MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ဖတ်မိသမျှ လူငယ်များအတွက် လမ်းညွှန်

လူငယ်များအတွက် လမ်းညွှန်

E-mail Print PDF
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်လူငယ်များနှင့် လူငယ်များအားလုံး ဖတ်သင့်သည့်အတွက်
The Voice Weekly ဂျာနယ် Vol.6, No. 18- March 8-14, 2010 စာမျက်နှာ ၂၀နှင့် ၂၁တွင် ဖော်ပြထားရှိသော ဇာလီကျော် ရေးသားသည့် ဓမ္မဒူတ ဒေါက်တာဆေကိန္ဒ၏ တက္ကသိုလ်ဝင်တန်းဖြေဆိုနည်းလမ်းညွှန် အား ကူးယူဖော်ပြလိုက်ရပါသည်။
မန္တလာသား

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် ဧရာ(အရှေ့) လမ်းတွင် ကျင်းပသော ဓမ္မဒူတဒေါက်တာဆေကိန္ဒ၏ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုရာတွင် ကြိုတင်ပြင်ဆင်ရမည့်လမ်းညွှန်ချက်များအကြောင်း ဟောပြောပွဲတွင် ဟောပြောခဲ့သည် များကို တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအတွက် ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါသည်။

လောကကြီကို စိတ်က ဦးဆောင်တာ။ စိတ်ဖြစ်ချင်ရင် အကုန်ဖြစ်တယ်။ ဟေ့ တစ်နိုင်ငံလုံးပထမ။ တစ်နိုင်ငံလုံး ပထမရတဲ့သူမရှိဘူးလား။ ဒီမြောက်ဥက္ကလာက သားတွေ၊ သမီးတွေရယ်၊ တခြားမြို့တွေက သားတွေ၊ သမီးတွေရယ် သူတို့ကျ ခြောက်ဘာသာဂုဏ်ထူးရအောင်လို့ သူတို့ကို ခြောက်ဘာသာဖြေဆိုခိုင်းပြီး ကိုယ့်ကို တစ်ဘာသာပဲ ဖြေခိုင်းတာလား။ လူတိုင်း လူတိုင်း ဘယ်နှဘာသာဖြေရတာလဲ။ မြောက်ဥက္ကလာကမို့ တစ်ဘာသာပဲ ဂုဏ်ထူးပေး၊ ခြောက်ဘာသာမပေးနိုင်ဘူးလို့ ရှိလား၊ မရှိပါဘူး။ မြောက်ဥက္ကလာမို့လို့ သတ်သတ်ခွဲထားလား၊ တောင်ဥက္ကလာမို့လို့ သတ်သတ်ခွဲထားလား။

ဘုန်းဘုန်းကူညီနိုင်တာရှိပါတယ်။ ခြောက်ဘာသာယူချင်သူများကို အချိန်က တအားနည်းသွားလို့။ ကဲ...ဘုန်းဘုန်း ဘာကူညီရမလဲပြော။ ဒီထဲမှာ စာမေးပွဲကိုကြောက်နေတဲ့သူလည်း ရှိတယ်၊ မကြောက်တတ်တဲ့သူလည်းရှိတယ် မဟုတ်လား။ ကိုယ် စာမပိုင်သေးရင် ဘာဖြစ်တုန်း၊ ကြည့်သိတာပေါ့။ တချို့က မကြောက်ဘူး။ ဘာလို့ မကြောက်တာလဲဆိုတော့ အောင်ချင်အောင် ကျချင်ကျ မကြောက်ဘူး။ ဟုတ်လား။ သားတွေ၊ သမီးတွေက ကြောက်တဲ့လူလား၊ မကြောက်တဲ့လူလား။ ကိုယ့် ပိုက်ဆံမဟုတ်ဘူး။ မိဘပိုက်ဆံပဲ ကုန်ချင်ကုန် မကုန်ချင်နေ။ ဒီနှစ် မအောင်လည်း ... (ဖြေ-ကျောင်းသား/သူ နောက်နှစ်) ဟာ အဲဒီစိတ် မမွေးရဘူး။ (ရယ်သံများ)

