ယနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ Our Mandalay တစ်နှစ်ပြည့်ခဲ့ပါပြီ . . .
၂၀၀၈ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာပဲ Website တင်ဖို့အတွက် Silver Tiger ရဲ့ ရုံးခန်းမှာ ရောက်ရှိဆောင်ရွက်ခဲ့ပါတယ်။
မှတ်မှတ်ရရပါ။ အဲဒီနေ့မှာပဲ အိမ်မှာ အဖေက ဆီးကျိတ်ယောင်ပြီး ဆီးမသွားနိုင်ဖြစ်နေလို့ ကျွန်တော့်ကိုလိုက်ရှာပြီး အိုပီတီ သွားခဲ့ရပါတယ်။
အခုတော့ အချိန်ကာလ တစ်နှစ် ကုန်ဆုံးခဲ့ပါပြီ။
ourmandalay.net ဒိုမိန်းက ၂နှစ်စာ ဆိုတော့ တစ်နှစ်တော့ ကျန်ပါသေးတယ်။
ဒိုမိန်း တိုးဖို့၊ Hosting ၀ယ်နိုင်ဖို့ ကြိုးစားရပါဦးမယ်။
Our Mandalay ကို ဗဟုသုတ အသားပေး သတင်း စာမျက်နှာ အဖြစ် ဆက်လက် ဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်။
တစ်နှစ်ပြည့်အနေနဲ့ မကြာခင် မြန်မာ့ရိုးရာ စကားထာများဆိုတဲ့ အသစ် တင်ပြချက်များ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း
တစ်နှစ်ပြည့် စကားအဖြစ် ပြောလိုက်ပါရစေ . . .
လာရောက်အားပေးသူများအားလုံးကို ကျေးဇူးတင်ရှိလျက် . . . .










