မြန်မာချက်အွန်လိုင်း မှာ admin က ထုတ်ပြန်ချက်များအဖြစ် ကြေညာထားတာကို တွေ့လိုက်ရပါတယ်။ အားလုံးအတွက် နည်းပညာအထောက်အကူ ဖြစ်စေဖို့ မြန်မာချက်အွန်လိုင်းက admin ထံ ခွင့်ပြုချက်တောင်းပြီး တင်ပေးလိုက်ရပါတယ်။
အပြည့်အစုံသိချင်ရင်တော့ မြန်မာချက်အွန်လိုင်း မှာ သွားရောက်လေ့လာမေးမြန်းဆွေးနွေးနိုင်ပါတယ် . . . မြန်မာချက်အွန်လိုင်းမှ တာဝန်ရှိသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ Gtalk_Hacker.exe Virus ( သို့ ) Nargiz.exe Virus ဆိုပြီး Virus တစ်ခုပေါ်လာပါတယ်။ AntiVirus တော်တော်များများကလည်းမမိသေးပါဘူး။ အဲဒီ Virus ရဲ့ တိုက်ခိုက်မှုခံထားရသူများအတွက် Clear Tools လေးတစ်ခုကိုရေးသား တင်ပြပေးလိုက်ပါတယ်ဗျာ။
(၁)
Nargiz.exe Virus ကိုက်ခံထားရတဲ့စက်သည် Window မှ User Account တိုင်းကို Password များပြောင်းလဲထားခြင်း ခံရမည်ဖြစ်ပါသည်။။ ထို့ကြောင့် အောက်ပါ Password များဖြင့်မမှန်မခြင်း ရိုက်ထည့်၍ Window တက်လိုက်ပါ။
mMs1
mMs2
mMs3
mMs4
mMs5
mMs6
mMs7
mMs8
mMs9
mMs0
Virus သည် အထက်ပါ Password များမှ Random ပြုလုပ်ကာ User Account များကို ပိတ်ထားခြင်းဖြစ်သဖြင့် မည်သည့် Password ဖြင့် ပိတ်ခံထားရသည်ကို တိတိကျကျမပြောနိုင်၍ ယခုလို Password အားလုံးဖြင့် ရိုက်သွင်းစမ်းသပ်ရန် လိုအပ်ခြင်းဖြစ်ပါသည်။
( ၂ )
Window ထဲသို့ရောက်ရှိသွားပါက ClearNargizVirus.zip အထဲမှ ClearNargizVirus.exe ဆိုသောဖိုင်လေးကို Run ပေးလိုက်ပါ။ ClearNargizVirus.zip ကို ဒီနေရာလေးမှ Download လုပ်ယူနိုင်ပါသည်။
( ၃ )
Control Panel >> User Accounts တွင်းမှ မိမိနှင့် သက်ဆိုင်သော User Account ကို Password Remove သို့မဟုတ် Password Change ပေးလိုက်ပါ။
-------------------
ထိုအချက်သုံးချက်ပြုလုပ်ပြီးပါက Gtalk_Hacker.exe / Nargiz.exe Virus ကိုအပြီးတိုင်ရှင်းလင်းပြီးဖြစ်ပါသည်။ နောက်ဆက်တွဲ ပြဿနာလေးများအနေဖြင့် Drive များ Folder များကို Double Click ဖြင့်ဖွင့်မရပါက ဒီနေရာလေးတွင် ဖတ်ရှုနိုင်ပါသည်။ အဆင်မပြေသည်များကို သက်ဆိုင်ရာ အကူအညီ ကဏ္ဍများတွင် ရေးသားတင်ပြနိုင်ပါသည်ခင်ဗျာ။
မြန်မာချက်အွန်လိုင်း










