မန္တလေး နှစ် (၁၅၀)ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးစာပေမိတ်ဆွေများစုပေါင်းရေးဖွဲ့သီကုံး၍ ထိန်ဝင်းမွန်(အနီမောင်) ပြင်ဆင်မွမ်းမံထုတ်ဝေသည့် ကဗျာ စာအုပ် ထွက်ရှိတာကို သိရပါတယ်။
ကဗျာစာအုပ်ကို ဆရာ မောင်မဂ္ဂင် ရဲ့ လက်ဆောင်ပေးမှုနဲ့ ရရှိခဲ့ပါတယ်။
ကဗျာ ၇၂ပုဒ် ပါရှိတာကို တွေ့ရပါတယ်။
ကဗျာများကတော့ အစုံပါပဲ။
ရှေးစပ်နည်းများအတိုင်း စပ်ဆိုထားသလို ခေတ်ပေါ် နည်းများနဲ့ စပ်ဆိုထားတာများလဲ ပါ ပါတယ်။
အဆိုပါကဗျာစာအုပ်ထဲမှ နှစ်သက်မိတဲ့ကဗျာများကို တဖြည်းဖြည်းချင်း တင်ပေးသွားပါဦးမယ်။
ဆရာဒဂုန်တာရာ၏ ကဗျာခေတ်များ၏၀ိသေသ
စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ မောင်ကြည်သာ(တောင်တွင်း) တို့ရဲ့ အမှတ်တရမော်ကွန်း စတဲ့ အမှာစာများနဲ့စထားပြီး အဖုံးပန်းချီ ကျော်မင်းမောင်၊ အတွင်းပန်းချီ ကောင်းဇော်(လေရူး)၊ မွန်းမံပြင်ဆင် တက္ကသိုလ်တေဇာလင်း၊ မြေလတ်မင်းလွင်၊ အနီမောင်တို့ရဲ့ လက်ရာများကို တန်ဖိုး ၁၀၀၀နဲ့ ထွန်းဦးစာပေ မန္တလေးက ဖြန့်ချိထားပါကြောင်း။










