MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home အားကစား ရတနာပုံ FC ရတနာပုံနဲ့ရန်ကုန်ယူနိုက်တက် ၁ရက်နေ့ ဗထူးကွင်းမှာ တွေ့မည်

ရတနာပုံနဲ့ရန်ကုန်ယူနိုက်တက် ၁ရက်နေ့ ဗထူးကွင်းမှာ တွေ့မည်

E-mail Print PDF
ရတနာပုံFC နဲ့ ရန်ကုန်ယူနိုက်တက်တို့ မနက်ဖြန် အောက်တိုဘာ ၁ရက်နေ့မှာ မန္တလေး ဗထူးကွင်းမှာ တွေ့ဆုံတော့မှာဖြစ်ပါတယ်။ ပထမအကြိမ်ဖလားလုစဉ်က အနိုင်-အရှုံးရလဒ်များကို ပြောင်းလဲဖို့ ရန်ကုန်က ကြိုးစားမှာဖြစ်သလို ရတနာပုံတို့ကလဲ အနိုင်ရရှိရေး ကစားသွားမှာဖြစ်ပါတယ်။
 
ဘယ်လိုပဲ ကစား၊ ကစား ဒီတစ်ခါ စောင့်ကြည့်ခံရမှာကတော့ မန္တလေး ပရိသတ်ကိုပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပရိသတ် အားပေးမှု ပရိုမဆန်ဘူးဆိုးပြီး ကွင်းပိတ် ဖို့ အတွက်ပါပဲ . . .
 
ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးသားများအဖို့ မိမိအသင်းဖြစ်စေ . . . မိမိအသင်းမဟုတ်သည်ဖြစ်စေ ဆုံးဖြတ်ချက်မှားယွင်းစွာနဲ့ အရှုံး ဖြစ်ခဲ့ရရင် . . .
ဆူပွက်ကြမှာပါပဲ. . . 
မန္တလေးသားတွေ ဆူပွက်ကြတာပါ။
သောင်းကျန်းကြတာ မဟုတ်ပါဘူး. . . .
 
မှားယွင်းတယ်ဆိုတဲ့ စကားလေးနဲ့ ပြီးသွားတဲ့ ပွဲတစ်ပွဲအတွက် နှလုံးသွေးတွေ ဆူပွက်ကြတာပါ . . .
 
အခု ရန်ကုန်နဲ့ပွဲမှာတော့ နိုင်သည်ဖြစ်စေ . . .
ရှုံးသည်ဖြစ်စေ . . .
 
မန္တလေးသားတို့ တည်တည် ငြိမ်ငြိမ်
ညီညီညွတ်ညွတ် အားပေးကြမှာပါ။
 
ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ ဒိုင်အဖွဲ့က ပထမတစ်ခါလို အမှားလုပ်မယ်မထင်တော့လို့ပါ . . .
အမှားလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်မိလို့ပါ . . .
 
တကယ်လို့များ အမှားလုပ်ခဲ့ပြန်ရင်တော့ မန္တလေးသားတွေ ထပ်ပြီး သောင်းကျန်းတယ် အပြောခံရဦးမှာပေါ့ဗျာ . . . .
 
 
ဘာကြောင့်ဖြစ်ဖြစ် မန္တလေးသား၊ မန္တလေးသူတို့ကို တောင်းဆိုရမှာကတော့ . . . 
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျေကျေနပ်နပ်လက်ခံပြီး . . .
နိုင်ရင်လဲ အောင်ပွဲ တအားခံပြီး တစ်ဖက်ပရိသတ်ကို မစော်ကားမိပါစေနဲ့ . . . 
ရှုံးခဲ့ရင်လဲ ပြုံးပြုံးလေးနဲ့ မင်းတို့ ခြေစွမ်းထက်လို့ နိုင်တာပဲလို့ ပြောနိုင်ပါစေ . . . .
 
 
ခြေစွမ်းနဲ့နိုင်တာမဟုတ်ဘဲ . . . အရင်တစ်ပွဲလို . . . သာ . . နိုင်သွားတယ်ဆိုရင်တော့ . . . . . . . . .
 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305779

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge