MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Funny Virus

E-mail Print PDF
လတ်တလော မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် Funny Virus သည် ဝင်းဒိုး အစိတ်အပိုင်းများကို ဖျက်ဆီးနိုင်သည် အထိ အဖျက်စွမ်းအား အလွန်ကောင်းကြောင်း ကွန်ပျူတာ ပညာရှင်များက ပြောသည်။

၎င်း Virus မှာ မေ လလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန် ခေတ်စားနေပြီဖြစ်ကြောင်း ကြားသိရသည်။

Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်း များ ပျက်စီးသွားမည်ဖြစ်ကြောင်း ရန်ကုန် ICT Park တွင်အလုပ်လုပ်သည့် ကွန်ပျူတာ ပညာရှင်တဦးက ဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့်အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။

ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခုပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကိုဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေး တယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေးထားကြောင်း၊ ဖြေလိုက်သည်နှင့် တပြိုင်နက် စက်ပိတ်သွားကြောင်း ၎င်းက ရှင်းပြသည်။

“Win32.Autorun.fzk ဆိုပြီးနာမည်ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့သွားပြီ။ အများဆုံးထိတာ အင်တာနက် ကဖေးတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပညာရှင်များ ပူးပေါင်း ဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။

“kaspersky လို့ခေါ်တဲ့ Virus သတ်တဲ့ဆော့ဖ်ဝဲ တခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန်အကန် ဝယ်ပြီးသတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ်နိုင်တာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။

အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာမျ
ားကို ယူဆောင်လာ ကာ အသုံးပြုတတ်သောကြောင့် ၎င်း ပြင်ပ ကွန်ပျူတာများမှတဆင့် ဆိုင်များသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးဆိုင် တဆိုင်မှသိရသည်။

ထို့ပြင် KMD ကွန်ပျူတာ စင်တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကိုသတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟုပြောသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုးပေါ်ပေါက်ခဲ့ဖူးသည်။ ၎င်း Virus ကြောင့် အင်တာနက် ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူတာ များ ပြဿနာတက်ခဲ့ရသည်။


ကိုးကားချက်

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1254%3Afunny-virus--&Itemid=2#button
 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305897

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge