Weclome to Our Mandalay.
Happy Store
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Wednesday, 30 November 2011 15:07
- Written by မြနှင်းပွင့်
- Hits: 128
၂၀၁၀ ပြည့်နှစ်က နှုတ်ဆက်ကာ ၂၀၁၁ ခုနှစ်သို့ မကြာမီ ကူးပြောင်းရောက်ရှိပါတော့မယ်။ ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်နေ့ နဲ့ New Year မရောက်မီကတည်းက မန္တလေး တစ်မြို့လုံးလည်း ခရစ္စမတ်အထူးလျော့ဈေး၊ New Year အထူးဈေးရောင်းပွဲတွေနဲ့ စည်ကားလို့နေပါတယ်။ ဆောင်းညများကလည်း အေးမြလာပြီမို့ ခရစ္စမတ်ညကို မျှော်တွေးပြီး ပြင်ဆင်နေကြပါပြီ။ ပွဲတော်အလိုက် ရောင်းချကြတဲ့ ပစ္စည်းများနဲ့အတူ အထူးလျော့ဈေးတွေ၊ နှစ်ကုန်အထူးရောင်းချပွဲတွေကလည်း ဈေးဝယ်များအတွက် အခွင့်အလမ်းဖြစ်နေပါတယ်။ ခရစ္စမတ်ကာအတွက် ခရစ္စမတ် အလှဆင်ဖို့ ပစ္စည်းများနဲ့အတူ ခရစ္စမတ်လက်ဆောင်တွေ၊ နှစ်သစ်လက်ဆောင်တွေပေးဖို့ကိုလည်း ပြင်ဆင်နေကြပါပြီ။
လက်ဆောင်ဝယ်မယ်ဆိုရင်
လက်ဆောင်ပေးတော့မယ်၊ မင်္ဂလာလက်ဖွဲ့ပေးရတော့မယ်၊ မွေးနေ့ လက်ဆောင်ပေးရတော့မယ်ဆိုရင် အမှန်တကယ် ခေါင်းခြောက်ရပါတယ်။ ကိုယ်တတ်နိုင်တာနဲ့ လှပအဆင်ပြေတဲ့ ပစ္စည်းတစ်ခုရဖို့က တော်တော့ကို စဉ်းစားယူရတာပါ။ ကိုယ်တတ်နိုင်တာကျတော့ မလှ၊ အဆင်မပြေ၊ ကိုယ်ကြိုက်ပြီး ပေးဖို့ ကောင်းတာကျ ကိုယ်က မတတ်နိုင်နဲ့ အင်မတန် ဒုက္ခရောက်ကြရဖူးမှာပါ။ လူငယ်များအတွက်ကျတော့လည်း ကိုယ့်သက်ဆိုင်သူအတွက် ထူးထူးခြားခြား၊ လှလှပပလေး ဖြစ်ဖို့ တော်တော် ရှာယူကြရပါတယ်။ ဖန်စီလည်းဖြစ်၊ ထူးလဲထူးခြား၊ သက်ဆိုင်သူလည်း ကျေနပ်စေရမယ့် လက်ဆောင်လေးရဖို့ အချိန်တွေအများကြီး အကုန်ခံနေရပါတယ်။ ဒါတောင် သက်ဆိုင်သူက ကျေနပ်ချင်မှ ကျေနပ်ပါလိမ့်မယ်။
အစအဆုံးတာဝန်ယူ
မန္တလေးမှာတော့ လက်ဆောင်ပေးဖို့ဖြစ်ဖြစ်၊ မင်္ဂလာလက်ဖွဲ့ပေးဖို့ဖြစ်ဖြစ် ပေးဖို့ လိုအပ်လာမယ်ဆိုရင် ၃၅လမ်း၊ လမ်း၈၀နဲ့ ၈၁လမ်းကြားမှာရှိတဲ့ Happy Store ကို ရောက်အောင်သွားဖို့ပဲ လိုပါတယ်။ Happy Store ထဲမှာ လက်ဆောင်ပစ္စည်းမျိုးစုံ၊ အရုပ်မျိုးစုံနဲ့ ဖန်စီ ပစ္စည်းအမျိုးအစုံ ရရှိနိုင်တဲ့အပြင် ပါကင်ထုပ်၊ နာမည်ကတ်ရေးပြီးတဲ့အထိ အစအဆုံး တာဝန်ယူလုပ်ဆောင်ပေးပါသေးတယ်။
Happy Store ကို ၁၉၈၇ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်နှစ်ထပ်ဧရိယာ အတွင်းမှာ သက်ဆိုင်ရာ အထိမ်းအမှတ်နေ့များအလိုက် အမြဲ အလှဆင်ထားပါတယ်။ အောက်ထပ်မှာတော့ ဖန်စီပစ္စည်းအစုံ၊ လက်ဆောင်ပစ္စည်းအစုံအလင်နဲ့ အမျိုးသားဝတ် ဘောင်းဘီနဲ့အင်္ကျီ ရောင်းတဲ့ ဆိုင်လေးရှိပါတယ်။ အမျိုးသားဝတ်ဆိုင်လေးက တိုးချဲ့ထားတာ မကြာသေးပါဘူး။ အပေါ်ထပ်တက်ဖို့ လှေခါးတစ်လျှောက်မှာလည်း အရုပ်တွေကို မြင်ရဦးမှာပါ။ အပေါ်ထပ်မှာတော့ အမွှေးပွအရုပ်မျိုးစုံနဲ့ ဦးထုပ်များကို ခင်းကျင်းပြသရောင်းချပါတယ်။
အလှဆင်ထား
အခု ခရစ္စမတ်ကာလအတွက် Happy Store စတိုးက တစ်ဆိုင်လုံးကို ခရစ္စမတ်အသုံးအဆောင်များနဲ့ အလှဆင်ထားပါတယ်။ ဆိုင်အပြင်အဆင်ကို ပြောင်းလဲ ပြင်ဆင်ထားသလို ဆိုင်အတွင်းမှာလည်း ကာတွန်းဇာတ်ဆောင်လေးများက ရောက်ရှိလာတဲ့ ကလေးငယ်များကို ပျော်ရွှင်ဖွယ်ဖျော်ဖြေတင်ဆက်ပေးနေပါသေးတယ်။ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ရယူနိုင်ပါသေးတယ်။
ပစ္စည်းမျိုးစုံ ဈေးနှုန်းမျိုးစုံ
ပုံမှန် ရနေကျ ကလစ်၊ ခေါင်းစည်းကြိုး၊ ပုဝါ၊ ဦးထုပ်၊ ရင်ထိုး၊ လက်ကောင်၊ ဆွဲကြိုး၊ ခါးပတ်၊ သောချိတ်၊ ဖုန်းချိတ်ကြိုး၊ ဖန်ခွက်၊ မီးခြစ်၊ နာရီ၊ ပန်းအိုး၊ ဓာတ်ပုံဘောင်၊ အမွှေးပွအရုပ် စတဲ့ ဖန်စီပစ္စည်းအစုံအလင်ရရှိနိုင်ပါတယ်။ ဒါအပြင် အခု ခရစ္စမတ်ကာလအတွက် အထူးထုတ်လုပ်ထားတဲ့ ခရစ္စမတ်ပစ္စည်းများကိုလည်း ထူးထူးခြားခြားလေးတွေ ရရှိနိုင်ပါတယ်။ ရောင်စုံမီးလုံးလေးများ၊ ခရစ္စမတ်သစ်ပင်များ၊ အလှဆင်ပစ္စည်းများ၊ ခေါင်းလေးများက အစ အမျိုးစုံရရှိနိုင်ပါတယ်။ ခရစ္စမတ်သစ်များကို တစ်ထောင်ကျပ်တန်ကနေ တစ်သိန်းကျော်အထိ အမျိုးစုံ ရရှိနိုင်ပါတယ်။
ယိုးဒယားနဲ့ တရုတ်မှ ၀င်ရောက်လာတဲ့ ပစ္စည်းအဆန်းလေးတွေက တစ်ဆိုင်လုံး ပြည့်နေ့ပါတယ်။ အမျိုးသမီး၊ အမျိုးသား အသက်အရွယ်မရွေး လက်ဆောင်ပစ္စည်းလေးတွေက အစုံအလင်ပါပဲ။ ကိုယ့်အတွက်ပဲ ၀ယ်ဝယ်၊ သူများလက်ဆောင်ပေးဖို့ ၀ယ်ဝယ် အမျိုးအစား စုံလင်သလို၊ ဈေးနှုန်းကလည်း အမျိုးမျိုးမို့ လိုရာ ရွေးနိုင်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအတွင်းမှာပဲ ပစ္စည်းမျိုးစုံကို ဈေးနှုန်းမျိုစုံနဲ့ ရွေးချယ်နိုင်တာမို့ Happy Store မှာ အမြဲလိုလို စည်ကားနေတတ်ပါတယ်။ အခုလို ခရစ္စမတ်အထူးဈေးရောင်းကာလမှာတော့ နေ့ရော ညပါ အမြဲ စည်ကားနေပါတော့တယ်။
အားလုံးအတွက် အချိန်တိုင်း ပျော်ရွှင်ဖို့
Happy Store က အမြဲ ဆိုင်အပြင်အဆင်ကို အထူးပြင်ဆင်လေ့ရှိပါတယ်။ သက်ဆိုင်ရာနေ့ရက်အလိုက် ပြင်ဆင်တတ်တာပါ။ အခု ခရစ္စမတ်အတွက် ပြင်ဆင်ထားသလိုပါပဲ Valentine Day ချစ်သူများနေ့ရောက်ရင်လဲ အသဲပုံလေးတွေ၊ ချောကလက်လေးတွေနဲ့ တစ်ဆိုင်လုံးကို အလှဆင်ထားပါတယ်။ လာရောက်ကြတဲ့ ချစ်သူလေးများ အမှန်တကယ်ပျော်ရွှင်မှုရဖို့ Happy Store က စီစဉ်ဆောင်ရွက်ပေးထားတာပါ။
Happy Store စတိုးက Happy for All . . . Happy for Everytime ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး လာရောက်ဈေးဝယ်ကြတဲ့သူများကို အမြဲ စိတ်ကျေနပ်ပျော်ရွှင်ကြည်နူးစေပါတယ်။ ဆိုင်မှာ ၀န်ထမ်း၃၀ကျော်က လာရောက်ဝယ်ယူသမျှ ရှင်းလင်းပြောပြပြီး လိုအပ်သမျှ ရရှိအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ အမြဲတမ်းကြိုးစားလျက်ရှိတဲ့ Happy Store က လာရောက်သမျှ ၀ယ်ယူသူများကို အမြဲ ကျေနပ်သွားစေပါတယ်။
လက်ဆောင်ပေးဖို့ရှိလာရင်တော့ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရသလို သူ့စိတ်ကြိုက် ရွေးချယ်လို့ရအောင် ခေါ်သွားလို့လဲရပါတယ်။ Happy Store ထဲကို ၀င်လိုက်တာနဲ့ ပစ္စည်းစုံလင်မှုကို ကြည့်ရှုပြီး ဘယ်ဟာဝယ်ရမှန်းမသိအောင် ဖြစ်နေပါလိမ့်မယ်။ သူများအတွက် လက်ဆောင်ပစ္စည်းအတွက်၊ မင်္ဂလာလက်ဖွဲ့အတွက်နဲ့ ကိုယ့်အတွက် ဖန်စီ၊ လက်ဆောင်ပစ္စည်းအသစ်အဆန်းလေးတွေလိုချင်ရင်ဖြင့် မန္တလေးမြို့က Happy Store ကို တစ်ခါတစ်ခေါက် အရောက်လှမ်းခဲ့ပါဦးလို့သာ . . .



