ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ ပြည်ထောင်စုနေ့ အခါသမယ ပဲဖြစ်ပါတယ်။
တစ်ချိန်က တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံဆွေးနွေးကာ ပြည်ထောင်စုကြီးမှ မခွဲထွက်ဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ် ချုပ်ဆိုရာ နေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့တာကို သိရပါတယ်။
ပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖြစ်ပါလိမ့်မယ်။
တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိမှသာ မိမိနိုင်ငံတော်၊ မိမိလူမျိုး အတွက် ကျရောက်လာမည့် ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။
မကြာမီ ပေါ်ထွန်းလာမည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း လက်တွဲညီညီ ၀ိုင်းဝန်း ပြုစုပျိုးထောင် တည်ဆောက်နိုင်ကြပါစေကြောင်း ပြည်ထောင်စုနေ့ အမှတ်တရ အဖြစ် ရေးသားလိုက်ရပါတယ်။
ဒီလို နိုင်ငံတော်တည်ဆောက်ချိန်မှာ လူငယ်များအနေနဲ့လည်း မိမိတို့ တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ် . . .
မန္တလာသား










