စစ်ကိုင်းနဲ့ မန္တလေးမှာ သံဃာတော်များကို ကွန်ပျူတာနည်းပညာအခမဲ့ ဖြန့်ဖြူးပေးနေတဲ့ ဦးဇင်းဦးကောဝိဒ အနေနဲ့
ယခုနှစ် ဇန်န၀ါရီလ ၂၁ရက်မှာ သင်တန်းသစ်ဖွင့်လှစ်မယ်လို့ သိရပါတယ်။
ဦးဇင်းနဲ့ ဒီနေ့တွေ့တော့ ဦးဇင်းက သင်တန်းမှာ A+နဲ့ Networking များကိုပါ တိုးချဲ့ သင်ကြားမယ်လို့ သိရပါတယ်။
သံဃာတော်တွေတင်သာမက လူများကိုပါ အခမဲ့ စတင်သင်ကြားပေးမှာဖြစ်ပါတယ်။
ဦးဇင်း ဘလော့မှာ ဒီလို ရေးထားပါတယ်။
စစ်ကိုင်းတောင်မှာ ဦးဇင်းသင်တန်းတွေကိုတိုးချဲ့ဖို့စီစဉ်နေပါတယ်။ အခုတော့ သင်တန်းကျောင်းအတွက် အုတ်တော့ခင်း ပြီးပါပြီ။ သင်တန်းမှာ လူတွေများပါတယ်။ လူတွေပါအခမဲ့သင်ဖို့စီစဉ်နေပါတယ်။ လျှောက်လွှာလာတင်
ကြတာကတော့ ၅၀ လောက်ရှိပါပြီ။ ရဟန်း၊သာမဏ၊သီလရှင်များက တော့ ၂၈ စောင်ပဲရှိပါတယ်။ လျှောက်လွှာများကို
ဆက်ပြီးလက်မခံရဲတော့ဘူး။ စက်အင်အားက ၆ လုံးပဲရှိတာ ။ သင်တန်းအတွက်မီးအားမြင့်စက် အလှူရှင်ကတော့
လျှောက်ထားပါပြီ။ မီးစက်အတွက်ပဲ စဉ်းစားနေရပါတယ် မီးမရှိရင်ဘာမှလုပ်လို့မရဘူးလေ။ သင်တန်းဖွင့်မည့်ရက်ကိုတော့ တစ်ခေါက်ပြန်ပြီးမှကြေညာပေးပါမယ်။ အဓိကကွန်ပျူတာအလှူရှင်များရှိပါကဆက်သွယ်ပေးကြစေဖို့
ဦးဇင်းရဲ့ဘလော့ကိုဝင်ရောက်ဖတ်ရှုကြတဲ့ ဒါယကာ၊ဒါယိကာမှတို့အားတိုက်တွန်းလိုက်ပါတယ်။သင်တန်းကိုတော့ နာမည်တစ်ခုမည့်လိုက်ပါတယ်
EVERYONE လို့။ အများအတွက်လို့အဓိပါယ်ရပါတယ်။ အားလုံးပဲနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။
လူပုဂ္ဂိုလ်များကိုပါ အခမဲ့ သင်ကြားပေးပါမယ်။သင်တန်းကျောင်းကတော့ ဆောက်လုပ်တာမပြီးစီးသေးပါဘူး။ မှန်တခါးများ ခန်းဆီးလိုက်ကစများလို၊ မျက်နှာကျက်များ
နဲ့ အခန်းဖွဲ့ ဖို့ နဲ့ ဆေးသုတ်ဖို့ တို့ အစရှိတဲ့ လိုအပ်ချက်များလည်းရှိနေပါသေးတယ်။
ဒါကြောင့် လှူဒါန်းလိုသူများအနေနဲ့ mandalarthar @ gmail.com ကိုသော်လည်းကောင်း
ဦးဇင်းရဲ့ ဘလော့ http://kovida.multiply.com/journalတစ်ဆင့်လည်းကောင်း ဆက်သွယ် လှူဒါန်းကြပါလို့ တိုက်တွန်း လိုက်ရပါတယ် . . .