စိတ်ထဲမှာစာရှိဖို့
မနက်ဖြန်မဟုတ်ဘဲ နောက် ၁၅ရက်လိုသေးတယ်ဆိုရင်လေ ကိုယ့်စိတ် ထဲစာဝင်လိုက်၊ ကျီးကန်းဝင်လိုက်၊ ဗျိုင်း
ဝင်လိုက် ဟုတ်လား။ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေရမှာလဲ။ အခုစိတ်ထဲမှာ စာ ရှိသေးလား။ စိတ်ပေါ် မူတည်ပါတယ်။ စိတ်က မနက်ဖြန် စာမေးပွဲဆိုရင် မနက်ဖြန်စိတ်နဲ့ ကနေ့ည အားရပါးရကျက်ပါ။ စာတွေ ကျက်သွားကတည်းက စိတ်ပါလက်ပါကျက်သွားပါ။ သားတို့၊ သမီးတို့ကို ပြောချင်တာ အဲဒါပါ။ လောကကြီးကို စိတ်က ဖန်ဆင်း၊ စိတ်က ဦးဆောင်၊ စိတ်ဆွဲခေါ်တဲ့နောက်ကို အားလုံးလိုက်တာ။ ကိုယ့်စိတ် ကသာ မနက်ဖြန် စာမေးပွဲဆိုတဲ့စိတ်နဲ့သာ ကျက်သွားရင်၊ ဒီမယ် စိတ်ထဲမှာ စာချည်းပဲရှိတော့တယ်။ ကျန်တာ မ၀င်တော့ဘူး။

လွှတ်ထားလိုက်(ကိုယ့်ဘာသာကိုယ်နေ)
သားတို့၊ သမီးတို့အတွက် ဘုန်းဘုန်းစိတ်ပူတာ တစ်ခုရှိတယ်။ ဘုန်းဘုန်းက ဒီရက်ထဲဆို ကျောင်းကို ခေါ်ထားချင်တာ။ လူ ၃၀၀ လောက်တော့ကောင်းကောင်းတည်းလို့နေလို့ရတယ်။ ကိုယ့်ရေချိုးခန်း၊ ကိုယ့်အိမ်သာ၊ ကိုယ့်ခုတင်နဲ့အဲလိုထားလို့ရတယ်။ စာချည်းပဲကျက်၊ အဲလိုခေါ်ထားချင်တာ။ ဘာလို့လဲဆိုရင်လေ ဒီရက်အိမ်မှာ စာကြည့်ရတာ အဖေနဲ့အမေနဲ့ မတည့်တာ ကိုယ်စာကြည့်လို့မရဘူး။ မှတ်ထား စိတ်ထဲမှာ စာပဲထည့်၊ အဖေနဲ့အမေသတ်နေလည်းသွားမဖျင်နဲ့။ ဘာမှမဟုတ်ဘဲနဲ့ အဖေနဲ့အမေစကားမများဘူးလား။

နောက် ၁၅ နှစ်အတွက် ဒီအချိန်
သားတို့၊ သမီးတို့နဲ့ တွေ့ရတာ ဘုန်းဘုန်းပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။ တစ်ခုပြောချင်တာက အားလည်းကိုးပါတယ်။ သားတို့၊ သမီးတို့ နောင် ၁၅ နှစ်လောက်ဆိုရင် လုပ်ငန်းခွင်တာဝန်အသီးသီးနဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်၊ အများလုပ်ငန်းဖြစ်ဖြစ် အလုပ်လုပ်နေကြတော့မှာ။ နောက် ၁၅ နှစ်လောက် ကြိုကြည့်လိုက်ဟုတ်လား။ နောက် ၁၅ နှစ်မှာ သားတို့၊ သမီးတို့ လူကြီးဖြစ်ပြီး အလုပ်လုပ်မနေဘူးလား။ အလုပ်လုပ်နေမှာနော်။ အဲဒီ ၁၅ နှစ်မှာ အဆင်ပြေတဲ့ ဘ၀နဲ့ အဆင်မပြေတဲ့ဘ၀ ဘယ်နှမျိုးရှိလဲ၊ ဘယ်ဘ၀သွားချင်လဲ။ အဆင်ပြေတဲ့ဘ၀သွားချင်ရင် အဆင်ပြေတဲ့ဘ၀နဲ့ အဆင်မပြေတဲ့ဘ၀ကို ဘုန်းဘုန်းတို့နိုင်ငံမှာ ဘယ်အချိန်ခွဲတာလဲဆိုရင် ၁၀ တန်းပဲ။ ဒီ ၁၀တန်းမှာခွဲတာပဲ။

လူငယ်သဘာဝပျော်ကြရွှင်ကြ၊ သူငယ်ချင်းတွေ၊ ယောက်ျားလေး၊ မိန်းကလေး၊ မောင်နှမတွေ ပေါင်းကြသင်းကြ၊သွားကြလာကြ ပျော်ကြတာ။ ဘုန်းဘုန်းကိုယ်တိုင် ဟိုမှာ သားကြီး၊ သမီးကြီးတွေရှိတယ်။ ဓမ္မဒူတ မောင်မယ်ဆိုပြီး ဘုန်းဘုန်းကချစ်တယ်။ ဒါပေမဲ့ တစ်ခုလေးပဲ ဒီ ၁၀ တန်းပဲ။ သားတို့၊ သမီးတို့ဘ၀မှာ ကပြောင်း ကပြန်ဖြစ်တာလည်း ဒီ ၁၀ တန်း၊ အဆင်ပြေဖို့လည်း တအားအရေးကြီးတယ်နော်။
ကိုယ့်အတွက် စားစရာ၊ နေစရာ၊ ထိုင်စရာ ဘာမှ ပူစရာမရှိဘူး။ ကိုယ့်မိဘရှိတယ်ဆိုပေမယ့် နောင် မိဘမရှိတော့
တဲ့အခါ ဆုံးပါးလို့ မရှိတာရယ်၊ ကိုယ့်ဘာကိုယ် အိုးခွဲလို့မရှိတာရယ် အသက် ၃၀ ဆိုရင် မိဘနဲ့ မသေချာတော့ဘူး။ ဒီ ၁၀ တန်းက အရေးကြီးပါတယ်။ အဲဒါလေးပြောချင်တာ။

မနက်ဖြန်စာမေးပွဲဆိုတဲ့စိတ်နဲ့ မနက်ဖြန်ပေါင်း ၁၅ ရက်ရှိသေးတယ်။ စာကြည့်စရာ ၁၅ ရက်ရှိသေးတယ်။
စာမှတ်စရာတွေရှိသေးတယ်။ ဟောဒီ ကျန်တဲ့ ၁၅ ရက်မှာ ပေါ့တီးပေါ့ဆနေ လိုက်ရင် ကိုယ်ဗရုတ်သုတ်ခဘ၀ဖြစ်မယ်။ ဟောဒီ ၁၅ ရက်မှာသာ မနက်ဖြန်စာမေးပွဲဆိုတဲ့စိတ်နဲ့ကြိုးစား၊ ဘယ်လိုလုပ်ရမလဲ သားတို့၊ သမီးတို့ သိပါတယ်။ ဒါတွေ ပြောစရာမလိုပါဘူး။ ဘုန်းဘုန်း ပြောချင်တာက နောက် ၁၅ နှစ် သားတို့၊ သမီးတို့ အသက် ၃၀ ကျော်လောက်ရောက်ရင် ဘ၀မှာ ကပြောင်းကပြန်တွေဖြစ်ကုန်မယ်။ တချို့သူငယ်ချင်းတွေက အဆင်ပြေ၊ တချို့သူငယ်ချင်းတွေက အဆင်မပြေ ကိုယ်ရော ဘယ်ဘ၀သွားမလဲ။ ဒီရက်အရေးကြီးတာ။ ရှင်းရှင်းပြောရရင် သားတို့၊ သမီးတို့အတွက် ဒီ ၁၅ ရက်ပဲ အရေးကြီးတာ။

ဘုန်းဘုန်းပြောတာ မှားလား။ ထည့်လိုက်ပါ။ စာမေးပွဲဖြေတဲ့ ရက်၊ ဒီရက် ၂၀ လောက်ပဲ အရေးကြီးတာ။ ဟုတ်လား။ ဘုန်းဘုန်းပြောတာ လက်ခံလား။ ကြောက်အောင်ခြောက်တာ မဟုတ်ပါဘူး။ စိတ်ညစ်အောင်
ပြောတာမဟုတ်ပါဘူး။ စဉ်းစားတတ်အောင်ပြောတာ။ နောက် ၁၅ နှစ် အဆင်ပြေချင် ရင်လည်း ဒီ ၁၅ ရက်ကို အသုံးချရမှာ၊ အဆင်မပြေချင်ရင်လည်း ဒီ ၁၅ ရက်ကို ပေါ့တီးပေါ့ဆသုံးလိုက်ရမှာ။ ဒါလေးပဲ စဉ်းစားကြည့်။ ဒီ ၁၅ ရက်လေးမှာ အဖေအမေမတတ်နိုင်ဘူးနော်။ ဘေးလူတွေ မကယ်နိုင်ဘူးနော်။ ကိုယ့်ဘ၀ကို ဘယ်သူ့မှ မကယ်နိုင်ဘူးနော်။ ဘုန်းဘုန်းတို့တောင် မကယ်နိုင်ဘူး။ ပြောရုံပဲ ပြောပေးနိုင်တာ။ တကယ်ကိုယ့်ဘ၀ကြီး ကောင်းအောင် ဘယ်သူကယ်ရမလဲ။ ကိုယ်ပဲ ကယ်ရမှာနော်။
ဘုန်းဘုန်းပြောနိုင်တာ တစ်ခုပဲရှိတယ်။ တစ်နိုင်ငံလုံး ပထမရရင် ၁၀ သိန်းပေးမယ်။ ဟောဒီ သားတွေ၊ သမီးတွေထဲက ခြောက်ဘာသာ ဂုဏ်ထူးရရင် တစ်သိန်းပေးမယ်။ ဆုချမယ် ဟုတ်ပြီလား။ ဘုန်းဘုန်းက ဘာလို့ ပြောရတာလဲဆိုရင် ဒီ ၁၅ ရက် ဖြေမယ့်ရက်ပါဆို ရင် ရက် ၂၀ ပေါ့။ အဲဒါကို သားတို့၊ သမီးတို့ ဘ၀အတွက်ကောင်းအောင်များ ကြိုးစားလိုက်ရင် အဲဒီစိတ်ကလေးပေါ်ဖို့ပဲ။

အစ်ကိုတွေ၊ အစ်မတွေ၊ ဦးတွေ၊ အဒေါ်တွေရှိတယ်နော်။ သူတို့လည်း ၁၀ တန်းဖြေခဲ့ကြတာပဲ။ ဒီ ၁၅ ရက်၊
ရက် ၂၀ ကို ပေါ့လိုက်တဲ့အတွက်ကြောင့် ဖိုသီဖတ်သီတွေ ဖြစ်နေတာတစ်ပုံကြီး။ ဟုတ်လား။ ဒီ ၁၅ ရက်၊
ရက် ၂၀ လောက်ကိုကြိုးစားလိုက်တဲ့အတွက်ကြောင့် ကြီးပွားချမ်းသာနေတဲ့သူတွေလည်း တစ်ပုံကြီးပဲ။ သားတို့၊ သမီး တို့ဘ၀မှာ ဘယ်ရက်အရေးကြီးဆုံးလဲ စာမေးပွဲဖြေတဲ့ရက်ပါထည့်ပါ။ ဒီရက် ၂၀ အရေးမကြီးဘူးလား။ ဒီဟာလေးမှ အားမထုတ်နိုင်ကြဘူးလား။ သဘောပေါက်လား။ အခုပြောတာ။

အခုကတည်းက ကြိုပြင်ပါ
ဘုန်းဘုန်းပြောပြမယ်၊ နားနဲ့မနာဖ၀ါးနဲ့နာ ရိုင်းရင်ခွင့်လွှတ်ကွယ်။ ကိုင်း သားတို့၊ သမီးတို့ အသက် ၄၀၊ ၅၀နား ရောက်ပြီ။ ၂၅ ကို ၁၆ နဲ့ပေါင်းရင် ၄၁။ နောက် ၂၅ နှစ်က သားတို့၊ သမီးတို့ အိမ်ထောင်ကျမှာ။ နောက်ထပ် ၁၆ နှစ်၊ ၁၇ နှစ်က သားတို့၊ သမီးတို့ရဲ့ သားသမီးတွေ၊ ဘုန်းဘုန်းရဲ့မြေးတွေက ၁၀ တန်းရောက်မှာ။ ကဲ...ကိုယ့်သားသမီး၊ ဘုန်းဘုန်းမြေးတွေအတွက် အခုကတည်းက ကြိုပြီးတော့ မပြင်ရဘူးလား၊ ပြင်ရမှာလား။ ကိုယ့်သာ ဒီ ၁၅ ရက် ၊ ၂၀ ရက်ကို  မကြိုးစားရင် ကိုယ့်သားသမီး ၁၀ တန်းတောင်ရောက်နိုင်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်စမ်းပါ။ တကယ်တမ်းကျတော့ သာသနာအတွက်လည်း တာဝန်ရှိ၊ သားစဉ်မြေးဆက်အတွက်လည်း တာဝန်ရှိတယ်။ အဖေ၊ အမေအတွက်လည်း တာဝန်ရှိတယ်။ ကိုယ့်မိသားစုအတွက်လည်း တာဝန်ရှိတယ်။ မိဘကို ဘယ်လိုပုံစံမျိုးနဲ့ ထားချင်တာလဲ။ ဒီလိုစိတ်၊ ဒီလိုပုံ၊ ဒီလို ပေါ့တီးပေါ့ဆနေလို့ကတော့ ကျူးကျော်ထဲ ရောက်ချင်ရောက်မှာ။
အဖေ၊ အမေကို တိုက်နဲ့မထားချင်ဘူးလား။ ကိုယ့်မိသားစု ခြံနဲ့ဝင်းနဲ့မနေချင်ဘူးလား။ ဒီလိုပုံနဲ့ဆို ရမလား။
ဘုန်းဘုန်းကြည့်ရတာ အားမလိုအားမရဖြစ်နေလို့ ပြောတာပါ။ သာသနာအတွက်လည်း သားတွေ၊ သမီးတွေကို အားကိုးချင်ပါတယ်။ ဘုန်းဘုန်းတို့မြေးတွေအတွက်လည်း အားကိုးချင်ပါတယ်။ သားတို့၊ သမီးတို့ ဘ၀အတွက်လည်း ဘယ်သူ့ကို အားကိုးရမလဲ။ ကိုယ့်ကိုယ် ကိုယ်အားကိုးရမှာ။ အချိန်အားဖြင့် ဘယ်လောက်ရှိလဲ၊ ရက် ၂၀ ပဲရှိတယ်။ ဘယ်သူ့အားကိုးရမှာလဲ။ ကိုယ့်ကိုယ် ကိုယ်အားကိုးရမှာ၊ သဘောပေါက်လား။

နိုင်ငံအတွက်လည်း အားကိုးချင်တယ်
ဘုန်းဘုန်းတို့နိုင်ငံအတွက်လည်း အားကိုးချင်ပါတယ်။ သားတို့၊ သမီးတို့ နောက် အသက် ၄၀၊ ၅၀၊ ၆၀ ဆိုရင် နိုင်ငံ့တာဝန်တွေ မထမ်းဘူးလား။ အစိုးရ၀န်ထမ်းလုပ်လုပ်၊ ကိုယ့်ပုဂ္ဂလိက၀န်ထမ်းလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်ဟာ ကိုယ့်တိုင်းပြည်အတွက်ပဲ။ သားတို့၊ သမီးတို့မှာ တာဝန်မရှိဘူးလား။ စွမ်းဆောင်ချင်စိတ်လည်း မရှိဘူးလား၊ သေချာစဉ်းစားနော်။ ဘုန်းဘုန်းက တရားတစ်ပွဲလေးပြောရုံပြောပြီး သွားတာလို့ မတွက်ပါနဲ့။ ဒီတစ်ပွဲအတွက် မဟုတ်ဘူး။ တစ်သက်လုံးအတွက်၊ တစ်သံသရာလုံးအတွက် သားတို့၊ သမီးတို့ ကောင်းရုံတင်မကဘူး။ သားတို့၊ သမီးတို့ အဖေ အမေ၊ အဘိုး အဘွားတွေကောင်းဖို့၊ သားတို့၊ သမီးတို့ရဲ့ မိသားစုတွေကောင်းဖို့၊ သားတို့၊ သမီးတို့ရဲ့ သားစဉ်မြေးဆက်တွေကောင်းဖို့၊ ကိုယ့်နိုင်ငံကြီးကောင်းဖို့ကွယ်။ သားတို့၊ သမီးတို့လက်ထက်မှာ ဒါထက်ပိုပြီး မတိုးတက်စေချင်ဘူးလား။ တကယ်ပြောတာ။ မတိုးတက်ချင်ဘူးလား။
မြေအောက်ရထားတွေ ဘာတွေနဲ့လေ။ ပြောရမှာတွေကတော့ အများကြီးပဲ။ အများကြီးပဲ။ အိမ်တွေတိုင်း တိုက်တွေတိုက်တွေနဲ့ ကိုယ့်အခန်းတွေ အခန်းတွေနဲ့ Facility အပြည့်နဲ့ ကိုယ့်အိမ်သာ၊ ရေချိုးခန်းနဲ့ ကိုယ့်အခန်းနဲ့ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုးသားချင်းတွေထားလို့၊ TV တို့၊ အင်တာနက်တို့ဆို
တာကို အိမ်တစ်လုံးကို TV ၁၀ လုံးလောက် အဲဒီလိုဖြစ်အောင် မလုပ်ချင်ဘူးလား။ ဒီလိုစိတ်နဲ့ ဆိုရမလား။ (မရ
ဘူး)။ ဘာမြှင့်ပေးရမှာလဲ။ စိတ်ဓာတ်မြှင့်ပေးရမှာ။ စိတ်တွေမြှင့်ပေးရမယ်။ အရည်အချင်းတွေတိုးအောင် ကြိုးစားရမယ်။ ဒီအတိုင်းတော့ ဘုန်းဘုန်းတို့ အားမရဘူးကွယ်။ ဘုန်းဘုန်းအကားပြောတာ မဟုတ်ပါဘူး။

ဘုန်းဘုန်းအခု ၅၂ နှစ်၊ ၅၀ ပြည့်နေ့က ဘုန်းဘန်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က Ph.D ဘွဲ့ရတယ်။ အသက် ၅၀ ကျမှ ဒေါက်တာဘွဲ့ ဘာလို့လုပ်ရတာလဲဆိုရင် ဘုန်းဘုန်း ဒီဂုဏ်တွေ မက်လို့မဟုတ်ဘူး။ အသက် ၅၀ ဘုန်းကြီးအိုကြီးတောင်မှ ဒေါက်တာဘွဲ့ရအောင်လုပ်ရသေးတယ်။ ဒီ Ph.D ဘွဲ့ စာတမ်းပြုစုတယ်ဆိုတာ ဘုန်းဘုန်း အခန်းထဲမှာ စာအုပ်တွေ အုပ် ၂၀၊ ၃၀အမြဲ ပတ်ချာလည်ကြဲနေတာ။ အိပ်စရာတောင်နေရာမရှိဘူး။ စာအုပ်လေး ဘေးတွန်းပြီး ကြမ်းပြင် အသာလေးခွေအိပ်ရတာ။
အဲဒီလောက်ထိ ပင်ပင်ပန်းပန်းလုပ်ရတာဟာ ဒီဂုဏ်ကို မက်လို့မဟုတ်ဘူး။ အသက် ၅၀ အရွယ်ရောက်နေတဲ့ ဘုန်းကြီးတောင်မှ ဒီလောက်ကြိုးစားသေးရင် တို့လည်း ဘာလုပ်ရမှာလဲ။ ကြိုးစားမယ်ဆိုတဲ့စိတ်ဖြစ်ဖို့ပဲ။ မကြိုးစားရင်ဒီလိုဘယ်ဖြစ်မှာတုန်း။ ဘုန်းဘုန်းပြောတာလက်ခံလား။

IQ, EQ, SQ
တို့မှာလေ IQ, EQ, SQ လည်းရှိတယ်။ IQ ဆိုတာသိလား။ Intelligent Quotient အသိဥာာဏ်ပေါ့လေ။ ဟာ သူ က IQ မြင့်တယ်။ သူက IQ နိမ့်တယ်။ ဒီလိုရှိတာကိုး။ သားတို့၊ သမီးတို့ကြည့်လိုက်တာနဲ့ ဒီသားတွေသမီးတွေဟာ ဒီအတန်းမှာ ဒီလိုကြိုးစားနေမှတော့ ဒီလိုပညာတွေ သင်နေမှာတော့ IQ က ရှိပြီးသား။

EQ ဆိုတာ Emotional Quotient စိတ်ပိုင်းဆိုင်ရာခံစားမှု။ ကမ္ဘာမှာ
IQ မြင့်တဲ့သူတွေရှိတဲ့နိုင်ငံက ဦးဆောင်တယ်။ နည်းပညာနဲ့ဆိုင်တာပေါ့။ လျှပ်စစ်မီးဘယ်သူထွင်လဲ၊ လေယာဉ်ပျံဘယ် သူထွင်လဲ၊ အဏုမြူဘယ်သူထွင်လဲ။ သူထွင်တဲ့ဟာတွေ အဲဒါ IQ မြင့်လို့။ အရင်
လွန်ခဲ့တဲ့ ၁၀ စုနှစ် လေးငါးခြောက်ခုနှစ် လောက်က IQ  မြင့်တဲ့လူရှိတဲ့ နိုင်ငံတွေ က ကမ္ဘာကို အုပ်ချုပ်တာ၊ ကမ္ဘာမှာ ကြီးပွားတိုးတက်လာတာ အဲဒီကနေ EQ ရောက်လာတာ။

EQ ဆို တာ (Emotional Quotient) အဲဒီ IQ မြင့်လို့ အဏုမြူထုတ်တယ်။ အဏုမြူကို ကမ္ဘာကြီး ကြီးပွားတိုးတက်ဖို့ ဆောင်ရွက်တဲ့ လူတွေရှိသလို ကမ္ဘာကြီးကို ပျက်စီးအောင်လုပ်တဲ့သူတွေလည်း ရှိတာပဲ။ လျှပ်စစ်မီးကို အဏုမြူတွေနဲ့ ထုတ်နေကြတယ်။ အဲဒါကျတော့ တိုင်းပြည်၊ နိုင်ငံ၊ ကမ္ဘာတိုးတက်အောင်
လုပ်တာပေါ့။ အဏုမြူတွေနဲ့ ဟိုပစ်ချ၊ ဒီပစ်ချဆိုရင် ကမ္ဘာဖျက်ဆီးတာပေါ့။
IQ  မြင့်တိုင်း ကမ္ဘာကြီးကို ကြီးပွားအောင် မလုပ်နိုင်ဘူး။ EQ မြင့်ဖို့ အရေးကြီးတယ်။ EQ ဆိုတာက ကိုယ့်သူ၊ သူ့
ကိုယ် တစ်ဦးနဲ့တစ်ဦးနားလည်တဲ့ခံစားချက်ကလေး။ ကိုယ့်ခံစားချက်ကလေးက ဟေ့ကောင်းအောင်ပဲလုပ်မယ်၊ ဆိုးအောင်မလုပ်ဘူး။ ကိုယ်လည်း ကောင်းအောင်လုပ်၊ ဆိုးအောင်မလုပ်ဘူး။ ကိုယ့်မိသားစုလည်း ကောင်းအောင်လုပ်၊ ဆိုးအောင်မလုပ်ဘူး။ သူများမိသားစုလည်း ကောင်းအောင်လုပ်၊ ဆိုးအောင်မလုပ်ဘူး။ အဲဒီ
စိတ်ဓာတ်က EQ ပေါ့။ သားတို့သမီးတို့ မှာ အဲဒီစိတ်ဓာတ်မရှိဘူးလား။ IQ လည်း ဘုန်းဘုန်းတို့နိုင်ငံက မနိမ့်ဘူး။
EQ လည်းပဲ ဘုန်းဘုန်းတို့ နိုင်ငံကမနိမ့်ဘူး။

ဒီ ၁၀ စုနှစ် နှစ်စုလောက်မှာ EQ, EQ, EQနဲ့ EQ ကိုရှေ့တန်းတင်ပြီး တော့လုပ်လာကြတယ်။
UNက United Nations မြန်မာလိုက နိုင်ငံပေါင်းစုံအဖွဲ့ပေါ့။ ကုလသမဂ္ဂပေါ့။ ကုလဆိုတာ တစ်နိုင်ငံလုံးအမျိုး၊
သမဂ္ဂဆိုတာ ပေါင်းထားတာ။ အဲဒီ UN အဖွဲ့ကြီးရဲ့ နိုင်ငံတကာက ပညာရှင် တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေက တို့
ကမ္ဘာကြီးဟာ IQ, EQ နဲ့လည်းမရတော့ ဘူး။ SQ လိုလာပြီ။

အဲဒါလေးပြောမယ်။ SQ ဆိုတာ Spiritual Quotient။ Spirit ဆိုတာ မမြင်ရဘူး။ မမြင်ရတဲ့စိတ်ပိုင်းဆိုင်ရာ
စွမ်းအားတွေ။ အခု SQ ကို ကမ္ဘာက တပ်လှန့်လာပြီ။ လာမယ့် ၁၀ စုနှစ်ဆိုရင် SQ အားကောင်းတဲ့နိုင်ငံတွေက ထိပ်တန်းရောက်တော့မှာ။ Spiritual ဆိုတာ ဘာလဲလို့မေးရင် Spiritual Mind  နဲ့ Spiritual Power ပေါ့လေ။ Mental Power တွေအားကောင်းလာတာ။

အဲဒီအနေနဲ့ကတော့ ဘုန်းဘုန်း တို့ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ကSpiritual က အားကောင်းပြီးသား။ ဒီ Spiritual Quotient အနေနဲ့ပြောရင် Mental Power ပေါ့။ သိလား Mind Power လို့လည်း ခေါ်တယ်။ သိလား ဘာလဲ
Mind Power စိတ်ပိုင်းဆိုင်ရာခေါ်တယ်။ အဲဒါကို မြန်မာလိုပြောရင် သီလ၊သမာဓိ၊ ပညာပေါ့။

Spiritual Quotient အနေနဲ့ ဒီ Mind Power ၊ Mental Power အနေနဲ့ က သီလဆိုတာ Moral တွေ၊ သမာဓိ
ဆိုတာ Concentration၊ ပညာဆိုတာ Wisdom ဟုတ်တယ်နော်။ သီလဆိုတာ သားတို့သမီးတို့မှာ မရှိဘူးလား။ သီလ ဘာတွေရှိလဲ။ ငါးပါး၊ ရှစ်ပါး၊ ၁၀ ပါး၊ ၂၂၇ သွယ် အဲဒါက အရေအတွက်။ တကယ့်သီလဆိုတာက သီလရဲ့
တန်ဖိုးက ကာယကံ၊ ၀စီကံတွေကို နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်တာသည် သီလတစ်နည်းအားဖြင့် နေ
တတ်ထိုင်တတ်ပြောတတ်ဆိုတတ်ပြီးတော့ နေတဲ့သူက သီလလို့ခေါ်တယ်။

သားတို့သမီးတို့ ဒီအရွယ်ကတည်းက နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်ဖို့က မလိုဘူးလား။ လိုတယ်နော် အဲဒါလေးတွေသင်ပေးချင်တာ။ ဘုန်းဘုန်းတို့ တရားစခန်းဖွင့်တယ်ဆိုတာ နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ်ဖြစ်အောင် အဲဒါပဲ။

ဒီရက်ထဲမှာ ကိုယ့်စာပဲ ကိုယ်လုပ်၊ မပြောတတ်ရင် ကြားညပ်တယ်။ နေထိုင်ပြောဆိုတတ်တာ သီလ။ စိတ်
ထားတတ်တာသည် သမာဓိ။ အဖေအမေ ရန်ဖြစ်ရင် ၀င်ပါမလား။ ဒီရက်ထဲ သမာဓိရှိရှိနဲ့ စိတ်ဘယ်မှာထားမလဲ။ အရေးကြီးတယ်နော်။ အဲဒီသီလ၊ သမာဓိကျင့်ထားရင်ကိုပဲ တော်တော် ဟုတ်သွားပြီ။ အဲဒါ Spiritual Power ပေါ့။

နောက်တစ်ခုက ပညာ။ အဲဒီ သုံးမျိုး သားတို့မှာ မရှိဘူးလား။ နေတတ်ထိုင်တတ်၊ ပြောဆိုတတ်တာ မရှိဘူးလား။ စိတ်မထားတတ်ဘူးလား။ အခုစိတ်ထားတတ်ပြီလေ။ ဒီရက် ဒီအချိန်ဟာ ငါ့ဘ၀အတွက် အရေးအကြီးဆုံး ဆိုတဲ့စိတ် ထားလိုက်ပြီလေ။ အဲလိုစိတ်ထားလိုက်တော့မှ ကိုယ့် အလုပ်ကိုယ်လုပ်၊ ကိုယ့်စာကိုယ်ကြည့်တော့ မှာပေါ့။ ကျောင်းသားကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ Student ၊ ဆရာကို ဘယ်လိုခေါ်လဲ Teacher ။ ဘာလို့
Teacher လို့ခေါ်တာလဲ Teach လုပ်နေလို့။ ဘာလို့ Student လို့ခေါ်တာလဲ Study လုပ်နေလို့။ သားတို့၊ သမီးတို့က ဘာတွေတုန်း၊ Student တွေဆိုရင် ဘာလုပ်နေရမှာတုန်း။ Study လုပ်နေမှ အဲဒါ သီလ၊ သမာဓိရှိတယ် ပြောတာပေါ့။ နားလည်လား။ သိပြီလား။

SQ ဆိုတာသည် Student အနေနဲ့ စာတွေလုပ်ရမှာ၊ Teacher အနေနဲ့  Teach့ လုပ်ရမှာ။ Government အနေနဲ့ Govern လုပ်ရမှာပဲ။ ဒါမှ ကိုယ့်အလုပ်ကိုယ်လုပ်တာ သီလ မရှိဘူးလား။ ကိုယ့်အလုပ် ကိုယ်လုပ်တာ သမာဓိ မရှိဘူးလား။ အဲဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ ဒီလိုကိုယ့်အတွက်ကောင်းအောင်၊ ဒီလိုသူများအတွက်ကောင်းအောင်၊ ကောင်းအောင်တွေလုပ်လာရင် အဲဒါ ပညာရှိတယ်ခေါ်တယ်။

ဒီ ၁၅ ရက်လေးတော့ ကိုယ့်အတွက်၊ ကိုယ့်မိဘ၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ဆွေမျိုးသားချင်းအတွက်၊
ကိုယ့်နိုင်ငံ၊ ကိုယ့်သာသနာအတွက်၊ ကိုယ့်သားစဉ်မြေးဆက်အတွက် ဒီရက်၂၀ လေးမှ မရင်းနှီးနိုင်ဘူးလား။ အိပ်ရေးပျက်ခံဖို့ မဟုတ်ဘူး။ စာကို စိတ်ပါ လက်ပါကြည့်ဖို့ နားချိန်နား၊ စာကြည့်ချိန်ကြည့်၊ အဲဒါမှ လိမ္မာယဉ်ကျေးတဲ့ သားတွေသမီးတွေဖြစ်လာမှာ။

စာမှတ်မိဖို့
စာမကျက်ခင် အဲဒီလို (ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ) ကို စိတ်နဲ့ အရင်ဆိုပြီးတော့
စာကျက်ပါ။ ပိုပြီးတော့ရပါတယ်။ ပိုပြီးတော့ မှတ်မိပါတယ်။မကျက်ဖြစ်တဲ့စာမရှိဘဲနဲ့ စာတွေကျက်ဖြစ်၊ စာတွေရပြီးတော့ စာမေးပွဲကို ခြောက်ဘာသာဂုဏ်ထူး၊ တစ်နိုင်ငံလုံး ပထမဆိုတဲ့ရည်မှန်းချက်တွေနဲ့ ကျင့်ကြံ ကြိုးကုတ်အားထုတ်ဖြေဆိုနိုင်သဖြင့် သားတို့သမီးတို့အားလုံးအောင်မြင်ပြီး မိမိအတွက်၊ လောကအတွက်၊ သာသနာအတွက်၊ တစ်နိုင်ငံလုံးအတွက် အောင်မြင်ကြီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့သားကောင်း၊ သမီးကောင်းတွေဖြစ်ကြပါစေကုန်သတည်း။

တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသား၊ကျောင်းသူတွေအတွက်ဆုတောင်းပေးခဲ့ပါတယ်။
ဇာလီကျော်
Last Updated on Tuesday, 09 March 2010 13:22  

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305835

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.co.cc ၀က်ဆိုဒ်အား ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ စတင်ပြီး

တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။

၁-၁-၂၀၀၉ ရက်တွင် စတင်ပြီး မှတ်ပုံတင်ခွင့်ပြုရန် စီစဉ်ထားရှိပါတယ်။

www.ourmandalay.net ဟူသော ဒိုမိန်းနိမ်းဖြင့် လွှင့်တင်နိုင်ရန်

စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း . . . .



Create Your Badge