MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို ကုသိုလ်သတင်း မျှဝေခြင်း စိတ္တသုခ ပရဟိတလူငယ်များ ကျောင်းလွှတ်ပူဇာသဘင် ကျင်းပမည်

စိတ္တသုခ ပရဟိတလူငယ်များ ကျောင်းလွှတ်ပူဇာသဘင် ကျင်းပမည်

E-mail Print PDF

စိတ္တသုခ ပရဟိတလူငယ်များ တည်ဆောက်လှူဒါန်းလျက်ရှိတဲ့ စိတ္တသုခကျောင်းဆောင် ပြီးစီးအောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းလွှတ်ပူဇာသဘင်ကို ၈-၅-၂၀၀၉ရက် ကဆုန်လပြည့်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကျောင်းတည်ရှိရာ ရန်ကင်းတောင်အရှေ့ဘက် လိန်ပင်တိုးချဲ့ကျေးရွာရှိ အောင်ချမ်းသာတောရကျောင်း၊ စိတ္တသုခ ကျောင်းဆောင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

 

၎-၁-၂၀၀၉ ရက်က စတင်လို့ အကောင်အထည်ဖော်ခဲ့တာ အချိန်ကာလအားဖြင့် ၄လတာအတွင်းပြီး ပြီးစီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။

 

စုစုပေါင်းကုန်ကျငွေ သိန်းလေးဆယ်ခန့်ရှိပြီး အားလုံးစုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၂ခန်းx၃ခန်း သွပ်မိုး၊ အုတ်စီနံကပ် ကျောင်းဆောင်ဖြစ်ပါတယ်။

လက်ရှိ ဆရာတော်တစ်ပါးသာ သီတင်းသုံးလျက်ရှိပါတယ်။

သွားရတဲ့ လမ်းခရီးကတော့ ယခုလို မိုးကျပြီးရင် ဆိုင်ကယ်နဲ့ သွားဖို့ကို ခက်ခဲ့ပါတယ်။

ဟိုတစ်ရက်က ကားနဲ့ဘုရားဆင်းတုတော်သွားပို့ကြတာ လမ်းမှာ ကားနစ်လို့ နွားလှည်းနဲ့ ပို့ခဲ့ရပါတယ်။

ဆိုင်ကယ်သမားများလည်း လမ်းမှာ ဆိုင်ကယ်ချော်ပြီး လဲမလို ဖြစ်ကြရပါတယ်။

ဒါတောင် မိုးအများကြီး မရွာသေးပါဘူး

မိုးတွင်းဆိုရင်တော့ သွားရေးလာရေး အလွန်ခက်ပါတယ်။

 

ကျောင်းလွှတ်ပွဲအတွက် ဆရာတော်ငါးပါးပင့်ဆောင်ထားပြီး

ကျောင်းလွှတ်ပွဲနှင့်အတူ ဘုရားအနေကဇာတင်ခြင်းကိုပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျောင်းလွှတ်ပွဲအပြီးတွင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဗောဓိပင်တွင် ညောင်ရေသွန်းပွဲ ကျင်းပသွားမည်ဖြစ်ပါကြောင်း . . . .

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 66
Content : 436
Web Links : 28
Content View Hits : 221454

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge