MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို ကုသိုလ်သတင်း မျှဝေခြင်း စိတ္တသုခ ပရဟိတလူငယ်များရဲ့ ကျန်းမာရေး အလှူ အောင်မြင်

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ကျန်းမာရေး အလှူ အောင်မြင်

E-mail Print PDF

စိတ္တသုခ ပရဟိတ လူငယ်များ၏ခြောက်လတစ်ကြိမ် ပုံမှန်လှူဒါန်းမှုအစီအစဉ်အရ (၉)ကြိမ်မြောက် ပုံမှန်လှူဒါန်းမှုအဖြစ် ကျန်းမာရေးဆိုင်ရာလှူဒါန်းမှုများကို ဇန်န၀ါရီ ၄ရက် (လွတ်လပ်ရေးနေ့)က သွားရောက်လှူဒါန်းကြသည်။

 ရှေးဦးစွာ မန္တလေးမြို့ပေါ်ရှိ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းများသို့ အလှူငွေများလှည့်လည်လှူဒါန်းကြရာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းသို့ ငွေပဒေသာပင် ကျပ်တစ်သိန်း၊ မစိုးရိမ်ကံတက်ကုန်း ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ ကျပ်ငါးသောင်း၊ နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ ကျပ်ငါးသောင်း၊ ချမ်းမြသုခ လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ ကျပ်ငါးသောင်း၊ အိမ်ကျယ်ရွာ အမျိုးသမီးစောင့်ရှောက်ရေးဌာန ဆေးခန်းအတွက် အလှူငွေ ကျပ်ငါးသောင်း၊ ရွှေဆံနွယ် ဓမ္မဓရကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ ကျပ်ငါးသောင်းအား စိတ္တသုခ ပရဟိတလူငယ်များက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက အလှူငွေများလက်ခံရယူကြသည်။

 ထို့နောက် မန္တလေး ကြာနီကန် သခင်မတောင်အနီး အိမ်ကျယ်ရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးပြုစုစောင့်ရှောက်ရေးဌာနတွင် ပြုစုစောင့်ရှောက်မှုခံယူနေကြသော အေအိုင်ဒီအက်စ်ဝေဒနာရှင်များအား တစ်ရက်စာ အဟာရဒါန ကျွေးမွေးလှူဒါန်းကြသည်။ နံနက်စာ ကြာဆံဟင်း၊ နေ့လယ်စာ ကြက်သားဟင်းနှင့် ညနေစာ ငါးဟင်းတို့နဲ့ ကျွေးမွေးလှူဒါန်းကြသည်။ ပြုစုစောင့်ရှောက်မှုခံယူနေကြသော ဝေဒနာရှင်များအား နွေးထွေးစွာဖြင့် ဖဲကြိုးနီများတပ်ဆင်ထားကြသော စိတ္တသုခ ပရဟိတလူငယ်များက အားပေးနှစ်သိမ့်မှုများကို ရင်းရင်းနှီးနှီးပျော်ရွှင်စွာ ဆောင်ရွက်ကြသည်။ စိတ္တသုခ ပရဟိတလူငယ်များနေဖြင့် စောင်၊ စတီးဇလုံ၊ စတီးဇွန်း၊ စတီးမတ်ခွတ်များအား တစ်ဦးချင်းပေးအပ်လှူဒါန်းကြသည်။

 အလှူပွဲအပြီးတွင် အိမ်ရှေ့မင်းထန်းတော၌ စိတ္တသုခပရဟိတလူငယ်များ ချစ်ကြည်ရင်းနှီးစွာဖြင့် ငှက်ပျောဖက်ခင်းကာ လက်ရေတပြင်တီး ပျော်ရွှင်စွာ ထမင်းစားကြကြောင်း သိရသည်။

 စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့် မိမိတို့ လုပ်အားခ၊ လစာထဲမှ တစ်လလျှင်တစ်ထောင်စီစုဆောင်းပြီး ခြောက်လတစ်ကြိမ်လှူဒါန်းမှုများစုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး ကြားဖြတ်အလှူများအဖြစ် လေဘေး၊ မီးဘေး၊ ရေဘေးစသော သဘာဝဘေးဒဏ်ခံကြရသူများအားလည်း လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

Last Updated on Wednesday, 06 January 2010 15:09  

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305807

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge