MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို ကုသိုလ်သတင်း မျှဝေခြင်း စိတ္တသုခ ပရဟိတလူငယ်များ ပုံမှန် အလှူ လှူဒါန်းမည်

စိတ္တသုခ ပရဟိတလူငယ်များ ပုံမှန် အလှူ လှူဒါန်းမည်

E-mail Print PDF

စိတ္တသုခ ပရဟိတလူငယ်များ ခြောက်လတစ်ကြိမ်လှူဒါန်းလျက်ရှိတဲ့ ပုံမှန်အလှူကို ၁၉-၆-၂၀၀၉ရက် သောကြာနေ့တွင် လှူဒါန်းသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၆လပိုင်းအလှူ ထုံးစံအတိုင်း ပညာရေးအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံရန် အခက်အခဲရှိတဲ့ ကျောင်းသား ၄၀ကျော်ကို အပ်နှံပေးသွားမှာဖြစ်ပါတယ်။

 လှူဒါန်းမည့်နေရာကတော့ ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာအုပ်စု ကွေ့ကြီးကုန်းကျေးရွာ အနန္တဂုဏ်ရည် မဇ္ဈိမ၀ါဒီကျောင်းတိုက်ရှိ အမှတ်(၁၃)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

လှူဒါန်းမည့်အစီအစဉ်များကတော့

-    သူငယ်တန်းမှ ငါးတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၁၅ယောက်အတွက် ကျောင်းသုံးပစ္စည်းများ(ဖတ်စာ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပန်၊ ခဲဖျက်၊ ပေတံ စသည်များ)

-   ကျောင်းအပ်နှံရန် အဆင်မပြေဖြစ်နေသည့် ကျောင်းသားကျောင်းသူ ၄၀အတွက် တစ်ဦးလျှင် ၃၀၀၀ကျပ်နှုန်းနဲ့ လှူဒါန်းပါ့မယ်

-    ယခုနှစ် တိုးချဲ့ပြီး ငါးတန်း စတင်သင်ကြားမှာဖြစ်လို့ သင်ကြားဖို့ စာသင်ခုံမရှိတဲ့အတွက် ငါးတန်းကလေးများအတွက် စာသင်ခုံ ငါးစုံ (တစ်စုံ နှစ်သောင်း)

-    ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်တကျ အိမ်သာ မရှိသည့်အတွက် ရေလောင်းအိမ်သာဆောက်လုပ်ရန်အတွက် အလှူငွေလှူဒါန်းပါမည်။ 

     ရေလောင်းအိမ်သာဆောက်လုပ်ပါက ၁၀သိန်းကျော်ကုန်ကျမည်ဟု သိရပါသည်။

-   ဆရာမ ငါးဦးအတွက် လစာ တစ်ဦးလျှင် ၁၅၀၀၀နှင့် ၇၅၀၀၀ အား တတ်နိုင်သမျှ မတည် လှူဒါန်းပါမည်။

-   ကျောင်းရှိ သံဃာတော် ၁၂ပါးအား ဆွမ်းကပ်လှူဒါန်းပါမည်။

-    ကျောင်းရှိ ကလေးငယ်များအား အဟာရ ကျွေးမွေးလှူဒါန်းပါမည်။ (ကိုဘဦး၊ မသီတာအောင် Compu-care ကွန်ပျူတာသင်တန်းနှင့်ပြုပြင်ရေးမှ လှူဒါန်းပါမည်)

တတ်နိုင်သမျှ ပါဝင်လှူဒါန်းလို့ရသလို ကျောင်းသား တစ်ဦးချင်း၊ ဆရာမ တစ်ဦးချင်းအတွက် လဲ လှူဒါန်းနိုင်ပါတယ်

ပါဝင်လှူဒါန်းမည်ဆိုပါက ကိုဘဦး ဖုန်း ၀၉-၂၀၂၇၅၇၄ ၊ သို့လည်းကောင်း

This e-mail address is being protected from spambots. You need JavaScript enabled to view it , This e-mail address is being protected from spambots. You need JavaScript enabled to view it သို့လည်းကောင်း ပေးပို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း . . ..

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305878

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge