MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home အားကစား ရတနာပုံ FC ရတနာပုံ ရှုံးပွဲမရှိပါ . . . .

ရတနာပုံ ရှုံးပွဲမရှိပါ . . . .

E-mail Print PDF

ရတနာပုံနဲ့ ဒယ်တာ ပွဲကတော့ မြန်မာ့နေရှယ်နယ်လိဂ် ပွဲစဉ်များအတွင်း ပြောစမှတ်တွင်တဲ့ ပွဲဖြစ်ပါလိမ့်မယ်။

ဒိုင်လူကြီးက အမှားလုပ်တယ်။

ရှုံးပွဲမရှိ ချန်ပီယံက ပထမဆုံးအရှုံးတွေ့တယ်။

ပရိသတ်က ထိန်းမရဖြစ်ခဲ့တယ်. . . 

 

ဒါတွေအားလုံးကို သုံးသပ်ကြည့်ရမယ်ဆိုရင်တော့

 

နောက်နှစ်ခုက ဖြစ်နိုင်တာ ဖြစ်နေကျ လို့ သတ်မှတ်လို့ရပါတယ်။

ဒါပေမယ့် တကယ်တော့ သုံးခုလုံးက ဖြစ်နိုင်တာ ဖြစ်နေကျပါပဲ။

အရှုံးဆိုတာကလဲ တွေ့နိုင်တာပါပဲ၊ တွေ့နေကျ ပါပဲ။

ပရိသတ်ထိန်းမရတာကတော့ ဖြစ်နိုင်တာ၊ ဖြစ်နေကျပါပဲ။

အထူးပြောရမှာကတော့ စိတ်မကောင်းပါဘူး . .  ဒိုင်လူကြီး ဆုံးဖြတ်ချက်မှားတယ်ဆိုတာကလဲ ဖြစ်နိုင်တာ . . . ထက်  . ..  ဖြစ်နေကျ များဖြစ်နေကြပြီလား . . .

ပရိသတ် ထိန်းမရတာတဲ့အဓိကအကြောင်းအရင်းက

ကစားသမားတွေကစားတာ မကောင်းရင် . .  ထိန်းမရပါဘူး။ ဒါပေမယ့် ထိန်းသိမ်းနိုင်ဖို့ လွယ်ကူပါတယ်။

ဒိုင်လူကြီးများက ဆုံးဖြတ်ချက်မှားပြီး တစ်ဖက်အသင်းကို မျက်နှာသာပေးသလိုဖြစ်ခဲ့ရင်တော့ ပရိသတ်ကို ထိန်းလို့ရနိုင်မယ်မထင်ပါဘူး။ ထိန်းသိမ်းရလဲ ခက်ပါလိမ့်မယ်။

ရှုံးလို့ ဆူပူတဲ့ ပရိသတ်ကတော့ ထိန်းရလွယ်ပါတယ်။ . . . ပုံမှန် ခြေစွမ်းအပြတ်အသတ်နဲ့သာ ရှုံးပါ။

ပရိသတ်က နားလည်သဘောပေါက်ကျမှာပါ။

 

ဘာဖြစ်ဖြစ်ပေါ့ဗျာ . .  ပြီးခဲ့တာတော့ ပြီးခဲ့ပါပြီ  ။ ။  ဒိုင်လူကြီးမှားတယ် တစ်လပိတ်တယ် . . . ၃၀၀၀၀ မပေးတော့ဘူး . . . ဘာမှ မနစ်နာဘူးထင်ပါတယ်။  . . . ခံလိုက်ရတဲ့ ရတနာပုံအသင်းနဲ့ ပရိသတ်အတွက်ကတော့ တန်ဖိုးဖြတ်မရခဲ့ပါဘူး . . . 

ဒါကြောင့် မြန်မာဘောလုံးလောက တိုးတက်ဖို့အတွက် ကစားသမားတွေ တိုးတက်ကောင်းမွန်လာစေဖို့ထက် အရေးကြီးတာက သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဒိုင်များ တိုးတက်လာဖို့က အဓိကပဲ ဖြစ်ပါတယ်။

အခု ဖြစ်စဉ်မှာက ဒိုင်လူကြီးအနေနဲ့ မရှိတဲ့ စည်းမျဉ်းနဲ့ ဆုံးဖြတ်ချက် ချတယ်ဆိုတော့ . . . .  တစ်လပဲ ပွဲပိတ်လိုက်တာက . . . 

သာမန်ဘောလုံးပွဲ ကြည့်သူတောင်သိတဲ့ ပင်နယ်တီဧရိယာမှာ ပစ်ဒဏ်ဘောပေးခြင်း၊ မပေးခြင်း၊ ပင်နယ်တီပေးရမယ်၊ မပေးရမယ် . . .  ဆိုတာက . . . . 

အဲလိုဆုံးဖြတ်ချက်တောင်မှားခဲ့တာဆိုတော့လည်း . . . အတော်စိတ်မကောင်းဖြစ်ရပါတယ်။ . . .

တကယ်လို့သာ အဲဒီဂိုး ပင်နယ်တီဖြစ်သွားရင်. . . သူများကငြင်းပါမယ်. . . ဂိုးဝင်တယ်၊ မ၀င်ဘူး . . .

အဓိက က ဂိုးဝင်တာ မ၀င်တာမဟုတ်ပါဘူး .. .  ပင်နယ်တီ ပေးတာ ၊ မပေးတာပါ . . .

ဒိုင်လူကြီးဆုံးဖြတ်ချက် မှားတယ်လို့ ဆုံးဖြတ်ခဲ့ရင် . . .

ဒါပင်နယ်တီပါ . . .ဒီတော့ . .  ဒီပွဲရဲ့ အဆုံးအဖြတ်က ဘယ်လိုဖြစ်သွားမလဲ . . .

အမှတ် တစ်မှတ်ကို မလိုချင်ပါ . . . 

ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကိုသာ လိုချင်တာပါ. . . . ။

ဒီတော့ ဒိုင်လူကြီးမှားတယ်လို့ ဆိုလိုက်တော့ .. . . ဒီနောက်ဆုံးဂိုးက ပင်နယ်တီပေါ့ . . .

ပင်နယ်တီဆို ရတနာပုံတို့ မရှုံးဘူးပေါ့ . . .

ဒါကြောင့်

ရတနာပုံ သည် ရှုံးပွဲမရှိ စံချိန် တည်ရှိဆဲပါလို့ သာ . ..  . . . .

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305886

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge