MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ မန္တလေးအလွမ်းပြေ မန္တလေးရဲ့ ၀ါဆိုပွဲ

မန္တလေးရဲ့ ၀ါဆိုပွဲ

E-mail Print PDF

မန္တလေးရဲ့ ၀ါဆိုပွဲက မြန်မာတခြားအရပ်မှာ မတွေ့မိပါဘူး။

မန္တလေး ဘုန်းတော်ကြီးကျောင်းများမှာ ၀ါဆိုလပြည့်ကျော်တစ်ရက် ၀ါဆိုတဲ့အခါမှာ ဘုန်းတော်ကြီးကျောင်းများက သံဃာတော်များက ဒကာ၊ ဒကာမများကို ပြန်လည်လို့ ဧည့်ခံမုန့်ကျွေးတဲ့ ချစ်စရာဓလေ့ တစ်ခု ရှိပါတယ်။

ဒါကြောင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ မန္တလေးဘုန်းတော်ကြီးကျောင်းများမှာ ပရိသတ်များစည်ကားလျက်ရှိပါတယ်။

 

လွမ်းစရာလဲ ကောင်းပါတယ်။

 

အခု မန္တလေးနဲ့ ဝေးနေတော့ ၀ါဆိုပွဲကို မဆင်နွှဲရတော့ပါဘူး။

ညနေ ၂နာရီလောက်ဆိုရင် ၀ါဆိုပန်း၊ ၀ါဆိုဖယောင်းတိုင်၊ အအေးပုလင်းများနဲ့ ညဂျင်းသုပ်ချိုင့်ကိုဆွဲလို့ . . .

အိမ်နားက ဆရာ၊ ဒကာရင်းဖြစ်တဲ့ မြေနီကျင်းဘုန်းတော်ကြီးကျောင်းကို သွားကြပါတယ်။

ကျောင်းက ၂တိုက်ရှိတော့ . . .

ပထမ နိဗ္ဗာန်ရိပ်သာကျောင်းကို သွားပါတယ်။

ဆရာတော်က မိုက်ကြီးကိုင်လို့ လိုအပ်တာကို ပြော . . တပည့် ဒါယကာ၊ ဒါယိကာမများက  လိုအပ်တာတွေကို ထည့်ပေးနေကြပါတယ်။

ဆရာတော်များက လှူဒါန်းလာတဲ့ လှူဖွယ်များကို လက်ခံပြီး ရေစက်ချသင့်ချပေးနဲ့ပေါ့။

ဒုတိယ သတိပဋ္ဌာန်ကျောင်းကို သွားပါတယ်။

ဆရာတော်ကြီး ပျံလွန်ပေမယ့် ဆရာတော်ရဲ့ တူတော်က ဆက်လက်ထိန်းသိမ်းထားတော့ စည်ကားနေပါတယ်။

ဆရာတော်ကြီးရှိတုံးကတော့ ပဲလှော်သုပ်နဲ့ ရေနွေးကြမ်း။

အခုတော့ တောင်ကျောင်းနဲ့ မြောက်ကျောင်းက တစ်ကျောင်းက ကြာဆံချက်ဆို တစ်ကျောင်းက မုန့်ဟင်းခါး . . 

 

အ၀စားသောက်ပြီး ဆရာတော်ဦးချ ပြန်ကြပါတယ်။

အဲဒီနောက်မှာတော့ စံကျောင်းတိုက်ကို သွားပြီး ၀ါဆိုပန်းနဲ့ လှူဖွယ်များကပ်ပါတယ်။

ဆရားတော်ကတော့ ဆီးယိုနဲ့ မုန့်များချပေးပါတယ်။

ငှက်ပျောသီးလဲ ကျွေးပါတယ်။

ရှိတာကျွေးတဲ့သဘောပါ။

ဒီလိုနဲ့ ၀ါဆိုလပြည့်ကျော်တစ်ရက်ဆို ပုံမှန် သွားလှူ၊ သွားစားနေကျလေး လွမ်းမိပါရဲ့ . . .

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305892

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge