ဒီကနေ့ သူငယ်ချင်းများနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရာကို ရောက်ခဲ့ပါတယ်။
အဲဒီမှာ ၅နှစ်သားကလေးငယ်က ဦးဆောင်လို့ အခင်းများထဲ လျှောက်သွားပါတယ်။
ကလေးငယ်က တစ်နေရာရောက်တော့ပြောပါတယ်။
“ သား ချိုးထောင်ထားတယ် တက်မနင်းကြနဲ့တဲ့”
နောက်က ပါလာတဲ့သူငယ်ချင်းများကလည်း မေးလိုက်ပါတယ်။
“ဘယ်နား ချိုးထောင်တာလဲတဲ့”
သင်ရော ဘယ်နား ချိုးထောင်လဲ ဖြေကြည့်ဦးနော် . . .
နောက် ဆက်သွားရင်း မေးလိုက်ပါတယ်။
သား ဘယ်အချိန် ချိုးထောင်လဲဆိုတော့
ချိုး ည ထောင်တာပေါ့တဲ့
သင်ရော ည ချိုးထောင် သေး လား . . .
၆-၁-၂၀၀၉ ရက် စိတ္တသုခ ပရဟိတလူငယ်များ တောရကျောင်း ပန္နက်တော်တင်ပွဲ သွားစဉ် အမှတ်တရ