စတုတ္ထနှစ်ကို ရောက်လာတဲ့ ကျောင်းသားတိုင်းဟာ မေလလည်လောက်မှာ ပညာပေးရေး၊ ကုသရေးနှင့် ဆိုင်တဲ့ ခရီးတစ်ခုကို ၇ရက်လောက် သွားကြရပါတယ်....။ ဟိုးအရင်တုန်းကတော့ မြင်းခြံတို့လို fluoride များတတ်တဲ့ ဒေသတွေအထိ သွားကြရပေမဲ့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း သိပ်ပြီးခရီးဝေးဝေးမသွားကြရတော့ပါဘူး...။ အခု မေလလည်မှာလည်း အရင်နှစ်တွေလိုပဲ ခရီးရှည်ထွက်ကြရမှာပါ။ survey ကောက်တာက ၂ရက်၊ ကုသရေးဆင်းတာက ၂ရက်၊ ပညာပေးဟောပြောပွဲက ၁ရက် လို့ သတ်မှတ်ကြပါတယ်...။ ဆူးလင်းတို့ မဲနှိုက်လို့ ပေါက်တာကတော့ အဖွဲ့ငါးက ကွန်းခြံကုန်းပါတဲ့...။ နာဂစ်ဖြစ်ထားတဲ့ နေရာဆိုတော့ စားစရာတောင် ရှိပါ့မလားလို့ စိုးရိမ်ရတယ်...။ ကျောင်းကကျွေးမယ် ပြီးတော့ မုန့်လေးနဲနဲပါးပါး ထည့်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် ခရီးသွားရတာဆိုတော့ ပျော်စရာပဲပေါ့...။
ပညာပေးဟောပြောပွဲမှာ တစ်ရက်ကို ကျောင်းသွားငါးယောက်နှုန်းနဲ့ ဟောပြောပညာပေးကြရမှာဖြစ်ပါတယ်...။ အဲ့ဒါလေးတွေ ဖတ်နေတုန်း ဘလော့ကို
စတင်မိတ်ဆက်
သွားဆိုသည်မှာ
သွားသည် ပါးစပ်(ခံတွင်း) အတွင်း တည်ရှိပြီး ၊ခန္ဓာကိုယ်တွင် အမာဆုံးသော
အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ သွားသည် အစာစားရာတွင်၎င်း၊
စကားပြောဆိုရာတွင်၎င်း၊ ရုပ်ဆင်းအင်္ဂါကို ပုံဖေါ်ဆောင်ရာတွင်၎င်း များစွာ
အသုံးဝင်ပေသည်။
သွားတစ်ချောင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ
သွားတစ်ချောင်းတွင် ပါးစပ်အတွင်း မြင်တွေ့ရသောအပိုင်း (crown) နှင့်
မမြင်ရသောအပိုင်း (သွားဖုံးဖြင့် အုပ်နေသောအပိုင်း) အမြစ်ပိုင်း(root)
ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။
သွားတစ်ချောင်းကို ဒေါင်လိုက်ခွဲခြမ်း စိတ်ဖြာကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။
(၁) အပြင်ဘက်ဆုံးအလွှာမှာ ကြွေသွားလွှာ (enamel) ဖြစ်ပြီး အမာဆုံး အပိုင်းဖြစ်သည်။
(၂) ယင်း၏အတွင်းဘက်တွင် ဆင်ဆွယ်နှစ်လွှာ(dentine) ရှိပြီး ကြွေသွားလွှာလောက် မမာချေ။
(၃) အတွင်းဆုံးတွင် မွသွားလွှာ(pulp) ရှိပြီး သွေးကြောများ အာရုံကြောများ ပါရှိသည်။
(၁) ကြွေသွားလွှာ
လူတစ်ဦး၏ ခံတွင်းရှိ သွားများကို ကြည့်လိုက်လျှင် မြင်ရသော
အပြင်ဘက်ဆုံး အလွှာမှာ ကြွေသွားလွှာ ဖြစ်ပါသည်။ ဤကြွေသွားလွှာသည်
သွားတစ်ချောင်း၏ အမာဆုံး အစိတ်အပိုင်း ဖြစ်သကဲ့သို့ အရိုးထက်လည်း
မာပါသည်။ လူတစ်ဦးနှင့်တစ်ဦး သွားအရောင် မတူညီကြခြင်းမှာ
ဤကြွေသွားလွှာကြောင့် ဖြစ်ပါသည်။ ကလေးများသည် လူကြီးများထက် သွားအရောင်
ပိုဖြူတတ်ပါသည်။ တစ်ခါတစ်ရံ မျိုးရိုးနှင့် အသားအရောင်ကို လိုက်၍လည်း
အရောင်ကွဲပြားတတ်ပါသေးသည်။ ဤသို့ အရောင်ကွဲပြားခြင်းမှာ
ပုံမှန်ဖြစ်ပါသည်။ သို့သော် အချို့သွားများတွင် အကြောင်းတစ်ခုခုကြောင့်
အရောင်ပြောင်းလဲခြင်းများ ရှိတတ်ပါသည်။ ဥပမာ ကလေးများငယ်စဉ်တွင်
ပဍိဇီဝဆေးများ (တက်ထရာဆိုက်ကလင်း) ကို အချိန်ကြာမြင့်စွာ သောက်သုံးရ၍
ဆေး၏အရောင်များ သွားတွင်စွဲဝင်နေခြင်း၊ မွေးရာပါချို့ရွင်းချက်ကြောင့်
သွားများတွင် အချိုင့်များဖြစ်ခြင်း၊ အရောင်ပြောင်းခြင်းနှင့်
သောက်သုံးသည့်ရေတွင် ဖလိုရိုဒ်ဓါတ်များသောကြောင့် သွားတွင်အဖြူအစင်းများ
ဖြစ်ခြင်း၊ ညိုလာခြင်း ချိုင့်ခွက်ဖြစ်ခြင်းတို့ ဖြစ်တတ်ပါသည်။ ယင်းသို့
အရောင်ပြောင်းခြင်းများမှာ ပုံမှန်မဟုတ်ပေ။
(၂)ဆင်စွယ်နှစ်လွှာ
ကြွေသွားလွှာ၏ အတွင်းဘက်တွင် ရှိသည့် အလွှာမှာ ဆင်စွယ်နှစ်လွှာဖြစ်သည်။
ယင်းအလွှာသည် ကြွေသွားလွှာလောက် မမာသော်လည်း အရိုးထက်ပို၍ မာပါသည်။
ဤအလွှာတွင် အာရုံခံစားမှုကို သိရှိနိုင်ပါသည်။
(၃)မွသွားလွှာ
မွသွားလွှာသည် သွား၏ အတွင်းဆုံးအလွှာဖြစ်ပြီး ယင်းအလွှာတွင် သွေးကြော
၊အာရုံကြောများနှင့် ဖွဲ့စည်းထားပြီး သွားတစ်ချောင်း၏ အာရုံခံစားမှုနှင့်
ယင်းသွား၏ ရှင်သန်မှုတို့သည် ဤအလွှာပေါ်တွင် မူတည်ပါသည်။
သွားဖုံးဆိုသည်မှာ
သွား၏အမြစ်ပိုင်းကို ဖုံးအုပ်ထားသော သွားဖုံးသား (Gingiva) သည်
သွားများခံတွင်း၌ ရေရှည်တည်တံ့ခံမြဲအောင် ထောက်ကူပေးထားသော
သွားမြစ်ဝန်းကျင်တစ်ရှုး (periodontium) တွင်ပါဝင်သော အစိတ်အပိုင်းတစ်ခု
ဖြစ်ပါသည်။ အခြားသွားမြစ်ဝန်းကျင် တစ်ရှုးများမှာ သွားဖုံးရိုး (alveolar
bone) ၊ သွားမြစ်ပတ်မြှေး ( periodontal ligament) နှင့် သွားမြစ်ပတ်လွှာ
(cementum)တို့ ဖြစ်ပါသည်။ သို့သော် ယင်းတို့ကို သွားဖုံးသားက
ဖုံးအုပ်ထားသဖြင့် မမြင်တွေ့နိုင်ပေ။ ကျန်းမာသော သွားဖုံးသားသည်
ပန်းနုရောင်ရှိပြီး
-သွားများကို ထိန်းသိမ်းထောက်ကူပေးရန် အတွက်လည်းကောင်း
-ခံတွင်းအနံ့ကောင်းစေရန် အတွက်လည်းကောင်း
-ရုပ်ဆင်းအင်္ဂါအတွက် လည်းကောင်း လွန်စွာ အရေးပါပေသည်။
အားလုံးပဲကျန်းမာရွှင်လန်းကြပါစေ
ညီမလေးဆူးလင်း










