MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကုသိုလ်ဒါန ပြုမယ်ဆို လိုအပ်နေရာ ဒါန ပြုပါ ကွန်ပျူတာနည်းပညာဒါနလုပ်တဲ့ ဦးဇင်း

ကွန်ပျူတာနည်းပညာဒါနလုပ်တဲ့ ဦးဇင်း

E-mail Print PDF

ဒီကနေ့ နိုဝင်ဘာ ၂၅ရက် ညနေ ၄နာရီလောက်မှာ ၃၅လမ်းပေါ်က Pro Tech ကွန်ပျူတာသင်တန်းကို ရောက်ရှိခဲ့ပါတယ်။

ရောက်ခဲ့တာကတော့ ဦးဇင်းဦးကောဝိဒနဲ့ တွေ့ဖို့ပါ။

ဦးဇင်း က စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး လပြည့်ဝန်းလမ်းရှိ သာသနဝေပုလ္လကျောင်းတိုက်တွင် ကွန်ပျူတာသင်တန်းဖွင့်လှစ်ထားပြီး

သံဃာတော်များကို အခမဲ့ ကွန်ပျူတာ သင်ကြားပေးနေပါတယ်။

ဒီလိုပဲ  မန္တလေးမှာ ၃၅လမ်း၊  ၆၉လမ်းနဲ့ လမ်း၇၀အကြားမှာရှိတဲ့Pro Tech ကွန်ပျူတာသင်တန်းမှာ တနင်္လာမှ ကြာသပတေးနေ့ အတွင်း  မွန်းလွဲ ၁နာရီမှ ၃နာရီအထိ  ကွန်ပျူတာသင်တန်းဖွင့်လှစ်ပြီး ဦးဇင်းက ပို့ချသင်ကြားပေးနေပါတယ်။

 

စစ်ကိုင်းမှာတော့ ဦးဇင်းက ကွန်ပျူတာပညာကို သံဃာတော်များသာမက လူငယ်များပါ သင်ကြားပေးနေပါတယ်။

ကျောင်းတိုက်များမှ ကွန်ပျူတာများပျက်စီးပါက လက်ခမဲ့ပြုပြင်ပေးလျက်လည်းရှိပါတယ်။

 ဦးဇင်းအနေနဲ့ ဦးဇင်းကိုယ်တိုင်ကလဲ ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ကြားလျက်ရှိတာမို့ ကိုယ်တိုင်လဲ ပညာရှာ၊ သူတစ်ပါးကိုလဲ ပညာဒါနပြုနေတာလို့

သိရပါတယ်။

 

ကနေ့ ဦးဇင်းနဲ့တွေ့တော့ မေးမြန်းလျှောက်ထားကြည့်မိပါတယ်။

တစ်နေ့တာ ကုန်ကျစရိတ်ကိုပါ။

မန္တလေးသင်တန်းအနေနဲ့က မီးမလာတဲ့အခါ မီးစက်နှိုးသင်ကြားရပါတယ်။ မီးစက်အတွက် ဆီဖိုးကို ဦးဇင်းရဲ့ န၀ကမ္မငွေနဲ့ ဆောင်ရွက်တယ်လို့ သိရပါတယ်။

အခု သင်တန်းကလဲ အပတ်စဉ်(၂)ဖြစ်လာပြီဆိုတော့ ဦးဇင်းလဲ တော်တော် ရှာကြံနေရတယ်လို့ ကြားသိရပြန်ပါတယ်။

တစ်နေ့တာ ဆီဖိုးနဲ့ သွားစရိတ်လာစရိတ် ကျပ်ငါးထောင်ခန့် ကုန်ကျပါတယ် . . .

ဒီလိုပဲ သင်တန်းတစ်ပတ်စာ စာအုပ်စာတမ်းကြေးက ကျပ် နှစ်သောင်းခွဲခန့် ကုန်ကျပါတယ်။

ဒီလိုကုန်ကျစရိတ်များအတွက် အလှူရှင်ပေါ်ပေါက်လာရင် တော့ အကောင်းဆုံးပါပဲ . . .

တစ်နေ့တာ ကုန်ကျစရိတ် ၅၀၀၀ကျပ်နဲ့ လေးရက် တစ်ပတ်ကို ၂၀၀၀၀ ကုန်နေပါပြီ။

တစ်လ ဆို စာအုပ်စာတမ်းကြေးနဲ့ တစ်သိန်းကျော် ကုန်ကျနေပြီဖြစ်ပါတယ်။

ရေရှည်ဆောင်ရွက်နိုင်ဖို့ကတော့ အားလုံး ၀ိုင်းဝန်း လှူဒါန်းမှ ဖြစ်မယ်လို့ တွေးမိပါတယ်။

ပါဝင်လဲ လှူကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။

 

စစ်ကိုင်းက ကွန်ပျူတာအခြေအနေကတော့ 

အဓိက လျှပ်စစ်မီးပါပဲ။

မီးအားအတက်အကျကြောင့် မကြာခဏ မီးအားမြှင့်စက် ပျက်စီးတယ်လို့ ကြားသိရပါတယ်။

ဒါကြောင့် အမျိုးအစားကောင်းတဲ့ မီးအားမြှင့်စက်တစ်လုံး လိုအပ်လို့ နေပါတယ်။

ထို့အတူပဲ ကွန်ပျူတာ ၆လုံးရှိပေးမယ့် လက်ရှိ ယူပီအက်စ် က ၂လုံးသာ ရှိတယ်လို့ သိရပါတယ်။

မီးအားမငြိမ်တဲ့နေရာမှာ ယူပီအက်စ် မခံပဲ သုံးရင် ကွန်ပျူတာများလဲ ပိုမိုပျက်စီး နိုင်မှာ ဖြစ်ပါတယ်။

ယူပီအက်စ်များလဲ လိုအပ်လို့နေပါသေးတယ်။

 

ဦးဇင်းက အခမဲ့ ကွန်ပျူတာ ပြုပြင်ခြင်းကိုပါဆောင်ရွက်ပေးပါတယ်။

ဒီတော့ ကျောင်းတိုက်များက ကွန်ပျူတာများ ပျက်စီးတဲ့အခါ အစားထိုး တစ်လုံး ပေးထားပြီး

ပြုပြင်ခြင်းဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ဒီတော့ ကွန်ပျူတာ ပြုပြင်ရေးအတွက် လောလောဆယ်ဆယ် ဒီဗီဒီရိုက်တာ (DVD RW) တစ်လုံး လိုအပ်နေတယ်လို့လဲ

သိရပါတယ်။

 

ကနေဆို့ သင်တန်းသား ဦးဇင်းများကို အင်တာနက်သင်ပေးဖို့ ဆိုက်ဘာကဖေးကို သွားခဲ့ရလို့

ကုန်ကျစရိတ်ပိုတယ်လို့ သိရပါတယ်။ သင်တန်းသားများအနေနဲ့ကတော့ အင်တာနက်သုံးရလို့

ပျော်ကြရပေမယ့် ဦးဇင်းဦးကောဝိဒအတွက်ကတော့ မလွယ်ပါဘူး။

ကုန်ကျစရိတ်ကို ရှင်းရလို့ပါ။

 

ဦးဇင်းနဲ့ တွေ့ခဲ့ရတာတော့ အားကျစရာပါ။

ကွန်ပျူတာနည်းပညာပြန့်ပွားရေးနဲ့ သာသနာပြုလုပ်များကို ခေတ်မီ နည်းစနစ်များနဲ့ ဆောင်ရွက်နေတဲ့ ဦးဇင်းရဲ့ လုပ်ငန်းများကို အထူးပဲ စိတ်ဝင်စားမိပါတယ်။

စစ်ကိုင်းမှာ ပိဋိကတ်သုံးပုံကို ကွန်ပျူတာများအတွင်း အခမဲ့ အင်စရောလုပ်ပြီး လှူဒါန်းဖို့လဲ ဆောင်ရွက်နေပါသေးတယ်။

စစ်ကိုင်းက သံဃာတော်များကို ဆွမ်းလှူတဲ့ အလှူလဲ ဆောင်ရွက်နေပါသေးတယ်။

 

ငယ်ငယ်ရွယ်ရွယ် ဦးဇင်းတစ်ပါးအနေနဲ့  ဆောင်ရွက်နေတဲ့ လုပ်ငန်းများကတော့ များစွာပါပဲ . . .

သီတဂူဆရာတော်ကြီးရဲ့ တက္ကသိုလ်များ ပညာသင်ကြားရင်း ဆရာတော်ကြီးက အားပေးစကားများ ပြောကြားတယ်လို့ သိခဲ့ရပါတယ်။

 

တကယ်လိုများ မန္တလေးက ကွန်ပျူတာသင်တန်းမှာ သံဃာတော်များအနေနဲ့ ကွန်ပျူတာ သင်တန်း တက်လိုလျှင်တော့

သက်ဆိုင်ရာ သံဃနာယကအဖွဲ့များရဲ့ ထောက်ခံချက်များနဲ့အတူ သတ်မှတ်ထားတဲ့ လျှောက်လွှာ ဖြည့်ပြီး 

အခမဲ့ တက်ရောက်နိုင်ကြောင်း သိရပါတယ်။

 

ကျွန်တော်တို့ တွေ လှူကြတာတွေကို တွေ့နေရပါတယ်။

အလှူရှင်တွေအများကြီးက အလှူငွေတွေ အများကြီး လှူနေကြပါတယ်။

ဒါပေမယ့် ဒီလို လိုအပ်တဲ့ နေရာတွေမှာတော့ လိုအပ်နေဆဲပါပဲ။

ဒါကြောင့် နည်းများမဆို ပါဝင်လှူဒါန်းချင်တယ်ဆိုရင်ဖြင့်

၀၂-၆၂၄၄၈ နဲ့ စစ်ကိုင်းကိုဆက်သွယ်ချင်တယ်ဆိုရင်တော့ တဆင်ဖုန်

၀၇၂-၂၂၁၉၉ ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

အီးမေလ် ဒါရိုက်ဆက်သွယ်မယ်ဆိုရင်တော့ This e-mail address is being protected from spambots. You need JavaScript enabled to view it က ဦးဇင်းမေးလ်းပါ။

ကျွန်တော်ကတစ်ဆင့်လှူဒါန်းမယ်ဆိုရင်

This e-mail address is being protected from spambots. You need JavaScript enabled to view it က တစ်ဆင့် ဆက်သွယ်နိုင်ပါကြောင်း . . ..  .. . . 

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 504
Web Links : 28
Content View Hits : 325633

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge