ရတနာပုံ FC ဘောလုံးအသင်းအနေဖြင့် ထိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် (27.10.209) မှ (29.10.09) ထိ ကျင်းပမည့် ထိုင်းနိုင်ငံလက်ရွေးစင်အသင်း၊ မြောင်တောင်ယူနိုက်တက်အသင်းနှင့် ဗီယက်နမ်နိုင်ငံမှ Hoang Anh Gai Lai Football Club တို့ပါဝင်သော Phuket Kata Group Cup 2009 ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်လျှက်ရှိသည်။ အဆိုပါ ပြိုင်ပွဲတွင် အတွက် MNL Grand Royal 2009 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ကစားသမား (၂၉) ယောက်လုံး လိုက်ပါမည် ဟုလည်း သိရသည်။
ရတနာပုံအသင်းသည် အဆိုပါပြိုင်ပွဲအတွက် (26.10.09) ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီး (30.1.09) ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ (31.10.09) ရက်နေ့တွင် MNL Grand Royal 2009 ပြိုင်ပွဲ၏ နဝမမြောက် ရက်သတ္တပတ် ပွဲစဉ် အဖြစ် Delta Utd အသင်းနှင့် သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
http://www.myanmarnationalleague.com/news80.htm မှ ကူးယူဖော်ပြသည်။










