MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ဖတ်မိသမျှ မိခင်တစ်ယောက်၏ အားမာန်

မိခင်တစ်ယောက်၏ အားမာန်

E-mail Print PDF

အမေနေ့ အမှတ်တရ စာတစ်ပုဒ်ကို မေးလ်ပို့လာပါတယ်။

မိခင်တစ်ယောက်ရဲ့ အားမာန်ကိုဖော်ကျူးထားပြီး မန္တလေး ရတနာပုံ သတင်းစာမှာ ရေးသားလျက်ရှိတဲ့ ဆောင်းပါးရှင်ကို ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ဖော်ပြသာပေးရပေမယ့် စာမူခ၊ ဥာဏ်ပူဇော်ခ မပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးဖို့ ညီငယ့်ကို တောင်းပန်ရင်း . . .

ဂုဏ်ထူဝင့်ကြွားစွာဖြင့်

  သူရဖြိုး IC( လူငယ်)

          ကျွန်တော့်နာမည်က သူရဖြိုးတဲ့…။ ကျွန်တော့်အသက် အခု ၁၈
ပြည့်ခဲ့ပါပြီ။ ကျွန်တော့်မေမေက ဒေါ်လဲ့လဲ့ဝင်းပေါ့ဗျာ…။ မေမေက ကျွန်တော့်ကို မိုးကုတ်မြို့မှာမွေးဖွား ခဲ့တာပါ။ မိုးကုတ်မြို့လေးမှာ
ကျွန်တော်မွေးဖွားခဲ့ရပေမယ့် ကျွန်တော်မသိတတ်သေးတဲ့ အရွယ်မှာပဲ ကျွန်တော်တို့ တောင်ကြီးမြို့ကိုပြောင်းရွေ့ခဲ့ပါတယ်။ တောင်ကြီးမြို့မှာမေမေက ကျောက်ကုန်သည်ပါ။ ကျောက်ကုန်သည်တို့ထုံးစံအတိုင်း မေ့မေ့လက်ကလေးတွေဟာ နူးညံနေပါတယ်။ လက်သည်းလေးတွေကလည်း ကော့ညွတ်နေလို့နေပါတယ်. ။ လက်တင်ပဲလားဆိုတော့မဟုတ်ပါဘူး ။ မေမေက တစ်ကိုယ်လုံးကျော့မော့လို့ပေါ့။ မေမေက အပျိုဘ၀ကတည်းက မပူမပင်ပဲနေခဲ့ရတာကြောင့် မေမေ့မှာ အလှပျက်တယ်မရှိပါဘူး။ ကျွန်တော့်ကိုမေမေက သူကျောက်သွားရောင်းရာ နေရာအကုန်ခေါ်သွားတတ်ပါတယ်။ ဒါကြောင့်လည်းကျွန်တော်မေမေနဲ့ နယ်စုံရောက်ဖူးလို့….။အဲ့တုန်းက ကျွန်တော့်အသက် ၆ နှစ်၊ ၇ နှစ် ပေါ့ ….

နောက်တော့ မေမေ့ကို မသမာသူတွေလိမ်သွားတယ်။ လိမ်တာမှ အားလုံးကိုပေါ့။
အရာရာကို ကိုယ့်စိတ်နင့်နှိုင်းပြီး အားလုံးကို အယုံအကြည်ပိုခဲ့တဲ့ကျွန်တော့်မေမေရဲ့ ဘ၀ဟာ အဲ့ဒီအချိန်မှာပဲ
တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတာပါ။ စီးပွားပျက်ပြီးတော့ ကျွန်တော်တို့ ကိုယ်ပိုင်အိမ်လေးရှိတဲ့ မိုးကုတ် ၊ ရေပူရပ်ကွတ်ကို တစ်ခါပြန်ပြောင်းလာပါတယ်။
 
မေမေဟာ ဇာတိမြေဖြစ်ပေမယ့် ကြာမြင့်စွာကွဲကွာနေတဲ့ မိုးကုတ်မှာ စီးပွားရေးလုပ်ဖို့ အရားအားလုံးဟာအစိမ်းသက်သက်ကြီးဖြစ်နေတာပေါ့.။
ဒါပေမယ့် မေမေ မနေပါဘူး ။ အရင်းမရှိပေမယ့် ကျောက်တွေဆွဲ ပွဲစားလုပ်ပြီးကျွန်တော်တို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဖေဖေကလည်း
ကျောက်သွင်းတွေ တူးပြီ. ရှာဖွေကျွှေးမွေးခဲ့တာ နေ့မအိပ် ၊ ညမအိပ် ပါ။
မေမေတို့ ထမင်းငတ်ခဲ့ပေမယ့် ကျွန်တော်တို့တွေကို ထမင်းအငတ်မခံခဲ့ပါဘူး ။
ထမင်းရည်ထဲ ၁၀တန်ဆားထုပ်ကလေး ၀ယ်မထည့်နိုင်ခဲ့ပေမယ့် သားဖြစ်သူ
ကျွန်တော့်ကို မုန့်ဖိုး တစ်ရက် သုံးဆယ် မှန်မှန်ပေးနိုင်ခဲ့ပါတယ်။
မေ့မေ့လက်ဝတ်လက်စားတွေအပြင် အိမ်ပရိဘောဂတွေ ကုန်အောင် ရောင်းချခဲ့ရပေမယ့်
မေမေ .. ကျွန်တော့်စက်ဘီးလေးကို မရောင်းခဲ့ပါဘူး ။
မှတ်မှတ်ရရ ဗျာ…. အဲ့တုန်းက ”နှစ်ယောက်တစ်အိမ်မက်” ဇတ်ကားက အတော်ကို
နာမည်ကြီးခဲ့တာပါ။ ရပ်ကွတ်ထဲကလူတွေကလည်းသွားကြည့်လိုက်ကြတာဗျာ ။
ရုပ်ရှင်ရုံရှေ့ဆို ပွဲဖြစ်မတတ်ပါပဲ…။ အဲ့တုန်းက
ရုပ်ရှင်သွားမယ့်သူတွေကို အငေးသားနဲ့ထိုင်နေတဲ့ကျွန်တော့်ကို မေမေ က
သူ့အိင်္ကျီလေးရောင်းပြီး ရုပ်ရှင်လက်မှတ်ဝယ်ပေးခဲ့ပါတယ်။ အိမ်မှာ အမေတို့
စားစရာမရှိပေမယ့် ကျွန်တော့်ကို ရုပ်ရှင်ကအပြန် ခေါက်ဆွဲကြော်ဝယ်စားဖို့
၅၀၀ ပါ အပိုပေးလိုက်ပါသေးတယ်။ခေါက်ဆွဲကြော်တစ်ပွဲ ၅၀၀ ပါ။ အဲ့တုန်းက
ဘာမှမသိတဲ့ သား …. အားရ၀မ်းသာလို့ပေါ့……
မေမေ….
 ကျွန်တော် ၇ တန်းအရောက်မှာပဲ ကြမ္မာငင်တဲ့ကျွန်တော်တို့ မိသားစု ထပ်တစ်ခါ
အလိမ်ခံရပါတယ်။ တောင်ကြီးတုန်းက ပြန်ဖို့ရာအိမ်ရှိသေးလို့ခံသာပေမယ့်
အခုတစ်ခါ အလိမ်ခံရတာက အိမ်ကိုပါ။ မေမေလေ .. ညတိုင်း
ကျွန်တော်တို့မသိအောင် ကျိတ်ငိုခဲ့ရပါတယ်။”ကမ္ဘာမီးလောင် သားကောင်ချနင်း ၊
အမိသော်လည်း သားခဲဆဲ” ဆိုသလိုပါပဲ ။ မေမေ ကမ္ဘာကြီးပျက်နေပေမယ့်
ကျွန်တော်တို့ကို ၀တ္တရားမပျက်ခဲ့ပါဘူး။့  ကျွန်တော်တို့ကို မန္တလေးက
အဖိုးပိုင်တဲ့အိမ်ကိုပြောင်းပြီး ကျွန်တော့်ကို ၈တန်းကျောင်းဆက်ထားပါတယ်။
မေမေကတော့ မိုးကုတ်မှာနေခဲ့တာပေါ့။ မေမေလေ… ငါ့သားတွေတော့ သူများဆီမှာ
မျက်နှာငယ်ရတော့မယ်ဆိုတဲ့ တွေးတောစိတ်တွေနဲ့ပေါ့..။ လိမ်သွားတဲ့သူကို
သတ်ပြစ်ဖို့အထိ အမေဒေါဒတွေထွက်နေပေမယ့် မေမေ့ဒေါသတွေရဲ့ တစ်ဖက်မှာ
သားသမီးမျက်နာတွေမြင်နေရတာကြောင့်မေမေ ဒေါဒတွေကိုထိမ်းပြီး အားလုံးကို
ရင်ဆိုင်ခဲ့ပါတယ်။ လိမ်လို့အိမ်တစ်ခုလုံး ဖျက်ပြီးယူသွားကြပေမယ့် မေမေ ဟာ
ကျန်နေတဲ့ သွပ်မိုးတွေကို သံဘလက်တွေနဲ့တိုက်ဆေးပြီး ရသမျှငွေကို
ရအောင်ယူခဲ့ပါတယ်။ မေမေ ကျောက်ကုန်သည်လုပ်ခဲ့တုနုးက လက်နုနုလေးတွေ
သွေးခြေဥမတတ်ပါပဲတဲ့ .. ။ သွပ်ရောင်းရတဲ့ငွေနဲ့ မေမေ ဆိုင်ဖွင့်တယ်။
အဲ့တုန်းက ခေါက်ဆွဲတစ်ပွဲ ၁၀၀ နဲ့ စရောင်းခဲ့တာပါ။ ဆိုင်ဖွင့်ဖို့
ပန်းကန်တွေသွားဝယ်တော့ မေမေ နဲ့ ဖေဖေ ဈေးချို နဲ့ တရုတ်တန်းကို
ဆိုက်ကားငှားမစီးခဲ့ပါဘူး ။ ပြန်လာတော့ ပန်းကန်ထုပ်လေးတွေ
ခေါင်းပေါ်ရွတ်လို့……
အခုတော့ ကျွန်တော်တို့ထမင်းဆိုင်ဖြစ်သွားပါပြီ။
နာမည်အတော်အတန်ရနေပြီပေါ့။ ဒါတွေဟာ မေမေရဲ့ကျေးဇူးတွေပါ…မေမေက
သူများအိပ်နေချိန်မှာ မမောနိုင်ရှာပါဘူး ။ဟင်းတွေချက်ပြုတ်လို့ပေါ့……
လောကမှာ အမေဆိုတာ အစားပြန်မရနိုင်ပါဘူး..။ အမိမဲ့သား ရေနည်းငါး တဲ့..။
အမေမရှိတဲ့ သားဟာ အမိုးအကာမပါတဲ့အိမ်မှာနေရသလိုပါပဲ ..
ဘာမှနွေးထွေးမှုရှိမှာမဟုတ်ပါဘူး ။ အမေဟာ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်
သားသမီးတွေအတွက်ဆို အာဂသူရဲကောင်းကြီးပါ.။ ဘာမဆို ကြံကြံခံပြီး
သားသမီးအပြုံးနဲ့ ကျေနပ်ခဲ့တဲ့အမေဟာ ကျွန်တော်တို့အတွက်
ရွှေမြင့်မိုရ်ပါပဲမေမေ….. ငယ်ငယ်ကတည်းက အအေးအပူ
မျှတအောင်ကြွေးမွေးခဲ့တာတွေ..၊ ငရဲမကြောက်ဘာမကြောက် သားသမီးဇောနဲ့
ခြင်တွေ  ယင်တွေ သတ်ခဲ့တာတွေ ၊ သားသမီးအတွက်ဆိုတာတစ်ခုတည်းနဲ့ ဒုက္ခကို
အံကြိတ်ခံခဲ့တာတွေ ၊ လောကဓံကို သားသမီးတို့မသိစေဘဲ
တစ်ယောက်တည်းကျိတ်မှိတ်ခံစားခဲ့တာတွေ…….. အရွယ်ရောက်လာပြန်တော့ ပြန်ပြော
တာတွေကိုအပြစ်မမြင် ၊ ခြေရာတိုင်းတာတွေကို အပြစ်မမြင်ဘဲ ငါ့သားလေးက
တတ်လိုက်တာဆိုတာတွေ ၊ ”အမေက ဘာသိလို့လဲ..” ဆိုတာကိုပဲ အချစ်ပိုခဲ့တာတွေ
..၊ မိန်မတစ်ယောက်အတွက်ပေးဆပ်လိုက်ရတာတောင်မှ
ကျေကျေနပ်နပ်ကြီးခံယူခဲ့တာတွေ .. ၊ ငါ့ကျေးဇူးမှဆပ်ပါ့မလား
လို့မတွေးသောပဲ အပြုံးလေးနဲ့ နေခဲ့တာတွေ ..၊ မြေလေးရပြန်တော့လည်း
သားအချစ် ၊ မြေးအနှစ် ဆိုတဲ့အတိုင်း မြေးလေးကို ထိန်းကြောင်းပေးခဲ့တာတွေ
.. … … …..။ မေမေ့ကျေးဇူး မြင့်မိုရ်ဦး ပါမေမေ….
မေမေ့ကိုကြည့်လိုက်တိုင်း ကျွန်တော့်ကိုပြုံးပြတတ်ပါတယ် ။
ကျွန်တော်ဘယ်သွားသွား မေမေ့အပြုံးက နောက်ကလိုက်ပြီးသားပါပဲ… ။
ကျွန်တော့်အသက် အခုပဲ ၁၈ ပြည့်ခဲ့ပါပြီ ။နောက်လဆိုရင်ပဲ
ကျွန်တော်ဘွဲ့ယူရပါတော့မည်။”ငါ့သားလေးဘွဲ့ယူရင်….” ”
င့ါသားလေးဘွဲ့ယူရင်..” နဲ့ မေမေ မနားတမ်းအခုပြောနေပါပြီ….။ ဒါပေမယ့် မေမေ
ကျွန်တော့်ကို အလုပ်ထွက်မလုပ်စေပါဘူး ။ မေမေ့အသက် ၅၂ နှစ် ရှိပါပြီ ။
ဒါပေမယ့်မေမေ မီးဖိုထဲမှာ ချက်ပြုတ်နေတုန်းပါ။
မီးဖိုထဲချက်ပြုတ်ရုံမကပါဘူး ။ မီးဖိုထဲကထွက်တာနဲ့ မနားနိုင်ဘဲ
ထမင်းစားထွက်ခေါ်ပါသေးတယ်။အရင်က ခန္ဓာကိုယ် နွဲ့နှောင်းလှတဲ့မေမေ ..
အခုတော့ အလှဖက် ဦးမလှည့်နိုင်လို့ ၀ လို့နေပါတယ်။ ဒါပေမယ့်
ကျွန်တော့်မျက်စိထဲ မေမေ အလှဆုံးပါပဲ…။ မေမေလက်တွေ ကြမ်းနေပေမယ့်
ကျွန်တော့အတွက် အနူးညံ့ဆုံးပါပဲ..။
”ကြွပါရှင်…. ထမင်းသုံးဆောင်လို့ရပါတယ်ရှင် .. ဟင်းစုံရပါတယ်” လို့
ကိုယ်နဲ့မသိတဲ့သူတွေကို မရှက်မကြောက်ထမင်းစားခေါ်နေသော ၇၉ လမ်း ၊ ၂၉ နှင့်
၃၀ လမ်းကြား က မိန်းမ ၀၀ ကြီးမှာ သားသမီးတို့အတွက် သတ္တိအပြည့်ရှိနေသော ၊
သားသမီးတို့အတွက်ဘာမဆိုပေးဆပ်ရဲသော ၊ သားသမီးတို့အတွက် စီးပွားရှာက
ပညာတွေသင်ပေးနေသော စံပြုဖွယ် ကျွန်တော်၏မေမေ ဒေါ်လဲ့လဲ့ဝင်းဖြစ်ပါကြောင်း
..ဂုဏ်ယူဝံ့ကြွားစွာဖြင့် …..

ပြာသိုလပြည့်နေ့ ( အမေနေ့)အထိမ်းအမှတ် အမေ့ကိုမတတ်တတတ်ပညာဖြင့်
ပူဇော်ကန်တော့သောအားဖြင့်…..

                          သူရဖြိုး IC( လူငယ်)

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305802

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge