MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ရေးမိသမျှ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့

ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့

E-mail Print PDF

ငယ်ငယ်က သင်ခဲ့ရပါတယ်။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

 

နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်တဲ့  အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း

ဒီလို သားမျိုးရဖို့ အမေတွေက မျှော်လင့်ခဲ့ကြပါတယ်။

 

ခေတ်တွေပြောင်းလာပါတယ် . .

ဗိုလ်ချုပ်ကို ချစ်သူတွေ များလာပါတယ်။

ဒါပေမယ့် . . . 

 

ဗိုလ်ချုပ်လို တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်တဲ့သူများကတော့  . . .

ရှားသည်ထက် ရှားလာကြပါတယ် . . .

 

မန္တလာသား

ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ

(ဗိုလ်ချုပ်ကိုယ်တိုင်ရှိရင်တော့ သူ့မွေးနေ့ကို တသသလုပ်နေကြသူများကို နှစ်သက်မည်မထင် . . . မွေးနေ့အကြောင်းပြောတာထက် တိုင်းပြည်ကောင်းကျိုး လုပ်တာကို ပိုမို နှစ်သက်မည်ဟုထင်ပါသည်။)

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305808

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်နှင့်နည်းပညာဌာနက ဘာသာစကား ၃၆မျိုး ပြောင်းလဲ အသုံးပြုလို့ရတဲ့ offical website တစ်ခုကို မကြာမီ တရားဝင် လွှင့်တင်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အင်တာနက်ဝက်ဆိုဒ်တစ်ခု ဖြစ်ဖို့ ကြိုးစားထားတယ်လို့ ကြားသိရပါတယ်။ မန္တလေးမြို့အကြောင်း သိချင်သမျှ အားလုံး သိဖို့ http://www.goldencity.asia မှာ ကြည့်ရှုလေ့လာနိုင်ပါကြောင်း . . .


Create Your Badge