nargiz.exe ဗိုင်းရပ်စ်
နဲ့ ပတ်သတ်တဲ့သတိပေးချက်ကို သူငယ်ချင်းတစ်ယောက်ဂျီတော့မှာ ပေးလာပါတယ်။
ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီး ရှာဖွေကြည့်လိုက်ပါတယ်။
ပထမ သတိပေးချက်ကို တွေ့သလို
ဖြေရှင်းနည်းတစ်ခုကိုလဲ တွေ့ရပါတယ်။
ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ အလုပ်လုပ်ပုံကို တိတိကျကျ သိရမယ်ဆိုရင်တော့ ကောင်းပါတယ်။ မတိကျတော့ ဘာလိုပြောရမှန်းမသိသေးပါဘူး
ဘယ်ဗိုင်းရပ်စ်ကြောင့်လဲတော့ မသိပါဘူး
ဝင်းဒိုး ၀င်မရပဲ ပတ်စ်ဝက် ပိတ်တာမျိုးတော့ဖြစ်ဖူးပါတယ်။ အောက်မှာပါတဲ့အတိုင်း ပတ်စ်ဝက် ချိန်းလိုက်တယ် နောက် အကောင့်တစ်ခု ထပ်ဆောက်လိုက်တော့ အဆင်ပြေသွားတာတော့ ကိုယ်တိုင်လုပ်ဖူးပါတယ်။
ဗိုင်းရပ်စ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သိချင်တာရှိရင် စီဘောက်စ်မှာဖြစ်ဖြစ် mandalarthar @ gmail.com ကို ဖြစ်ဖြစ် ဆက်သွယ်မေးမြန်းလို့ရပါတယ်။
သိရင် သိသမျှ မသိရင် ရှာဖွေပြီး အကြောင်းပြန်ပေးပါ့မယ် . . .
အခု ဒီ ၁ ရက် ၂ ရက်အတွင်းမှာ nargiz.exe ဆိုတဲ့ ဗိုင်းရပ်စ်တခုပေါ်ထွက်နေပါတယ်။
Anti-virus ဖြစ်တဲ့ kaspersky လည်း မနိုင်ဘူးဖြစ်နေပါတယ်။
အဲဒီဗိုင်းရပ်စ်က ဘယ်လိုမျိုးဒုက္ခပေးသလဲဆိုတော့ အခုအချိန်အထိ
ကျနော်သိသလောက်ဆိုရင်တော့
registry editor ဖွင့်လို့မရတော့ဘူး။ Task Manager ဖွင့်လို့မရတော့ဘူး။
System restore ပေးမလုပ်တော့ဘူး။
နောက်ပြီးတော့ စက်ကလေးသွားတယ်။ ကိုယ့်ဒေတာတွေ၊ ကိုယ်လုပ်သမျှတွေက
သူ့ဆီကိုရောက်သွားလား၊ မသွားလားတော့
အသေအချာမသိသေးဘူး။ သတိထားကြပါ။ တခြား Thumb Drive တွေကို ကိုယ့်စက်ထဲ
အထိုးမခံပါနဲ့။ ထိုးလိုက်တာနဲ့
ကိုယ့်စက်ထဲကို ချက်ချင်းကူးပါတယ်။ ဗိုင်းရပ်စ်က ရန်ကုန်တက္ကသိုလ်က
ကွန်ပျူတာကျောင်းသားတွေလုပ်တာ လို့သိရပါတယ်။
အားလုံးကို ဝေမျှပေးလိုက်ပါတယ်
ဆက်လက်ဖြန့်ဝေပေးပါ
အစ်ကိုရေ.........
ကျွန်တော်နဲနဲပြောကြည့်မယ်........အစ်ကိုဘယ်လင်ခ့်တွေကိုသွားဖွင့်မိလဲ....ကျွန်တော်ထင်တာက အစ်ကို့စက်ကို nargiz.exe ဆိုတဲ့ virus ၀င်သွားပြီထင်တာပဲ
nargiz.exe က windows ရဲ့ password ကို auto ပြောင်းလိုက်တယ်.....save mode ကနေလဲဝင်လို့ရမှာ မဟုတ်ပါဘူး.....password reset(or) clear လုပ်တဲ့ boot
CD တစ်ခုခုနဲ့ password ကို clear ပေးလိုက်ပါ ။ Hrien's Boot CD နဲစမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်........အစ်ကို ကိုယ်တိုင်ဘာမှ မလုပ်ဘူး...ပြီးတော့ အစ်ကို့
စက်ကို ဘယ်သူမှလဲ password မပြောင်းပဲသူ့ဘာသူပြောင်းသွားတာဆိုရင်တော့............သေချာပါတယ်.........အဲဒါ nargiz.exe virus ပါ ။
အဆင်ပြေပါစေဗျာ...........










