MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home ကျန်းမာရေးသုတ
ကျန်းမာရေး သုတ

သွားနှင့်ခံတွင်း ပညာပေး (၁)

E-mail Print PDF

       စတုတ္ထနှစ်ကို ရောက်လာတဲ့ ကျောင်းသားတိုင်းဟာ မေလလည်လောက်မှာ ပညာပေးရေး၊ ကုသရေးနှင့် ဆိုင်တဲ့ ခရီးတစ်ခုကို ၇ရက်လောက် သွားကြရပါတယ်....။ ဟိုးအရင်တုန်းကတော့ မြင်းခြံတို့လို fluoride များတတ်တဲ့ ဒေသတွေအထိ သွားကြရပေမဲ့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း သိပ်ပြီးခရီးဝေးဝေးမသွားကြရတော့ပါဘူး...။ အခု မေလလည်မှာလည်း အရင်နှစ်တွေလိုပဲ ခရီးရှည်ထွက်ကြရမှာပါ။ survey ကောက်တာက ၂ရက်၊ ကုသရေးဆင်းတာက ၂ရက်၊ ပညာပေးဟောပြောပွဲက ၁ရက် လို့ သတ်မှတ်ကြပါတယ်...။ ဆူးလင်းတို့ မဲနှိုက်လို့ ပေါက်တာကတော့ အဖွဲ့ငါးက ကွန်းခြံကုန်းပါတဲ့...။ နာဂစ်ဖြစ်ထားတဲ့ နေရာဆိုတော့ စားစရာတောင် ရှိပါ့မလားလို့ စိုးရိမ်ရတယ်...။ ကျောင်းကကျွေးမယ် ပြီးတော့ မုန့်လေးနဲနဲပါးပါး ထည့်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် ခရီးသွားရတာဆိုတော့ ပျော်စရာပဲပေါ့...။
       ပညာပေးဟောပြောပွဲမှာ တစ်ရက်ကို ကျောင်းသွားငါးယောက်နှုန်းနဲ့ ဟောပြောပညာပေးကြရမှာဖြစ်ပါတယ်...။ အဲ့ဒါလေးတွေ ဖတ်နေတုန်း ဘလော့ကို
သတိရတာနဲ့ တင်ပေးဖို့ စိတ်ကူးမိတာပါ။

စတင်မိတ်ဆက်
       သွားဆိုသည်မှာ
               သွားသည် ပါးစပ်(ခံတွင်း) အတွင်း တည်ရှိပြီး ၊ခန္ဓာကိုယ်တွင် အမာဆုံးသော
အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ သွားသည် အစာစားရာတွင်၎င်း၊
စကားပြောဆိုရာတွင်၎င်း၊ ရုပ်ဆင်းအင်္ဂါကို ပုံဖေါ်ဆောင်ရာတွင်၎င်း များစွာ
အသုံးဝင်ပေသည်။
Read more...
 

အရက်နှင့်ဆေးလိပ် တွဲမိပြီဆိုလျှင်

E-mail Print PDF

ယနေ့ ဆရာဝန်များ တွေ့ရှိသော အချက်က ဆေးလိပ်နှင့်အရက် ပေါင်းစပ်လို့ မရပါ။
အရက်ရော ဆေးလိပ်ပါ ကျန်းမာရေးကို ထိခိုက်စေတတ်သည်။ ဤသည်မှာ လူတိုင်း
အသိပင်..။ ယင်းနှစ်ခုကို ပေါင်းလိုက်မိလျှင် ပြဿနာမှာ ပို၍ပို၍
မျှော်မှန်းသည်ထက် ကြီးထွားသွားသည်။
       အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတို့၏ ဖျားနာဖို့နှုန်းသည် ဆေးလိပ်ကို
မသောက်ပဲ အရက်ကို ရေသောက်သလို သောက်နေသောသူ၊ အရက်ကိုမသောက်ပဲ ဆေးလိပ်ကို
မီးခိုးခေါင်းတိုင်ဖြစ်အောင် သောက်နေသော သူတွေထက် ပိုသည်ဟု
ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ သုတေသနမှ ပညာရှင်များက
ဆိုပါသည်။ အဆိုပါ ဌာနကြီးမှ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောပြချက်အရ နေ့စဉ်
စီးကရက် တစ်ဗူးနှင့်အတူ အရက်ကို အသင့်အတင့် တွဲဖက်သောက်သုံးသောသူ၏
အစာမျိုလမ်းကြောင်း ကင်ဆာဖြစ်ဖို့နှုန်းသည် အရက်တစ်မျိုးထဲသာ
သောက်သုံးတတ်သူ သို့ စီးကရက် တစ်မျိုးကိုသာ နေ့စဉ်မှီဝဲသူတွေထက်
ငါးဆပိုသည်။ အကယ်၍ လူတစ်ယောက်သည် စီးကရက်ကို အသင့်အတင့်သောက်၍
နေ့စဉ်အရက်ကို အလွန်အမင်း သောက်သုံးခဲ့သော် သူ၏ အစာမျိုလမ်းကြောင်း
ကင်ဆာရောဂါ ဖြစ်မည့်နှုန်းသည် အရက် သို့ စီးကရက် တစ်မျိုးထဲ သောက်သူထက်
၁၈ဆ ပိုသည်။ အရက်ရော စီးကရက်ကိုပါ အလွန်အကျွံ သောက်မိပြီဆိုပါက
ကင်ဆာဖြစ်ရမည့်နှုန်းသည် ၄၄ဆအထိ တက်သွားနိုင်သည်။

Last Updated on Sunday, 08 February 2009 12:26 Read more...
 


Page 3 of 3

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 504
Web Links : 28
Content View Hits : 326775

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge