ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှကျောင်းအုပ်ဆရာတော် (ဦးညာဏ၀ရ) တောင်တန်းသာသနာပြုဆရာတော်တစ်ပါးက စိတ္တသုခ ပရဟိတလူငယ်အနေဖြင့် ကျွန်တော့်ထံ ဆက်သွယ် အလှူခံလာပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ လိုအပ်နေတဲ့ ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ(2007-2008) ပညာသင်နှစ်မှစတင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လင့်သင်ကြားခဲ့ရာ နိင်ငံတော်ရဲ့ခွင့်ပြုချက်များ ရရှိပြီဖြစ်ပါတယ်။
ချင်းကျောင်းသူ၊ ကျောင်းသာများရဲ့ သင်ကြားရေး အထောက်အကူပြု အဆောက်အဦး၊ စာသင်ဆောင်နှင့် အိပ်ဆောင်၊ အိမ်သာ၊ ရေချီုးကန်၊ ကျောင်းဆရာ၊ ဆရာမလစာ စသည့်များအထူးတလည်လိုအပ်လှက်ရှိနေကြောင်း သိရပါတယ်။ဆရာတော်ရဲ့ အထူးလိုအပ်ချက်ကတော့ စာသင်ကျောင်းဆောင်နဲ့အိပ်ဆောင်တည်ဆောက်ရန် ဖြစ်ပါတယ်။
မရှိန်းလှော် ဘုန်းတော်ကြီးသင် စာသင်ကျောင်းသည် မူလတန်းအဆင့်ဖြစ်ပြီး ကျောင်းသူကျောင်းသား (၅၉)ဦး နှင့် ဆရာ၊ ဆရာမ(၄)ဦးတို့နှင့်စာသင်ကြားလျက်ရှိပါသည်။
ကျောင်းဆောင်တည်ဆောက်မူအပိုင်းမှာ(၁၀)ပေ(၄)ခန်းနှင့် (၂)ခန်း၊ အလျားပေ(၄၀) အနံ(၂၀)ပျဉ်ထောင်သွပ်မီုး တစ်ထပ်ဆောင် နှစ်ဆောင်ဖြစ်ပါသည်။
ကုန်ကျမူစရိတ်မှာတစ်ဆောင်လျှင် ကျပ်(၃၀)သိန်းခန့် ဖြစ်ပါတယ်။
ပါဝင်လှူဒါန်းလိုပါက
This e-mail address is being protected from spambots. You need JavaScript enabled to view it
(သို့မဟုတ်)
ဘဒ္ဒန္တညာဏ၀ရ(ဓမ္မာစရိယ)
မရှိန်းလှော်ဘုန်းတော်ကြီးသင်(အခမဲ့)ပညာရေးကျောင်း
ချင်းပြည်နယ်၊တောင်ပိုင်း၊မင်းတပ်မြို့နယ်
မရှိန်းလှော်ကျေးရွာ
Ph-09-6600109
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း . . .










