MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ မန္တလေးအလွမ်းပြေ မန္တလေး နှစ် ၁၅၁ နှစ်ပြည့်ပြီ

မန္တလေး နှစ် ၁၅၁ နှစ်ပြည့်ပြီ

E-mail Print PDF

မနှစ်က ၂၀၀၉ ခုနှစ် မေလ ၁၄ရက် မှာ မန္တလေး မြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ထွက်တော်မူကြီး ဖြင့် မင်းတုန်းမင်းတရားကြီး ထွက်တော်မူတာကို တတ်နိုင်သမျှ အင်အားနဲ့ ပုံစံတူပြုပြီး စကေးကိုက် ခြုံ့ကာ ထည့်သွင်ပြသနိုင်ခဲ့ပါတယ်။

 မန္တလေးမြို့တည်နန်းတည် နှစ်(၁၅၀)ပြည့်ပွဲတော်ကျင်းပရေးအတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ အမှတ်တရအဖြစ် ကျွန်တော့အနေနဲ့ကျင်းပရေး လုပ်ငန်းကော်မတီမှာ ကွန်ပျူတာဆိုင်ရာနဲ့ပတ်သတ်ပြီး ပါဝင်ကူညီခွင့်ရရှိခဲ့ပါတယ်။

အစည်းအဝေးမှတ်တမ်းများ၊ ကျင်းပရေးလုပ်ငန်းစဉ်များ၊  ဖိတ်စာဒီဇိုင်း၊ ပို့စကတ်များ၊ ဗီနိုင်းများစတာတွေအပြင် လုပ်ငန်းများမှာပါ ပါဝင်ကူညီခွင့်ရခဲ့ပါတယ်။

အထိမ်းအမှတ် စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် ထဲထဲဝင်ဝင် ကူညီခွင့်ရရှိခဲ့ပြီး စာတမ်းများကို အသေးစိတ်လေ့လာခွင့်ရခဲ့တာ အထူးပဲ အကျိုးများပါတယ်။

အခြား ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကော်မတီအလိုက် အဆင်ပြေပြေကျင်းပနိုင်ခဲ့ပြီး နှစ်၁၅၀ပြည့် အထိမ်းအမှတ်စာစောင်၊ မော်ကွန်း မဂ္ဂဇင်းများကိုလည်း အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

 

အမှတ်တရ နောက်တစ်ခုကတော့ အထိမ်းအမှတ်စာစောင်မှာ စာတမ်းဖတ်ပွဲအကြောင်း မှတ်တမ်းအသွင် ရေးသားခွင့်ရရှိခဲ့ပြီး မော်ကွန်းမဂ္ဂဇင်းမှာတော့ မိခင်ဖြစ်သူရဲ့ ဆောင်းပါး ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

အမေ့အနေနဲ့ ဆောင်းပါးမရေးဖြစ်တာ နှစ်ပေါင်း ၃၀ကျော်ရှိနေတဲ့အချိန်မှာ ပြန်လည် ရေးသားခဲ့တဲ့ဆောင်းပါး မို့ပါ။

 

အချိန်တွေက တဖြည်းဖြည်း တစ်နှစ် ကြာခဲ့ပါတယ်။

 မန္တလေးမြို့သက်လည်း တစ်နှစ် တိုးခဲ့ပါပြီ ။ ။ ။

 

နှစ်၁၅၀ပြည့်က မန္တလေးနဲ့ ယနေ့ မန္တလေး ကွာခြားမှုတွေလည်း ရှိနေပါတယ်။

တူညီမှုတွေလည်း ရှိနေပါတယ်။

 

ဘာဖြစ်ဖြစ် ယဉ်ကျေးမှု ထိန်းသိမ်းအပ်တဲ့ မန္တလေး အဖို့

ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးထမ်းစဉ်လာများကို ဆက်လက်ထိန်းသိမ်းရင်း

မန္တလေးရဲ့ ရှေ့ခရီးကို ခေတ်သစ် ယဉ်ကျေးမှုများနှင့်အတူ ရှေ့ခရီးဆက်လှမ်းလျက်ရှိပါကြောင်း

နှစ်(၁၅၁)နှစ်ပြည့် မန္တလေးအား ဂါရ၀ပြုကာ ရေးသားလိုက်ရပါတယ်။

မန္တလာသား

www.ourmandalay.net

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 494
Web Links : 28
Content View Hits : 323199

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ အချိန်အတွင်း မန္တလေးမြို့တွင် အခြေစိုက်ထုတ်ဝေလျက်ရှိသော ဂျာနယ်များအား အင်တာနက်တွင် ဖတ်ရှုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးအခြေစိုက်ဂျာနယ်များအား မန္တလေးနေ့စဉ်သတင်းစာ နည်းတူ အင်တာနက်တွင် ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။



Create Your Badge