်ကုန် ဘလော့ပြိုင်ပွဲမှ အပြန်

ဆေးရုံတက် ဆေးကုသမှုခံယူရတယ်လို့ ဘလော့သတင်းများမှာ ဖတ်ရပါတယ်။

မနေ့ကတော့ ကျန်းမာရေးကောင်းလို့ ဆေးရုံဆင်းရတဲ့သတင်းကို ဖတ်ရပြန်ပါတယ်။

ဒီနေ့တော့ ဦးဇင်းနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။

ဦးဇင်းက မနက်ဖြန် ပြာသိုလပြည့်နေ့မှာ ဆွမ်းလောင်းလှူမယ့်အစီအစဉ်အကြောင်းကို ဒီလိုပြောပြခဲ့ပါတယ်။

ဦးဇင်းအပတ်စဉ် ဥပုသ်နေ့ တိုင်း စစ်ကိုင်းတောင်မှာ ဆွမ်းခံကြွတဲ့ သံဃာတော်များကို ဆွမ်းလောင်းတဲ့အစီအစဉ်လုပ်ခဲ့ပါတယ်။ ၀ါတွင်းမှာတော့ မနက်အာရုံ မုန့်ဟင်းခါးဆွမ်းပါ ကပ်တယ်။ ၀ါကျွတ်တော့မန္တလေးသင်တန်း နဲ့ ဆွမ်းပဲလောင်းဖြစ်တယ်။ ဒီအပတ်မှာ ရုတ်တရက်ဆေးရုံတက်လိုက်ရလို့် စိတ်ထဲမှာမကောင်းတစ်ခုဖြစ်သွားတာက ဒီအပတ်ဆွမ်းမလောင်းနိုင်တော့ဘူးလို့ ထင်ထားတာ ကံကမနေဘူးလေ။ ကုသိုလ်လုပ်ဖို့ ကို အချိန်ပေးခဲ့ပါတယ်။

ဥပုသ်နေ့ မတိုင်ခင်ဆေးရုံကဆင်းလိုက်ရပါတယ်။ မနက်ဖြန်တော့ ၀က်သားနဲ့ ရွေဖရုံသီး ချက်ပြီးလောင်းမယ်။ နောက်အပတ်တွေ ဆိုရင် အဆင်ပြေသလိုပေါ့။ အဲဒီ ကုသိုလ်တွေကို အားလုံကိုအမျှ ပေးဝေပါတယ်.......သာဓုခေါ်ဆိုနိုင်စေ

 ဦးဇင်းက ကွန်ပျူတာသင်တန်းကျောင်းတစ်ခု တည်ဆောက်လျက်ရှိပြီး ပညာသင်ကြားချင်သော လူပုဂ္ဂိုလ်များကိုပါ အခမဲ့သင်ကြားဖို့ ရှိကြောင်းလဲ သိရပါတယ်။

ဦးဇင်းဦးကောဝိဒ ကျန်းမာရေးကောင်းမွန်ပြီး အမျိုးဘာသာ၊ သာသနာအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း မေတ္တာဖြန့်ဝေရပါတယ်။

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 68
Content : 436
Web Links : 28
Content View Hits : 223222

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge