စိတ္တသုခပရဟိတလူငယ်များ မြရည်နန္ဒာရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စု ၃၅၀ခန့်အတွက် ရွှေဝါဆပ်ပြာ နှစ်ချောင်းစီ၊ ကာဘော်လစ် ဆပ်ပြာ လေးခဲပါတစ်ချောင်းစီနှင့် အ၀တ်အစားဟောင်းမျိုးစုံတစ်အိတ်၊ ငွေကျပ်တစ်ထောင် တို့ကို ဖေဖော်ဝါရီ ၂၂ရက် နံနက် ၁၀နာရီက မီးဘေးသင့်အိမ်ထောင်စုတစ်စုချင်းအလိုက် ကိုယ်တိုင်ကိုယ်ကျ ပေးဝေ လှူဒါန်းပြီးစီးပြီဖြစ်ပါကြောင်း ။
စုစုပေါင်း ၇သိန်းကျော် တန်ဖိုးရှိတယ်လို့ ခန့်မှန်းရပါတယ်။ အခြားအဖွဲ့များအသီးသီးကလည်း လာရောက်လှူဒါန်းလျက်ရှိတာကြောင့် နေ့စဉ် ၁၀နာရီနှင့်၃နာရီတွင် လူစုပေးကာ ကိုယ်တိုင်ကိုယ်ကျ ပေးဝေခွင့်ပြုပါကြောင်း မီးဘေးကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများထံက သိခဲ့ရပါတယ်။ဒါကြောင့် ကိုယ်တိုင်လှူဒါန်းလိုပါရင် ၁၀နာရီနဲ့ ၃နာရီအမီ ၃၅၀စာ ထုပ်ပိုးပြင်ဆင်ပြီး သွားပါရန် အကြံပြုအပ်ပါတယ်ခင်ဗျာ။










