MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ရေးမိသမျှ
ရေးမိသမျှ

ချစ်သူများနေ့ အမှတ်တရ ကဗျာ

E-mail Print PDF

ချစ်သူများနေ့အတွက် တစ်ချိန်က  သက်မှူးသခင်ဆိုတဲ့ နာမယ်နဲ့ ရေးသားပြီး အပျော်တမ်း ကဗျာစာအုပ်ထုတ်ခဲ့ကြတဲ့ ကဗျာလေးတွေကို တင်ပေးလိုက်ပါတယ်။ အခြားကဗျာများကို ဒီမှာ သွားဖတ်လို့ရပါတယ်။

 

Last Updated on Saturday, 06 March 2010 17:46 Read more...
 

ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့

E-mail Print PDF

ငယ်ငယ်က သင်ခဲ့ရပါတယ်။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

 

နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်တဲ့  အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း

ဒီလို သားမျိုးရဖို့ အမေတွေက မျှော်လင့်ခဲ့ကြပါတယ်။

 

Read more...
 

ပြည်ထောင်စုနေ့

E-mail Print PDF

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ ပြည်ထောင်စုနေ့ အခါသမယ ပဲဖြစ်ပါတယ်။

 တစ်ချိန်က တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံဆွေးနွေးကာ ပြည်ထောင်စုကြီးမှ မခွဲထွက်ဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ် ချုပ်ဆိုရာ နေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့တာကို သိရပါတယ်။

 ပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖြစ်ပါလိမ့်မယ်။

တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိမှသာ  မိမိနိုင်ငံတော်၊ မိမိလူမျိုး အတွက် ကျရောက်လာမည့် ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။

 

Read more...
 

တပို့တွဲလ မီးဖုန်းသဘင်ပွဲတော်

E-mail Print PDF

 သဘင်မီးဖုန်းပွဲတော်(မီးပုံးထင်းပူဇော်ပွဲ) ရိုးရာမပျက်ထိန်းသိမ်းဖို့ အစဉ်ကြိုးစားစို့

ကိုထိပ်(မန္တလေး)

    နွေဦးအ၀င် ဆောင်းရဲ့နှုတ်ဆက်ပွဲကတော့ တပို့တွဲလ ဖြစ်ပါတော့တယ်။
    သာစွလေ
    နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
    ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
    ဆူးပန်းလဲပေါက်၊ ၀င်းဝင်းတောက်လျက်
    ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
    ငှက်ကျေးပျံကြွ၊ ကောင်းကင်လ၀ယ်
    မာဃယှဉ်မှီ၊ ကုံရာသီဟု
    အညီခေါ်မြဲ၊ တပို့တွဲမူ
    မဖွဲ့မိုးလေ။
        ဦးအောင်ကြီး

    မြန်မာဆယ့်နှစ်လရာသီမှာ ၁၁လမြောက်လဖြစ်တဲ့ တပို့တွဲ လရဲ့ အကြောင်းကို ဆယ့်နှစ်လရာသီဖွဲ့ကဗျာများက ဖော်ပြလို့နေပါတယ်။ ဆယ့်နှစ်လရာသီအလိုက် ပြောင်းလဲလျက်ရှိတဲ့ နက္ခတ်တာရာ၊ ပွဲတော်၊ ရာသီဥတုပတ်ဝန်းကျင်ရှုခင်းရှုကွက်အစ ကဗျာဆရာတို့က ခံစားရေးဖွဲ့ ထားကြပါတယ်။

Read more...
 

နှစ်သစ်ဆုမွန်

E-mail Print PDF

မကြာမီ ၂၀၁၀ ပြည့်နှစ်ကို ကူးပြောင်းရောက်ရှိတော့မှာဖြစ်ပါတယ်။

၂၀၁၀ပြည့်နှစ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ရှိလာမယ့် နှစ်ဖြစ်သလို  ရာစုသစ်ရဲ့ ဆယ်နှစ်တာ ကာလရောက်လာမယ့်နှစ် တစ်နှစ်ပါပဲ။

ဘာတွေ ဘယ်လိုဖြစ်ဖြစ်

နှစ်ဟောင်းက အဖြစ်အပျက်တွေ

နှစ်ဟောင်းက အကျိုး-အပြစ်တွေကို ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာပဲ။

 

Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  Next 
  •  End 
  • »


Page 1 of 4

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 68
Content : 436
Web Links : 28
Content View Hits : 223048

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်နှင့်နည်းပညာဌာနက ဘာသာစကား ၃၆မျိုး ပြောင်းလဲ အသုံးပြုလို့ရတဲ့ offical website တစ်ခုကို မကြာမီ တရားဝင် လွှင့်တင်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အင်တာနက်ဝက်ဆိုဒ်တစ်ခု ဖြစ်ဖို့ ကြိုးစားထားတယ်လို့ ကြားသိရပါတယ်။ မန္တလေးမြို့အကြောင်း သိချင်သမျှ အားလုံး သိဖို့ http://www.goldencity.asia မှာ ကြည့်ရှုလေ့လာနိုင်ပါကြောင်း . . .


Create Your Badge