ယနေ့ နံနက်ပိုင်းကပဲ စိတ္တသုခ ပရဟိတလူငယ်များရဲ့ အလှူ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဖုန်းနဲ့ သိလိုက်ရပါတယ်။
ရန်ကုန်ကနေ အမှီ ပြန်ဖို့ လုပ်ပေမယ့်လဲ အခြေအနေအရပ်ရပ်ကြောင့် မမီလိုက်ပါဘူး
ဒါကြောင့် ဖုန်းနဲ့ပဲ လှမ်းမေးလိုက်ရပါတယ်
ကျောင်းသား ကျောင်းသူများအတွက် အာဟာရ အဖြစ် နို့ထမင်းကျွေးမွေးရာ လူ၂၀၀ စာကို ကျောင်းသား၊ ကျောင်းသူ ၅၀နဲ့ ကုန်သွားလို့ အမြန်ထပ်ဝယ်လိုက်ရတယ်ဆိုတော့
သူတို့ရဲ့ လိုအပ်ချက်က ဘယ်လိုလဲဆိုတာ သိလိုက်ရပါတယ်။
အော်
လှူရတာ မွန်မြတ်လှပါတယ် စိတ္တသုခ ပရဟိတ လူငယ်များ အတွက် ၀မ်းသာစရာပါပဲ။
အလှူ သတင်း အသေးစိတ်တော့ နောက်နေ့မှ တင်ပေးပါ့မယ်ဗျာ










