MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home နည်းပညာ Joomla အကြောင်း သိကောင်းစရာ
Joomla အကြောင်း သိကောင်းစရာ

Create website with Joomla CMS

E-mail Print PDF

Joomla နဲ့ပတ်သတ်ပြီး Create website with joomla CMS လို့ အမည်ပေးထားတဲ့ မြန်မာလိုစာအုပ် ပထမပိုင်းကို တင်ပေးလိုက်ပါတယ်။

မှားတာများ၊ ပြုပြင်ရန်များပါရင် မေးလ်ပို့ပေးပါဦး

ကျေးဇူးတင်ရှိလျက် . . .

Read more...
 

လေ့လာလိုသူများအတွက်

E-mail Print PDF

Joomla ကို ပြည့်စုံစွာလေ့လာလိုသူများအတွက် Joomla စာအုပ်ကို မျှဝေပေးလိုက်ပါတယ်။

မူရင်း စာအုပ်ကို မျှဝေသူက silvertiger ဖြစ်ပါတယ်။ မြန်မာမိသားစုဖိုရမ် မှာဖြစ်ပါတယ်။

အောက်ပါလင့်မှာ ဒေါင်းလုပ် လုပ်ယူပေးကြပါ။

Read more...
 

joomla local install လုပ်ရန်ပြင်ဆင်ခြင်း

E-mail Print PDF

joomla local install လုပ်ရန်ပြင်ဆင်ခြင်း

Joomla install လုပ်ဖို့ ပထမဆုံး www.joomla.org ကို သွားရောက်ပြီး နောက်ဆုံး joomla ကို ဒေါင်းလုပ် လုပ်ထားရမှာဖြစ်ပါတယ်။

Stable-Full_Package ဖြစ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ zip ဖိုင်အမျိုးအစားဖြစ်ပါတယ်။

 

အဲဒီနောက်မှာတော့ joomla local မှာ အဆင်ပြေစွာ Install လုပ်ဖို့ ကြားခံ server အဖြစ်ဆောင်ရွက်ပေးမယ့် xampp ကို ဒေါင်းလုပ် လုပ်ရမှာ ဖြစ်ပါတယ်။

xampp ကို ဒီနေရာက ဒေါင်းလုပ် လုပ်ရပါမယ်။

Read more...
 

Joomla ဆိုသည်မှာ

E-mail Print PDF

၁.၂ Joomla ဆိုသည်မှာ

joomla ဆိုသည်မှာလို့သာ ခေါင်းစဉ်တပ်ထားပါတယ်။ တကယ်တော့ ကျွန်တော်လဲ သေချာမသိဘူးဗျ။ ကျွန်တော်နားလည်သလို ရေးထားမှာဖြစ်ပါတယ်။ အမှန်တကယ်အဓိပ္ပာယ်ဟုတ် မဟုတ်ကတော့ အင်္ဂလိပ်လို စာအုပ်မှာ မိမိဘာသာလေ့လာပေးကြပါဗျာ။

 

wordpressတို့၊ joomla တို့၊ Mambo တို့ဆိုတာ အင်တာနက်ဝက်ဆိုဒ် အလွယ်တကူတင်လို့ရတဲ့၊ ၀က်ဆိုဒ်ဖန်တီးတဲ့ ကြားခံ လို့ ကျွန်တော်နားလည်ပါတယ်။ joomla CMS လို့ ခေါ်တွင်ပြီး အလကား ရယူသုံးစွဲလို့ရပြီး ၀က်ဆိုဒ်တစ်ခုအဖြစ်ဖန်တီးရာမှာ ဘက်စုံချိတ်ဆက်လို့ရပါတယ်။ ဥပမာ ဖိုရမ်၊ ဓာတ်ပုံဂယ်လာရီ စတာမျိုးပေါ့။

Last Updated on Monday, 31 August 2009 17:31 Read more...
 

ကျွန်တော်နဲ့ Joomla

E-mail Print PDF

၁.၁ ကျွန်တော်နဲ့ Joomla

                Joomla ကို ကျွန်တော် ၂၀၀၈ခုနှစ် ၉လပိုင်းက မန္တလေးမိသားစုစကားဝိုင်းဖိုရမ်က silvertiger က ဖြန့်ဝေပေးတဲ့ Building Website with joomla 1.5 ဆိုတဲ့ PDF စာအုပ်ကနေ စတင်လေ့လာမိပါတယ်။

လေ့လာဖို့ စာအုပ်ကို ဖြန့်ဝေပေးသလို လိုအပ်တဲ့ မရှင်းလင်းချက်များကိုလဲ silvertiger က ကူညီရှင်းလင်း သင်ကြားပေးပါတယ်။ ဂျီတော့ကနေ မသိတာမေးလိုက်၊ section, category, article စတာတွေကိုပြောပြရှင်းလင်းပြပါတယ်။ ဒါပေမယ့် ကျွန်တော်က တုံးတော့ ပြောသာပြတယ်။ နားလည်သလိုလိုနဲ့ နားမလည်ဘူးဖြစ်နေပါတယ်။

                ဒီလိုနဲ့ မန္တလေးနေ့စဉ်သတင်းစာအတွက် joomla သုံးပြီးရေးထားတဲ့ website ကို ၀င်ရောက်ပြီး update လုပ်ခြင်း၊ နေ့စဉ်သတင်းစာတင်ခြင်းများ လုပ်ပေးခွင့်ရတဲ့အခါမှာတော့ joomla ကို လက်တွေ့ စမ်းသပ်သုံးခွင့်ရပြီး အနည်းငယ် နားလည်သဘောပေါက်လာပါတယ်။

Read more...
 



မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 68
Content : 436
Web Links : 28
Content View Hits : 223053

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge