MANDALAY
GOLDEN CITY OF ASIA
  • Increase font size
  • Default font size
  • Decrease font size
၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏
Home စာပဒေသာ မန္တလေးအလွမ်းပြေ ၀ါလကင်းလွတ် သီတင်းကျွတ်ပြီ
ဝါလကင်းလွတ် သီတင်းကျွတ်ပြီ
E-mail Print PDF
ယနေ့ သီတင်းကျွတ်လပြည့်တော် တစ်ရက်နေ့ပါ။
ဝါလကင်းလွတ် သီတင်းကျွတ်ပါပြီ. .  .
ဒီလိုပဲ ၀ါကျွတ်ရင် လာတော့မယ့် မင်္ဂလာမောင်မယ်များကတော့ အပြည့်ဖြစ်နေပါပြီ . . .
ဘယ်သူတွေ ဘာတွေ စီးပွားရေး ဘာဖြစ်ဖြစ် မင်္ဂလာမောင်မယ်များကတော့ အသင့်ပါပဲ .  .  မင်္ဂလာဆောင်ဝင်ဖို့ လက်ဖွဲ့ဖို့ စီစဉ်ထားပေရော့ပေါ့  . . .
ဒီနှစ် သီတင်းကျွတ်ကတော့ အလွမ်းများစုနေပြီထင်ပါတယ်
မနေ့က ကိုယ်ရောက်နေတဲ့နားက ဘုရားသွားဖြစ်ပါတယ် . .  တွေ့လိုက်ရတာက စိတ္တသုခ ပတ္တမြားစေတီတဲ့ . . .
သူတို့က ဆီမီး ၁၀၀၀ ထွန်းကြတယ် . . ဆီမီး ပါ . .
မန္တလေးကစိတ္တသုခ ပရဟိတ လူငယ်များကတော့ ဆီမီး ၃၀၀၀ ထွန်းနေကြပါလိမ့်မယ် . .  ဖယောင်းတိုင်ပေါ့ဗျာ . . 
ဘုရားဝင်းအတွင်း ကြွေပြားပေါ်မှာ ဆီတွေပေကျံ မှာကို မနှစ်သက်တဲ့ ဂေါပကအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဖယောင်းတိုင်ပဲ ပူဇော်ခွင့်ရထားပါတယ်။
ဒီမှာတော့ အင်္ကျီ အဖြူလေးတွေနဲ့ . . . မန္တလေးမှာ အစိမ်းနုရောင်ပေါ်မှာ စိတ္တသုခ စာတမ်း လိုဂိုလေးနဲ့ပေါ့ . .. 
အားလုံးသတိရနေမိပါတယ်။
ဒီကနေ့ ဆိုရင် ကျောက်တော်ကြီးဘုရားပွဲကို သွားကြမယ် . . .
ပြီးတော့ ကုသိုလ်တော်ဘုရား တောင်ဘက်က ဆွေတော်မျိုးတော်များ ဧည့်ခံတဲ့ ဓမ္မာရုံမှာ ဧည့်ခံကြမယ် . . မနက် ဆွမ်းသပိတ်လောင်းလှူမယ် . . .
အခုတော့ မရောက်ဖြစ်တော့ပါဘူး . . . 
အားလုံးလွမ်းစရာတွေကြည့်ပါပဲ . . . 
ဒီကြားထဲ ဘောလုံးပွဲက သတင်းအမျိုးမျိုးကြားရ ကိုယ်တိုင်ပြေးကြည့်ပြီး ဖြစ်စဉ်ကို အသေးစိတ်တင်ချင်လိုက်တာ အသည်းကို ယားလို့ . . .
မန္တလေးမှာ ရှိလို့ကတော့ ဒီလိုပွဲကြီးပွဲကောင်းမျိုး တွေ့သမျှ ဓာတ်ပုံရိုက်ပြီး တင်ပြီး ပြီ . . .(ပြောသာပြောတယ် မန္တလေးမှာဆို အရိုက်ခံရလောက်ပြီ)
အခုတော့ အဝေးကနေပဲ မန္တလေးသတင်းနားစွင့်ရင်း . . . .  . . . 
လွမ်းမိပါတယ် သီတင်းကျွတ်ညများရယ် . . .
မန္တလေး အလွမ်းပြေ
ရတနာပုံ FC
မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း
BarCamp
မကြာမီ ကျင်းပမည်ဖြစ်သည်။
အလည်လာကြသူတွေ
Members : 109
Content : 483
Web Links : 28
Content View Hits : 305841
နှစ်(၁၅၀)ပြည့်မန္တလေး
Newsflash
မကြာမီ အချိန်အတွင်း မန္တလေးမြို့တွင် အခြေစိုက်ထုတ်ဝေလျက်ရှိသော ဂျာနယ်များအား အင်တာနက်တွင် ဖတ်ရှုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးအခြေစိုက်ဂျာနယ်များအား မန္တလေးနေ့စဉ်သတင်းစာ နည်းတူ အင်တာနက်တွင် ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Create Your Badge