မကြာမီ ၂၀၁၀ ပြည့်နှစ်ကို ကူးပြောင်းရောက်ရှိတော့မှာဖြစ်ပါတယ်။
၂၀၁၀ပြည့်နှစ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ရှိလာမယ့် နှစ်ဖြစ်သလို ရာစုသစ်ရဲ့ ဆယ်နှစ်တာ ကာလရောက်လာမယ့်နှစ် တစ်နှစ်ပါပဲ။
ဘာတွေ ဘယ်လိုဖြစ်ဖြစ်
နှစ်ဟောင်းက အဖြစ်အပျက်တွေ
နှစ်ဟောင်းက အကျိုး-အပြစ်တွေကို ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာပဲ။
၂၀၁၀ နှစ်သစ်မှာ Our Mandalay အနေနဲ့ အတတ်နိုင်ဆုံး ဗဟုသုတ ရှာမှီးရာ သုတဘဏ် တစ်ခု ဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အချိန်၊ ငွေ အဆင်ပြေမှုပေါ်မူတည်ပြီး အားလုံးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။
လာရောက်လည်ပတ်သူများအနေနဲ့ကလဲ မိမိသိလိုတာ၊ မိမိမျှဝေလိုတာများရှိရင် Mail ပေးပို့ပေးပါ။
သင့်လျှော်တာများကို ဖော်ပြပေးသွားပါ့မယ်။
မေးမြန်းလာမှုများကို သိသမျှ၊
မသိရင်တောင် သိနိုင်တဲ့နေရာကို ညွှန်းပြပေးသွားမယ်လို့ ဆန္ဒပြုရင်း
၂၀၁၀ ပြည့်နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်
မန္တလာသား
OurMandalay.Net










