MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

ကျွန်တော်နဲ့ Joomla

E-mail Print PDF

၁.၁ ကျွန်တော်နဲ့ Joomla

                Joomla ကို ကျွန်တော် ၂၀၀၈ခုနှစ် ၉လပိုင်းက မန္တလေးမိသားစုစကားဝိုင်းဖိုရမ်က silvertiger က ဖြန့်ဝေပေးတဲ့ Building Website with joomla 1.5 ဆိုတဲ့ PDF စာအုပ်ကနေ စတင်လေ့လာမိပါတယ်။

လေ့လာဖို့ စာအုပ်ကို ဖြန့်ဝေပေးသလို လိုအပ်တဲ့ မရှင်းလင်းချက်များကိုလဲ silvertiger က ကူညီရှင်းလင်း သင်ကြားပေးပါတယ်။ ဂျီတော့ကနေ မသိတာမေးလိုက်၊ section, category, article စတာတွေကိုပြောပြရှင်းလင်းပြပါတယ်။ ဒါပေမယ့် ကျွန်တော်က တုံးတော့ ပြောသာပြတယ်။ နားလည်သလိုလိုနဲ့ နားမလည်ဘူးဖြစ်နေပါတယ်။

                ဒီလိုနဲ့ မန္တလေးနေ့စဉ်သတင်းစာအတွက် joomla သုံးပြီးရေးထားတဲ့ website ကို ၀င်ရောက်ပြီး update လုပ်ခြင်း၊ နေ့စဉ်သတင်းစာတင်ခြင်းများ လုပ်ပေးခွင့်ရတဲ့အခါမှာတော့ joomla ကို လက်တွေ့ စမ်းသပ်သုံးခွင့်ရပြီး အနည်းငယ် နားလည်သဘောပေါက်လာပါတယ်။

 

                ၁၁လပိုင်းမှာတော့ our Mandalay ကို စတင်အကောင်အထည်ဖော်ဖြစ်ပြီး silvertiger ရဲ့ အကူအညီနဲ့ Joomla နဲ့ Hosting ကို အခမဲ့ အသုံးပြုခွင့်ရပါတယ်။ မှတ်မှတ်ရရ တန်တောင်မုန်းလပြည့်နေ့ မှာ silvertiger ရဲ့ ရုံးခန်းအတွင်း ကျွန်တော်ကိုယ်တိုင်ပဲ joomla ကို our Mandalay အတွက် Install လုပ်ခဲ့ရပါတယ်။

                အဲဒီနောက်ပိုင်းတော့ စမ်းတ၀ါးဝါးနဲ့ joomla နဲ့ကျွန်တော် နှစ်ပါးသွားခဲ့ပါတယ်။ ယနေ့အထိပါပဲ။

ဒါပေမယ့် ကျွန်တော်က စာဖတ်ပျင်းတော့ တကယ်ကောင်းတဲ့စာအုပ် လက်ထဲရှိတာတောင် မဖတ် ဖြစ်ပါဘူး။ မသိတာလေးပေါ်လာမှ ပြန်ရှာတဲ့သဘော လုပ်မိပါတယ်။ သာမန်အသုံးပြုနိုင်တဲ့အဆင့်နဲ့ပဲ ကျေနပ်ခဲ့ပါတယ်။

                နောက်တစ်ခုက our Mandalay မှာ joomla တင်တုံးက ကျွန်တော်ဘာအမှားလုပ်မိ လိုက်တယ်မသိဘူး။ image, template, plugins စတာတွေကို ထပ်မံထည့်သွင်းလို့ မရဘူး ဖြစ်နေပါတယ်။ ပြင်ဆင်ဖို့ကကျတော့ ftp နဲ့မှ ပြင်ရမှာဆိုတော့ အပြင်မှာက ftp မရတော့ ပြန်မပြင် ဖြစ်ပါဘူး။ our Mandalay မလုပ်ခင်က အလကားရတဲ့ freejoomla ဆိုဒ်တွေမှာ စမ်းသပ်သုံးစွဲခဲ့ပေမယ့် စိတ်ကြိုက်လုပ်ခွင့်မရခဲ့ပါဘူး။ ကန့်သတ်ချက်များနဲ့ဆိုတော့ စမ်းချင်တာ စမ်းလို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ် ၇လပိုင်းမှာ စိတ္တသုခပရဟိတ လူငယ် အတွက် ဒိုမိန်းအလှူရှင်ရှိလာတော့ ၀က်ဆိုဒ်အဖြစ် စနစ်တကျဖြစ်အောင် လုပ်ဖို့ဆိုပြီး free hosting တွေကို လိုက်ရှာမိပါတယ်။ အဲဒီမှာ အဆင်ပြေတဲ့နေရာ ရှာတွေ့ပြီးတော့ စိတ္တသုခ website တစ်ခုကို စမ်းသပ် ခဲ့ပါတယ်။ အဲဒီမှာတော့ လုပ်ချင်တဲ့ install မှန်သမျှ လုပ်လို့ ရခဲ့တဲ့အတွက် စမ်းသပ်ရတာ အဆင်ပြေခဲ့ပါတယ်။

                အဲဒီအချိန်မှာပဲ တော်တော်များများက joomla ကိုလေ့လာမှု လုပ်လာကြတာကို တွေ့ရပါတယ်။

ကျွန်တော်လိုပဲ စတင်ချိန်မှာ စမ်းတ၀ါးဝါးမဖြစ်ရအောင်၊ ကျွန်တော်လေ့လာသိထားတဲ့ Joomla အပိုင်းအစလေးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အခုကျွန်တော် ဖော်ပြပေးမှာက joomla လေ့လာသူများအတွက် လှေကားထစ်အချို့ကိုပါပဲ။

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305804

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge