MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ
စာပဒေသာ

ကျေးဇူးတင်ရှိပါသည်။

E-mail Print PDF

အကြောင်းအခက်အခဲ အမျိုးမျိုးကြောင့် www.ourmandalay.net ခေတ္တ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။

 အခုတော့ ပြန်လည်ရရှိနေပါပြီ . . .

ဒါတောင် မြန်မာနိုင်ငံရဲ့  ISP တစ်ခုက ၀င်ရင် Network Error (tcp_error) တက်တက် နေပါသေးတယ်။

 

အခက်အခဲများကြားက ၀င်ရောက်ကြည့်ရှုကြသူအပေါင်းအား ကျေးဇူးတင်မိပါတယ်။ ဆက်လက်ပြီး အသစ်အသစ်သော အရာများ ဆက်လက် တင်ပေးဖို့ ကြိုးစားလျက်ရှိပါကြောင်း

မန္တလာသား


 

 

ဝါဆိုနဲ့ မန္တလေး

E-mail Print PDF
ယနေ့ ၀ါဆိုလပြည့်နေ့ ဓမ္မစင်္ကြာ အခါတော်နေ့

တိတိကျကျပြောရရင်တော့ ဒုတိယ ၀ါဆိုလပြည့်နေ့ပါ။
ဝါထပ်တော့ ရဟန်းသံဃာတော်များက ဒုတိယ၀ါဆိုလပြည့်ကျော် ၁ရက်မှသည် သီတင်းကျွတ်လပြည့်နေ့အထိ ၀ါကပ် ၀ါဆိုတော်မူကြမှာဖြစ်ပါတယ်။
အခြားဒေသများတွင် မည်သို့ မည်ပုံ ၀ါဆိုပန်းကပ်သည်မသိ။
မန္တလေးတွင်တော့ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့သည် ဘုန်းတော်ကြီးကျောင်းများတွင် ထူးခြားသော အလှူရှိနေပေသည်။
Read more...
 

33 နှစ် ပြည့်တဲ့ ကျွန်တော်

E-mail Print PDF

အခု ဇူလိုင် ၁၀ရက်မှာ ကျွန်တော် ၃၃နှစ် ပြည့်ပါပြီ။

ကျွန်တော် ဒီ www.ourmandalay.net ကို အခက်အခဲ အမျိုးမျိုးကြားကနေ ဆောင်ရွက်လာတာ ၂နှစ် ပြည့်ပါတော့မယ်။

 

ကျွန်တော် မွေးနေ့ အမှတ်တရ အနေနဲ့  လာရောက်လည်ပတ်သူများကို နှုတ်ခွန်းဆက်စကား ပြောချင်လာပါတယ်။

ဘာကြောင့်လဲ ဆိုတော့ လာရောက်သူတွေထဲမှာ ကျွန်တော့ထက် ငယ်သူတွေ အများကြီး ပါမယ်ထင်ပါတယ်။

 

Read more...
 

မန္တလေး နှစ် ၁၅၁ နှစ်ပြည့်ပြီ

E-mail Print PDF

မနှစ်က ၂၀၀၉ ခုနှစ် မေလ ၁၄ရက် မှာ မန္တလေး မြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ထွက်တော်မူကြီး ဖြင့် မင်းတုန်းမင်းတရားကြီး ထွက်တော်မူတာကို တတ်နိုင်သမျှ အင်အားနဲ့ ပုံစံတူပြုပြီး စကေးကိုက် ခြုံ့ကာ ထည့်သွင်ပြသနိုင်ခဲ့ပါတယ်။

 မန္တလေးမြို့တည်နန်းတည် နှစ်(၁၅၀)ပြည့်ပွဲတော်ကျင်းပရေးအတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ အမှတ်တရအဖြစ် ကျွန်တော့အနေနဲ့ကျင်းပရေး လုပ်ငန်းကော်မတီမှာ ကွန်ပျူတာဆိုင်ရာနဲ့ပတ်သတ်ပြီး ပါဝင်ကူညီခွင့်ရရှိခဲ့ပါတယ်။

အစည်းအဝေးမှတ်တမ်းများ၊ ကျင်းပရေးလုပ်ငန်းစဉ်များ၊  ဖိတ်စာဒီဇိုင်း၊ ပို့စကတ်များ၊ ဗီနိုင်းများစတာတွေအပြင် လုပ်ငန်းများမှာပါ ပါဝင်ကူညီခွင့်ရခဲ့ပါတယ်။

အထိမ်းအမှတ် စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် ထဲထဲဝင်ဝင် ကူညီခွင့်ရရှိခဲ့ပြီး စာတမ်းများကို အသေးစိတ်လေ့လာခွင့်ရခဲ့တာ အထူးပဲ အကျိုးများပါတယ်။

အခြား ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကော်မတီအလိုက် အဆင်ပြေပြေကျင်းပနိုင်ခဲ့ပြီး နှစ်၁၅၀ပြည့် အထိမ်းအမှတ်စာစောင်၊ မော်ကွန်း မဂ္ဂဇင်းများကိုလည်း အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

 

Read more...
 

မန္တလေး ဆိုတာ မြန်မာပါ။

E-mail Print PDF

ဒါလေး ဖတ်ကြည့်ကြပါဦး . . ကျွန်တော်နှစ်သက်မိလို့ လင့်ပေးလိုက်ပါတယ်။

လူထုစိန်ဝင်းရေးသားပြီး Eleven မှာ ပါတဲ့ 

မန္တလေးကိုချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ။

 

ဒီမှာပဲ ဖတ်မယ်ဆိုရင်တော့

Last Updated on Sunday, 21 March 2010 19:56 Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  Next 
  •  End 
  • »


Page 1 of 7

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305863

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်နှင့်နည်းပညာဌာနက ဘာသာစကား ၃၆မျိုး ပြောင်းလဲ အသုံးပြုလို့ရတဲ့ offical website တစ်ခုကို မကြာမီ တရားဝင် လွှင့်တင်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အင်တာနက်ဝက်ဆိုဒ်တစ်ခု ဖြစ်ဖို့ ကြိုးစားထားတယ်လို့ ကြားသိရပါတယ်။ မန္တလေးမြို့အကြောင်း သိချင်သမျှ အားလုံး သိဖို့ http://www.goldencity.asia မှာ ကြည့်ရှုလေ့လာနိုင်ပါကြောင်း . . .


Create Your Badge