MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ရေးမိသမျှ ၀ါဆိုနဲ့ မန္တလေး

ဝါဆိုနဲ့ မန္တလေး

E-mail Print PDF
ယနေ့ ၀ါဆိုလပြည့်နေ့ ဓမ္မစင်္ကြာ အခါတော်နေ့

တိတိကျကျပြောရရင်တော့ ဒုတိယ ၀ါဆိုလပြည့်နေ့ပါ။
ဝါထပ်တော့ ရဟန်းသံဃာတော်များက ဒုတိယ၀ါဆိုလပြည့်ကျော် ၁ရက်မှသည် သီတင်းကျွတ်လပြည့်နေ့အထိ ၀ါကပ် ၀ါဆိုတော်မူကြမှာဖြစ်ပါတယ်။
အခြားဒေသများတွင် မည်သို့ မည်ပုံ ၀ါဆိုပန်းကပ်သည်မသိ။
မန္တလေးတွင်တော့ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့သည် ဘုန်းတော်ကြီးကျောင်းများတွင် ထူးခြားသော အလှူရှိနေပေသည်။

အခြေခံပညာကျောင်းများတွင်တော့ ၀ါဆိုလပြည့်ကျော်၁ရက်နေ့ မတိုင်ခင် ကျောင်းအနီးအနားက ဘုန်းတော်ကြီးကျောင်းကို ၀ါဆိုပန်းကပ်ကာ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါတယ်။
ကျွန်တော်က အမှတ်(၁၂) အခြေခံပညာအထက်ကျောင်းမှာ နေခဲ့တော့ ၀ါဆိုပန်းကပ်ဖို့ ဆုတောင်းပြည့်မြတ်စွာဘုရားနဲ့ ဆုတောင်းရမြတ်စွာဘုရားတို့ကို အလှည့်ကျ သွားရောက်ခဲ့ရတာ အမှတ်ရပါသေးတယ်။

အိမ်က ၀ါဆို ပန်း ယူဆောင်လာကြပြီး ကျောင်းရောက်တော့ ကျောင်းသား၊ ကျောင်းသူများ ၃ယောက်တစ်တွဲနဲ့ ဘုရားရှိရာ စီတန်းသွားကြပါတယ်။ ပျော်စရာကောင်းသလို ဓလေ့တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။
အခုတော့ ကျောင်းထဲမှာပဲ ဘုန်းကြီးပင့် သင်္ကန်းကပ်ကြတော့တယ်ထင်ပါတယ်

မန္တလေးဘုန်းတော်ကြီးကျောင်းအများစုကတော့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ စည်ကားလို့ နေပါတယ်။
ကူညီလုပ်ကိုင်ကြသူတွေ ၀ါဆိုပန်း၊ ၀ါဆိုသင်္ကန်း၊ ၀ါဆို ဖယောင်တိုင်၊ အအေး များဆက်ကပ်လှူဒါန်းရင်း ဆရာတော်က ပြန်လည်ဧည့်ခံတာကို အားပါးတရ လာစားကြသူများနဲ့ပါ။

မန္တလေးမှာ ဘုန်းတော်ကြီးကျောင်းများမှာ ဘုန်းတော်ကြီးများက လာရောက်ကြတဲ့ ဒကာ၊ ဒကာမများကို ပြန်လည် ကျွေးမွေးနေ့ တစ်နေ့ပါ။
အိမ်ဘေးနားက နိဗ္ဗာန်ရိပ်သာ မြေနီကျင်းကျောင်း ဆရာတော်ကတော့ ငါတို့က တစ်နှစ်ပတ်လုံး အလှူခံနေကြပြီး ဒီတစ်ခါတော့ ငါတို့က ငါ့ ဒကာ၊ ဒကာမတွေကို ပြန်ပြီး အလှူပေးတာ၊ ဧည့်ခံတာ အားလုံး အားပါးတရ အားရပါးရ သုံးဆောင်ကြပါဆိုပြီး နှစ်တိုင်း ကြာဆံဟင်း၊ မုန့်ဟင်းခါး တစ်မျိုးမျိုးကို အမြဲ ကျွေးမွေးပါတယ်။

ဒီလိုပါပဲ ဘုန်းတော်ကြီးကျောင်း တော်တော်များများမှာ ဒီအစဉ်အလာရှိနေပါတယ်။
လာရောက်ကြသူများကလည်း မိမိတို့ တတ်နိုင်သမျှ ဖယောင်းတိုင်၊ ပန်း၊ သင်္ကန်း စတဲ့ လှူဖွယ်တွေ ပါလာတာပါပဲ။
ပန်းကတော့ ၀ါဆိုဝါကပ်တော်မူမည့် သံဃာတော်များ သိမ်အတွင်း ၀ါဆိုရာမှာ ၀ါဆိုပန်းအဖြစ်အသုံးပြုဖို့ပါ။

ဘာပဲ ဖြစ်ဖြစ် မန္တလေးက ဆရာတော်သံဃာတော်များနဲ့ ဒကာ၊ ဒကာမများရဲ့ ဆရာ ဒကာ အပြန်အလှန် ကျေးဇူးကုသိုလ်ပြုကြတဲ့ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့ကို ဘယ်နေရာရောက်နေနေ ပြန်လည်သတိရပြီး အမြဲ မန္တလေးကို ပြန်ချင်နေမိတာကတော့ . . . . ..
 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 494
Web Links : 28
Content View Hits : 323198

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge