ရတနာပုံ မန္တလေး မြို့တည် နန်းတည် နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကို မေ၁၄ရက်က ကျင်းပရာမှာ မင်းတုန်းမင်းတြားကြီး၏ ဆွေတော်မျိုးတော်များထဲမှ အချို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေတော်မျိုးတော်များအနေနဲ့ ဖိတ်ကြားခြင်းမဟုတ်ပေမယ့် မြို့မိ မြို့ဖများအသွင်ဖြင့် ဖိတ်ကြားမှုကို လက်ခံရရှိကြပါတယ်။
ဆွေတော်မျိုးတော်များအဖြစ် သီးသန့်နေရာမပေးသော်လည်း မိမိတို့ရဲ့ ဘိုးတော်၊ ဘေးတော်တည်ထောင်ထားတဲ့မြို့တော်ကြီး နှစ်(၁၅၀)ပြည့်တာမို့ ရရာ အခန်းကဏ္ဍက ပါဝင်ဆင်နွှဲတယ်လို့ ဆွေတော်မျိုးတော်တစ်ဦးထံက သိရပါတယ်။
မင်းတုန်းမင်းတြားကြီးရဲ့ မြစ်တော်အဆင့်များသာ ကျန်ရှိတော့တယ်လို့လဲ သိရပါတယ်။
သီပေါမင်းရဲ့ မြေးအဆင့် ကျန်ရှိပါသေးတယ်။
နှစ်(၁၅၀)ပြည့်ပွဲတော်ကို မင်းတုန်းမင်း ၏ မြစ်တော် ပျဉ်းမနားခေါင်ဘုရားတော်၊
မင်းတုန်းမင်း ၏ မြစ်တော်၊ သီပေါမင်း၏မြေးတော် တော်ဘုရား၊
မင်းတုန်းမင်း၏ မြစ်တော် ပျဉ်းမနားထိပ်တင်ဝင်း၊ ပျဉ်းမနား ထိပ်တင်လှိုင်၊
မင်းတုန်းမင်း ၏ တီတော် စကုထိပ်တင်နှစ်၊
မင်းတုန်းမင်း၏ တီတော်၊ သီပေါမင်း၏ မြေးတော် ဦးစိုးဝင်း၊
မင်းတုန်းမင်း၏ တီတော် ဟင်္ဂမော်ဆက်များ စသည့် ဆွေတော်မျိုးတော်များတက်ရောက်ခဲ့ကြပါတယ်။ (အချို့ကျန်ရှိနေပါသေးတယ်၊ တက်ရောက်ခဲ့ပေမယ့် မစပ်စုမိလိုက်တာရှိနေပါသေးတယ်)
အားလုံး စုစုပေါင်း ဖိတ်စာ အစောင် ၂၀ခန့် ဖိတ်ကြားတယ်လို့ သိရပါတယ်။ အားလုံးနီးပါးတက်ရောက်ခဲ့ကြပြီး ကျန်းမာရေးမကောင်းသည့်အချို့ ဆွေတော်မျိုးတော်များကလဲ မိမိတို့ သား၊ သမီး၊မြေးများကိုတက်ရောက် စေခဲ့တယ်လို့ သိရပါကြောင်။
ဘယ်လိုပဲ သဘောထားပါစေ ဘိုးဘေးစဉ်ဆက် တည်တောင်ခဲ့တဲ့ မြို့တော် နှစ်(၁၅၀)ပွဲကို အဆင်မပြေမှုများကြားက နားလည်ပေးခဲ့ကြတဲ့ ဆွေတော်မျိုးတော်များကို ကြားထဲက လေးစားမိပါကြောင်းနှင့်
ဆွေတော်မျိုးတော်များဆိုရင် မာန်တက်တယ်ဆိုတဲ့ သဘောတရားများကို မတွေ့ရဘဲ ပြည့်ပြည့်၀၀နဲ့ ထားရာမှာ အဆင်ပြေသလို အခမ်းအနားတက်တာကို တွေ့မြင်ခဲ့ရပါကြောင်း . . .










