အိပ်ရာဝင်ခါနီး မိုဘိုင်းလ် ဖုန်းဆက်လေ့ရှိသူတွေဟာ အိပ်မပျော်တဲ့ ရောဂါ စွဲကပ်လာလေ့ ရှိကြောင်း သိရှိရတယ်။
အဝေးရောက်နေတဲ့ ကိုယ့်ချစ်မိတ်ဆွေနဲ့ အိပ်ရာဝင်ခါနီး စကားပြောရတာက ပီတိ ဖြစ်စရာပဲ။
လူတွေက ကုန်သွယ်ခရီး ခြေဆန့်သထက် ခြေဆန့်လာတာကြောင့် ဝေးကွာနေသူတွေရဲ့ အလွမ်းတွေကို လည်း မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ဖြေသိမ့်လာကြရတယ်။
ဒါပေမယ့် အိပ်ရာဝင်ခါနီး မိုဘိုင်းလ်ဖုန်း အသုံးပြုမှုဟာ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခု မဟုတ်တာတော့ အမှန်ပါပဲ။
မကြာမီက လေ့လာတွေ့ရှိချက်တွေအရ ဆဲလ်ဖုန်းရဲ့ အချက်ပြ သင်္ကေတတွေဟာ ဦးနှောက်လှိုင်းတွေကို အပြောင်းအလဲဖြစ်စေကြောင်း သိရှိရတယ်။ အကျိုးဆက်ကတော့ ဖုန်းဆက်သူတွေ အိပ်မရတော့ဘဲ မျက်လုံးကြောင်နေလေ့ရှိတာပဲ။
သြစတျေးလျနိုင်ငံရဲ့ ဆွင်ဘာနေး နည်းပညာတက္ကသိုလ်မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ရော့ဒ်နေး ခရော့ဖ်ထ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရှာဖွေတွေ့ရှိချက် ဖြစ်တယ်။ Nokia 6110 ဆဲလ်ဖုန်းအသုံးပြုသူ အမျိုးသားနဲ့ အမျိုးသမီး ၁၂၀ ကို လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်တယ်။
ဆဲလ်ဖုန်းအသုံးပြုပြီးနောက် အိပ်ရာဝင်ကြတဲ့ သူတို့ရဲ့ ဦးနှောက်လှိုင်းတွေကို စစ်ဆေးလေ့လာကြတယ်။ သူတို့ ဦးနှောက်ထဲမှ Alpha ဦးနှောက်လှိုင်းတွေထဲမှာ ရုတ်တရက် တိုးပွားလာတဲ့ စွမ်းအင်တွေကို မြင်တွေ့ခဲ့ရတယ်။ Alpha လှိုင်းတွေဟာ ပြင်ပလောကနဲ့ ပတ်သတ်တဲ့ အတွေးတွေကို ရပ်ပြီး အတွင်းစိတ်ရဲ့ ပြန်လည်တွေးတောတဲ့ကာလမှာ
လှုပ်ရှားလာလေ့ရှိတယ်။ သူ့ရဲ့ ပုံမှန်လုပ်ငန်းလည်း ဖြစ်တယ်။ ဆဲလ်ဖုန်းထဲမှ မိုက်ကရိုဝေ့ဖ် ရေဒီယိုဓာတ်ရောင်ခြည် တုန်ခါမှုကြောင့် ဦးနှောက်ဓာတ်စီးပတ်လမ်းမှာ လျှပ်စစ်ဝင်ရောက် စွတ်ဖက်လာခြင်းကို ဖြစ်စေတယ်။ အဲဒါကို ပြန်လည်စုစည်းပြီး ထိန်းသိမ်းဖို့ လိုအပ်လာတယ်။
ဒါ့ကြောင့် ဦးနှောက်ထဲက Alpha လှိုင်းတွေ မြင့်မြင့်မားမား ထွက်ပေါ်လာရတယ်။ ဆဲလ်ဖုန်းရဲ့ လျှပ်စစ်စက်စွက်း ၀င်ရောက်လာပြီးနောက် ဦးနှောက်ကို ပြန်လည် အနားရရှိဖို့အတွက် အိပ်ချင်စိတ် နှစ်ဆတိုးလာကြောင်း တင်ပြသူတွေလည်း ရှိတယ်။ အချို့ သိပ္ပံပညာရှင်တွေကတော့ ကော်ဖီခွက် တစ်ဝက်သောက်တာလောက် တောင်မှ ထိခိုက်မှု မရှိဘူးလို့လည်း ဆိုကြတယ်။
ဘယ်ကလဲတော့မသိ . . . မေးလ်ထဲရောက်လာလို့ပါ . . .
ပေးပို့သူ၊ ရေးသားသူကို ကျေးဇူးတင်လျက်ပါ။










